spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းနှစ်ကရင်ရွာတွင် ယာယီအိမ်အငှားနေထိုင်သူ အမျိုးသမီးတစ်ဦး ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲမှုကြောင့် ဖမ်းဆီးခံရ

    နှစ်ကရင်ရွာတွင် ယာယီအိမ်အငှားနေထိုင်သူ အမျိုးသမီးတစ်ဦး ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲမှုကြောင့် ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် ယာယီအိမ်အငှား နေထိုင်သူအမျိုးသမီးတစ်ဦး တစ်သောင်းတန် ငွေစက္ကူအတု ထုတ်လုပ်သုံးစွဲမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ငွေစက္ကူအတုထုတ်လုပ်သုံးစွဲနေသည့် အမျိုးသမီးကို သတင်းရရှိချက်အရ စစ်ကော်မရှင်တပ်ဖွဲ့နှင့် ရဲများက စက်တင်ဘာလ ၁၁ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

    နေအိမ်အတွင်း ကာလာပရင်တာ၊ စက္ကူအလွတ်များအပြင် ငွေစက္ကူအတုပြုလုပ်ရာ၌ အသုံးပြုသည့် ကိရိယာများနှင့် ပုံနှိပ်ထားသော ငွေစက္ကူအတုများကို စစ်ကော်မရှင်အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ လင်မယား စကားများရန်ဖြစ်ရာကနေ သူ့ယောကျာ်းက စစ်တပ်ကို သွားတိုင်လိုက်တာ။ ရဲတွေက သူ့အိမ်မှာ လာစစ်တော့မှ ပရင်တာတွေ၊ စက္ကူစာရွက်တွေ ငွေအတုတွေရော တွေ့သွားတော့ သူ့ကို ဖမ်းလိုက်တာ ” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

    ဖမ်းဆီးခံလိုက်ရသည့် အမျိုးသမီးသည့် အသက် (၂၈) နှစ်အရွယ်ဝန်းကျင်ရှိပြီး အထက်မြန်မာပြည်ဒေသမှ  ၎င်း၏ခင်ပွန်းဖြစ်သူအမျိုးသားတစ်ဦးအပြင် အိမ်အကူအမျိုးသမီးတစ်ဦးနှင့်အတူ နှစ်ကရင်ရွာတွင် ရွှေ့ပြောင်းနေထိုင်နေသည်မှာ တစ်နှစ်ပင်မပြည့်သေးကြောင်းလည်း ရွာခံများမှ သိရသည်။

    အဆိုပါ အမျိုးသမီးငှာရမ်းနေထိုင်နေသည့် နေအိမ်တွင် အထည်ဆိုင်ဖွင့်လှစ်ထားကြောင်း၊ အထည်များကို ငွေစက္ကူအတုများဖြင့် ဝယ်ယူထားခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံအမျိုးသားက ဆက်ပြောသည်။

    ဖမ်းဆီးခံရသည့် အမျိုးသမီးသည် အခြားအဖွဲ့အစည်းနှင့်အတူ ငွေစက္ကူအတုများကို ထုတ်လုပ်သုံးစွဲနေခြင်းဖြစ်နိုင်သဖြင့် ပတ်သက်ဆက်နွယ်သူများကိုလည်း လိုက်လံစုံစမ်းနေကြောင်း အထက်ပါ ရေးဒေသခံက ဆိုသည်။

    “ ဒီအလုပ်က သူ့တစ်ယောက်ထဲ လုပ်တာ မဟုတ်ဘူး။ အဖွဲ့လိုက်လုပ်တာ ဖြစ်နိုင်တယ်။ ဘာလို့ဆို သူ့အိမ်ကို သူဌေးတွေ ကားနဲ့သွားတဲ့သူတွေရှိနေတယ် နေတိုင်းတော့ မဟုတ်ဘူး သုံးလေးရက်တစ်ခါ အဲလိုသွားနေတယ်။ ငွေကိုအတုတွေကိုလည်း ဘယ်လိုလုပ်တာလဲတော့ မသိဘူး။ ” ဟု ပြောသည်။

    ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး နှစ်ကရင်ရွာတွင်ယာယီနေထိုင်ခဲ့သူ အမျိုးသမီးကို ရေးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

    ငွေစက္ကူအတုများဖြင့် ဝယ်ယူသုံးစွဲခြင်းများ လုပ်ဆောင်ထားသည်ဟု သိရသည့်အတွက် ဒေသခံများအနေဖြင့် ငွေကြေးများ ဆုံးရှုံးရမည်ကို  စိုးရိမ်နေကြသည်။

    စစ်တပ်မှ အာဏာသိမ်းယူခဲ့သည့်ကာလအတွင်း ငွေစက္ကူအတုရောင်းဝယ်ရေး Page များ အွန်လိုင်းတွင် တွင်တွင်ကျယ်ကျယ်ရှိလာပြီး အရေးယူမှုလည်း အားနည်းနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks