spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရပြီး ၁၈ ဦးသေဆုံး၊ ၂၀ ဦးကျော် ဒဏ်ရာရ

    ကျောက်တော် ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရပြီး ၁၈ ဦးသေဆုံး၊ ၂၀ ဦးကျော် ဒဏ်ရာရ

    -

    အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁၈ ဦး သေဆုံးကာ၊ ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

    ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်က သရက်တပင်ကျေးရွာထဲကို လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက် ကြဲချခဲ့သည်။

    စစ်ကော်မရှင်တပ် လေကြောင်းဖြင့် ကြဲချသည့် ပေါင် ၅၀၀ ဗုံးသည် သရက်တပင်ကျေးရွာရှိ ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်တွင် ကျရောက်ပေါက်ကွဲခဲ့သည်။

    ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ/ကျောင်းသားများနှင့် အနီးအနားရှိ ကလေးငယ်တချို့အပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးပြီး ၂၀ ဦးကျော် ပြင်းထန် ဒဏ်ရာ ရရှိခဲ့သည်ဟု AA က ဆိုသည်။

    လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုသည် ကနဦးရရှိသည့် သတင်းများသာဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကို ထပ်မံထုတ်ပြန်ပေးသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks