spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းNUCC မှ တိုက်တွန်းသည့် CDM များအား အကာအကွယ်ပေးရေး အကြံပြုချက်များ လက်တွေ့တွင် မထိရောက်ဟုဆို

    NUCC မှ တိုက်တွန်းသည့် CDM များအား အကာအကွယ်ပေးရေး အကြံပြုချက်များ လက်တွေ့တွင် မထိရောက်ဟုဆို

    -

    အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC မှ CDM နိုင်ငံဝန်ထမ်းများအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အကြံပြုတိုက်တွန်းချက်များသည် လက်တွေ့တွင် မထိရောက်ကြောင်း CDM ဝန်ထမ်းများက ထောက်ပြပြောဆိုသည်။

    အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် CDM ဝန်ထမ်းများအတွက် အကာအကွယ်ပေးရေးဆိုင်ရာ အကြံပြုချက် ၉ ချက်ကို တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများမှ အလေးထားဆောင်ရွက်ပေးရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ စက်တင်ဘာ ၈ ရက်တွင် တိုက်တွန်းထားသည်။

    စစ်အာဏာသိမ်း လေးနှစ်တာကာလအတွင်း ပြည်တွင်းပြည်ပတွင်ရှိနေသည့် CDM ဝန်ထမ်းများ၏ဘဝသည် မတည်မငြိမ်ဖြစ်နေပြီး  စားဝတ်နေရေးနှင့် ဘဝလုံခြုံရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

    အကူအညီတစ်စုံတစ်ရာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ စာထုတ်ပြန်ရုံသက်သက်ဖြင့်သာ တိုက်တွန်းနေခြင်းသည် အကူအညီလိုအပ်နေသည့်  CDM ဝန်ထမ်းများအတွက် လက်တွေ့တွင် မထိရောက်ကြောင်း CDM ဆရာမတစ်ဦးက ပြောသည်။

    “ ဒီကာလမှာစာတွေဘဲထုတ်ပြီး ဘာမှလည်းထိရောက်မနေဘူး၊ အခုစာထုတ်နေတဲ့သူတွေရော တကယ်ဖြစ်လာရင် ဘယ်သူက ကာကွယ် ပေးနိုင်လို့လဲ သူတို့ကစာပဲထုတ်ပြီးကာကွယ်ပေးနေတော အမတို့တစ်ယောက်ချင်းအတွက် ဘာမှမလုပ်ပေးပါဘူး။ ပြည်တွင်းမှာဆိုပိုဆိုး၊ အကုန်ကြောက်နေရတာ သူတို့ကနေရာပြောင်း နေကြရတယ် ” ဟုပြောသည်။

    ပြည်တွင်း၌ ကျန်ရှိနေသည့် CDM ဝန်ထမ်းအများစုသည်  စောင့်ကြည့်ခံနေရသည့် အခြေအနေများကြောင့် နေရာအတည်တကျ မနေထိုင်နိုင်ဘဲ မကြာခဏ ရွှေ့ပြောင်းနေရသဖြင့် စားဝတ်နေရေးအပြင် ရွှေ့ပြောင်းသွားလာရေးအတွက်ပါ အခက်အခဲရှိနေကြောင်း ဆက်ပြောသည်။

    ထို့ကြောင့် အထောက်အပံ့ရရှိမှုမရှိသည့်အတွက် ကျရာလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် ဖြေရှင်းနေရကြောင်း၊ မြေပြင်တွင် အကောင်အထည်ဖော်ပေးခြင်းမရှိသည့် အကြံပြုချက် တိုက်တွန်းချက်များသည် CDM မျာအတွက် အကူအညီမဖြစ်ဟု အခြား CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

    “ထောက်ပံ့ကြေးတောင် နပ်မမှန်တာ၊ အချို့ကျူရှင်သင်ကြ၊ ဈေးရောင်းကြအဆင်ပြေအောင် ရပ်တည် ကြရတာပဲ၊ အရင်ကတော့ရတာရှိတယ် ပြည်တွင်းတွေမှာလည်း ကျမတို့ကမရတာနှစ်နဲ့ချီနေပြီး ”ဟု ပြောသည်။

    နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ မိမိတို့၏အလုပ်အကိုင်၊ မိသားစု၏ဘဝရပ်တည်မှု၊ လုံခြုံမှုနှင့် လွတ်လပ်စွာရှင်သန်နေထိုင်ခွင့်တို့ကိုစွန့်လွှတ်၍ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကို CDM ဝန်ထမ်းများက ယနေ့တိုင် နေရာအသီးသီးတွင် ကျရာတာဝန်များကိုထမ်းဆောင်နေဆဲဖြစ်သည်။

    အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်နေစဉ်ကာလအတွင်း အဖမ်းဆီးမခံရရန် အိမ်နီးချင်းထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်ခိုလှုံကြသူများသည် တက္ကသိုလ်ကျောင်းဆရာ၊ ရုံဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ ဆရာဝန်များ စသဖြင့် နယ်ပယ်အစုံ၊ ကဏ္ဍအစုံပါဝင်ကြသည်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် လုပ်ငန်းခွင်မှ ထွက်လာသူ CDM ဝန်ထမ်းနှစ်သိမ်းခန့်ရှိကြောင်း သတင်းဌာနများ CDM အခွင့်အရေး ဆောင်ရွက်နေသူများက ခန့်မှန်းတွက်ဆထားကြသည်။

    အရပ်သားများကို နေ့စဉ်ဖမ်းဆီး၊ သတ်ဖြတ်နေသည့် စစ်ကော်မရှင်ဘက်မှလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် ပါဝင်နေသည့် ဝန်ထမ်းများ လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် မကြာခဏ ကမ်းလှမ်းမှုလုပ်ဆောင်နေသော်လည်း အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင်ပါဝင်နေသည့် CDM ဝန်ထမ်းများ စိတ်ပါဝင်စားမှု မရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks