spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဧရာဝတီတိုင်းနှင့် ပဲခူးရိုးမအစပ်တွင် တိုက်ပွဲများ ပြင်းထန်နေ

    ဧရာဝတီတိုင်းနှင့် ပဲခူးရိုးမအစပ်တွင် တိုက်ပွဲများ ပြင်းထန်နေ

    -

    ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနယ်စပ်များတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။

    စစ်ကော်မရှင်ဘက်မှ အင်အားအလုံးအရင်းဖြည့်တင်းကာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေရကြောင်း AA စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    ဧရာဝတီတိုင်း-ရခိုင်အစပ် စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက် နေရာများ၊ ပဲခူးတိုင်း-ရခိုင်အစပ် ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက် နေရာများနှင့် ရိုးတောင်အစပ် နေရာများတွင် စစ်ကော်မရှင် စစ်ကြောင်းများနှင့် AA ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားနေသည်။

    စစ်​ကော်ရှင် စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် အတင်းအဓမ္မ စုဆောင်းခံထားရသည့် စစ်မှုထမ်းတပ်သားများဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများက ဆက်တိုက် ထိုးစစ်ဆင်လျက်ရှိသည်။

    စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက “AA က ရခိုင်ပြည်ရဲ့ ပြင်ပကို ကျော်လာပြီး တိုက်တယ်ဆိုတာက ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း ဒါတွေက ရခိုင်ကိုဝင်မယ့် အပေါက်တွေ၊ တံတိုင်းတွေလို့လည်း ပြောလို့ရတယ်။ ဒါကို စစ်တပ်ကလည်း သိလို့ ဒီနေရာတွေကို အတင်းပြန်တိုက်နေတာ” ဟု ပြောသည်။

    စက်တင်ဘာလ ၄ ရက်နေ့က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ၆၀ ကျော်သေဆုံးကာ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်းလည်း AA က ဆိုသည်။

    ၎င်းပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၁၀ ဦး သေဆုံးကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ဟု ဆိုသည်။

    စစ်ကော်မရှင်၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်း ခံခဲ့ရသူများအနေဖြင့် လက်နက်ချ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks