spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်တပ်ဆန့်ကျင်သူများကို PSMS စနစ်ဖြင့် ရှာဖွေဖမ်းဆီးနေ

    စစ်တပ်ဆန့်ကျင်သူများကို PSMS စနစ်ဖြင့် ရှာဖွေဖမ်းဆီးနေ

    -

    စစ်ကော်မရှင်က အရပ်သားစောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲမှု PSMS စနစ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်သူများကို ရှာဖွေဖမ်းဆီးနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

    PSMS စနစ်သည် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို အဆင့်မြင့် ဉာဏ်ရည်မြင့်စနစ် AI၊ CCTV စောင့်ကြည့်စနစ်များဖြင့် ပေါင်းစပ်ကာ လူတစ်ဦးချင်းစီကို စောင့်ကြည့်သည့်စနစ် ဖြစ်သည်။

    နည်းပညာကျွမ်းကျင်သူများ၏ ပြောပြချက်အရ PSMS စနစ်တွင် လူတစ်ဦးချင်း ကိုင်ဆောင်သည့် ဖုန်းနံပါတ်၊ ဘဏ်အကောင့် စသည်တို့အထိကို မှတ်တမ်းတင်ထားပြီး အဝင်အထွက်များကိုပါ စောင့်ကြည့်နိုင်ကြောင်းသည်။

    အဆိုပါ နည်းစနစ်များဖြင့် မြို့ပြတွင် ရောနှောနေထိုင်နေသော တော်လှန်ရေးအင်အားစုများအား ခြေရာခံ ဖမ်းဆီးနေကြောင်း သိရသည်။

    Photo : ၂၀၂၁ ခုနှစ်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ လူထုကို စစ်ကောင်စီတပ်က ဖမ်းဆီးသည့်ပုံ (#Crd_Social Media)

    စစ်ပြေး၊ ရဲပြေး၊ တရားခံပြေးနှင့် တော်လှန်ရေးအင်အားစုများကို ဖမ်းဆီးရန် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသို့ သြဂုတ်လအတွင်း အကြောင်းကြားထားသည့် အမိန့်စာအရ အဆိုပါ စနစ်အား အမှန်တကယ် အသုံးပြုနေကြောင်း သိရသည်။

    သို့ရာတွင် မန္တလေးတိုင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မတ်လမှ ဧပြီလအတွင်း PSMS စနစ်ဖြင့် လူပေါင်း ၁၆၅၀ ခန့်ကို ဖမ်းဆီးနိုင်ခဲ့ဟု ထုတ်ပြန်ချက်ကြောင့် အဆိုပါစနစ်အား ၂၀၂၅ ခုနှစ်မှ စတင်အသုံးပြုနေကြောင်း နားလည်ရသည်။

    CDM အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းဖြစ်သူ ကိုကောင်းနိုင်ဦးက “အဲဒီစနစ်လားဆိုတာတော့ အကိုသေချာမသိဘူး။ ဧပြီလတုန်းက အကိုလာတော့ အဲဒီတုန်းကတော့ စမတ်ကဒ်ပေါ့ စမတ်ကဒ်ကို စကန်ဖတ်လိုက်တာ။ ဖြစ်တာက တာချီလိတ် တံတားမှာပဲ။ မင်းက ပြည်ပထွက်လို့မရဘူးလို့ လဝက က လူကပြောတယ်။ စမတ်ကဒ်က နံပါတ်ကို ကွန်ပျူတာထဲမှာ ရိုက်ထည့်တော့ အဲ့လိုပေါ်နေတာတဲ့။ သူအကို့ကိုလည်းပြတယ်။ Black List ဆိုတာမျိုးနဲ့ ပေါ်တယ်။ သူကတော့ မဖမ်းလိုက်ဘူး အပြင်ကိုပဲ ပေးမထွက်တာ။” ဟု ၎င်းကြုံတွေ့ခဲ့ရသည်ကို ပြောပြသည်။

    အစိုးရတရပ်အနေဖြင့် ထိုကဲ့သို့ စောင့်ကြည့်သည်မှာ ရာဇဝတ်သားများကို ဖမ်းဆီးရန်ဖြစ်သော်လည်း စစ်တပ်ကမူ ၎င်းအားဆန့်ကျင်သူများကို ဖိနှိပ်ရန် အသုံးချနေခြင်း ဖြစ်သည်။

    မန္တလေး သပိတ်အင်အားစုမှာ ဦးဆောင် ပါဝင်သူတဦးဖြစ်သည့် မဝေက “ငလျင်တုန်းက တော်လှန်ရေးအဖွဲ့တွေ တော်တော်လေး မြို့ထဲထိ ဝင်ပြီး ကူကြ ဘာကြ ရှိခဲ့တယ်။ အဲ့တာကို စခတွေ သိကြတယ်ရှင့်။ ကလေးတွေကို ပုံမှန်ဆိုရင် အောက်ခြေက စခအဖွဲ့တွေက ဘယ်သူက ဘာဆိုတာမသိဘူး။ အဲဒီစနစ်ပေါ်လာတော့ မှတ်ပုံတင် နံပါတ်ရိုက်ထည့်ရင်တောင် မသင်္ကာစရာတွေ ဖြစ်လာတာတွေရှိတယ်။ ဥပမာ သူက ပြည်ပထွက်တာမျိုးလည်း မရှိဘူး။ အိမ်မှာ လည်းမရှိဘူး ဧည့်စာရင်းတိုင်ထားတာမျိုးလည်း မရှိတာမျိုးပေါ့။ မှတ်မိလားမသိဘူး။ နောက်ဆုံးတစ်ခေါက် သန်းခေါင်စာရင်း လိုက်ကောက်တုန်းက အဲဒီအချက်တွေ ထည့်မေးတယ်လေ။ ကျွန်မတို့အနေနဲ့ကတော့ အခုချိန်ထိလည်း ဆက်တော်လှန်နေတယ်။ တစ်ဘက်မှာလည်း လုံခြုံရေးကို ပိုပြီး ဂရုစိုက်လာရတယ်။” ဟု ရှင်းပြသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်က ၎င်းတို့ ထိန်းချုပ်ထားသည့် မြို့များ၊ ရွာများတွင် CCTV များ ပိုမိုတပ်ဆင်လာသည်ကို ဒေသခံများက သတိထားမိကြောင်း ဆိုကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks