spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ရှိ စစ်ကော်မရှင်ကင်းပုန်းနှင့် ဂိတ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲများမှ ဆက်တိုက်တိုက်ခိုက်

    ရေးမြို့နယ်ရှိ စစ်ကော်မရှင်ကင်းပုန်းနှင့် ဂိတ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲများမှ ဆက်တိုက်တိုက်ခိုက်

    -

    မွန်ပြည်နယ် ရေးမြို့နယ်၊ နှစ်ကရင်ရွာလမ်းဆုံအနီးရှိ စစ်ကော်မရှင် ကင်းပုန်းဝပ်ရာနေရာနှင့် မော့ကနင်ကျေးရွာအနီးရှိ ဂိတ်စခန်းတစ်ခုကို တော်လှန်ရေးမဟာမိတ်ပူး‌တပ်ဖွဲ့များမှ  ဒရုန်းဖြင့်ဆက်တိုက် တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ထုတ်ပြန်ထားသည်။

    နှစ်ကရင်ရွာလမ်းဆုံအနီးရှိ ရထားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကော်မရှင်ကင်းပုန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ၎င်းအပြင် မော့ကနင်ကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ဖွဲ့၏ ကွမ်ကျိုက်ဂိတ်စခန်းကိုလည်း စက်တင်ဘာလ ၇ ရက်နေ့ နေ့လည် ၁ နာရီ ၂၀ မိနစ်ဝန်းကျင်က ဒရုန်းဖြင့် ဗုံး ၁ လုံး ကြဲချ၍ ခြောက်လှန့်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှ ဆိုသည်။

    “စက်တင်ဘာ ၇ရက်နေ့မှာ ကျမတို့ တော်‌လှန်ရေးပူပေါင်းတပ်ဖွဲ့က ရေးမြို့နယ် ကွမ်ကျိုက်ဂိတ်စခန်းကို ဗုံး၁ လုံး ကြဲခဲ့တယ်။ အဲဒါက သူတို့ကြောက်အောင်လုပ်ဖို့အတွက်ပေါ့နော်။ ပြီးတော့ ၁၃ ရက်နေ့က နှစ်ကရင်လမ်းဆုံအနီးမှာ ဗုံး ၂ လုံးကြဲခဲ့တယ်။ သတင်းရထားတာက ခွေးတွေ သေတာရှိတယ်။”ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ပြောရေးဆိုခွင်ရှိသူ မိတလညဏ်က ပြောသည်။

    ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး ရန်သူစစ်ကော်မရှင်တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ကြောင်းနှင့် အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း မိတလညဏ်က ဆက်ပြောသည်။

    တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့အတွင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နှင့် ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ်တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည်။

    စစ်ကော်မရှင်ဂိတ်စခန်းများ ဗုံးကြဲခံလိုက်ရခြင်းကြောင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုအပြင် အင်းအားအပြည့်ဖြင့် ရွာအတွင်းရွာအပြင် ကင်းလှည့်သွားလာလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ရေးဒေသခံတစ်ဦးက ပြောသည်။

    “နှစ်ကရင်မှာဆို စစ်ကော်မရှင်တွေ အင်အားအများကြီးရှိတယ်။ ရွာအတွင်းရော ရွာအပြင်ရောပဲ အခုတလော သူတို့သွားလာလှုပ်ရှားနေတာ ညဘက်ဆို ဘယ်သူမှ အပြင်မထွက်ရဲကြဘူး။ တစ်ရွာနဲ့တစ်ရွာရော လမ်းကြားမှာဆိုလဲ သူတို့ချည်းပဲရှိနေတာ။ ဟို့နေ့ကဆို ကားနှစ်စီးမှာ စစ်သားအပြည့်နဲ့ သူတို့ကင်းလှည့်‌နေတာ ညဘက်ဆိုလဲ သူတို့ လက်နက်ကြီးတွေ ရမ်းသမ်းပြီး ပစ်နေတာ” ဟု ‌ပြောသည်။

    ရေးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာချင်ဆက်လမ်းများတွင် ယခုရက်ပိုင်းအတွင်း စစ်ကော်မရှင်အဖွဲ့မှ ကင်းပုန်းဝပ်စောင့်ဆိုင်းရာနေရာများ တိုးလာပြီး လမ်းသွားလမ်းလာ ဒေသခံအချို့ကိုလည်း စစ်ဆေးမေးမြန်းမှု မကြာခဏ လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ရေးမြိုနယ် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ ရာဘာရာသီ မေရာက်မီကာလအထိ ဥယျာဉ်ခြံများတွင် ညအိပ်ညနေမလုပ်ဆောင်ရန်၊ ခြံသွားလျှင် တစ်ရက်စာရိက္ခာသာ ယူဆောင်သွားရန်နှင့် ညပိုင်းအချိန် ရွာနှင့်ဝေးရာနေရာများတွင် ဖမ်းဆီးခံရပါက တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ကြောင်းလည်း လိုက်လံသတိပေးနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks