Friday, April 3, 2026
More
    spot_img
    Homeသတင်းရေးဒေသခံများကို ဥယျာဉ်ခြံအတွင်း ညမအိပ်ရန် စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ လိုက်လံသတိပေး

    ရေးဒေသခံများကို ဥယျာဉ်ခြံအတွင်း ညမအိပ်ရန် စစ်ကော်မရှင် ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ လိုက်လံသတိပေး

    -

    မွန်ပြည်နယ်၊ ရေးမြိုနယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးများမှ ဒေသခံပြည်သူများကို ဥယျာဉ်ခြံအတွင်း ညမအိပ်ကြရန် လိုက်လံသတိပေးနေကြောင်း ရေးဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

    စက်တင်ဘာလဆန်းရက်မှစ၍ ရာဘာရာသီ မရာက်မီကာလအထိ ဥယျာဉ်ခြံများတွင် ညအိပ်ညနေမလုပ်ဆောင်ရန်၊ ခြံသွားလျှင် တစ်ရက်စာရိက္ခာသာ ယူဆောင်သွားရန်နှင့် ညပိုင်းအချိန် ရွာနှင့်ဝေးရာနေရာများတွင် ဖမ်းဆီးခံရပါက တာဝန်ယူဆောင်ရွက်ပေးမည်မဟုတ်ဟု ပြောဆိုနေကြောင်း ရေး‌ဒေသခံများက ဆိုသည်။

    အာယုတောင်အပါအဝင် အနီးတစ်ဝိုက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးများက လူစုလူဝေးရှိသည့် ဘုန်းကြီးကျောင်းများသို့ ဥပုသ်နေ့တိုင်း ဒေသခံများကို လိုက်လံသတိပေးနေသည်ဟု သိရသည်။

    “အုပ်ချုပ်ရေးမှူးက သူတို့ပြောထားတယ် ခြံသွားရင် နေ့ချင်းပြန်သွားရမယ် ညမပေးအိပ်ဘူး။ ဆန်လဲ တစ်နေ့စာအတွက်ပဲယူသွားလို့ရတယ်၊ ပြီးတော့ ရွာအပြင်မှာ ဖမ်းဆီးခံရမယ်ဆိုရင် သူတို့တာန်ဝန်မယူပေးဘူး။ ရွာအတွင်းမှာဆို သူတို့တတ်နိုင်သလောက် ဖြေရှင်းပေးမယ်တဲ့၊ နောက်တစ်ခုက ညဘက်ဆို ရွာအထဲမှာ သွားလာခွင့်ပြုထားတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

    ရာဘာရာသီမရောက်ရှိသေးသော်လည်း ဒေသခံခြံလုပ်သားများ ခြံရှင်းလင်းပြင်ဆင်နေကြပြီးဖြစ်သဖြင့် အုပ်ချုပ်ရေးမှူးများမှ ယခုကဲ့သို့ သတိပေးနေလာသည့်အပေါ်  စိုးရိမ်စိတ်အမျိုးမျိုးဖြစ်လာနေကြောင်း ဆက်ပြောသည်။

    သို့သော် လာမည့်ရာဘာရာသီတွင် ရာဘာလုပ်ငန်းလုပ်ကိုင်သူများ ညအိပ်ညနေ လုပ်ကိုင်နိုင်ရန်စီစဉ်ပေးမည်ဟု စစ်ကော်မရှင် အုပ်ချုပ်ရေးမှုးများက ပြောဆိုထားကြောင်း သိရသည်။

    လက်ရှိတွင် စစ်ကော်မရှင်တပ်ဖွဲ့များမှ ဥယျာဉ်ခြံနှင့် ရေး-ထားဝယ် ကားလမ်းမအနောက်ရှိ ရွာချင်းဆက်လမ်းတို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်အပြင် လျှို့ဝှက်ကင်းပုန်းချ၍ တိတ်တဆိတ်လှုပ်ရှားနေသည်ဟုလည်း ဆိုသည်။

     “ အခုတလောက သူတို့စစ်ဆေးတာလဲ မလုပ်ဘူး။ ဒါပေမဲ့ လမ်း‌တွေမှာဆို လျှို့ဝှက်ပြီးတော့ ကင်းပုန်းချနေတာရှိတယ်။ အဲ့ကြောင့်မို့ အချိန်မရွေး တိုက်ပွဲပဲဖြစ်လာနိုင်မလားပေါ့။ နောက်တစ်ချက်က ဖမ်းဆီးတဲ့အကြောင်းလဲ ပြောတယ် ညဘက်သွားလာတာကိုလဲ ခွင့်ပြုထားတယ် လူကိုပဲပစ်မှတ်ပြီးဖမ်းဆီးချင်တာလား အကုန်လုံးက စိုးရိမ်းနေရတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်မှ ရေးမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းထားပြီး ညမထွက်ရအမိန့်ကို ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ဖြေလျှော့ပေးခဲ့သော်လည်း  ခြံလုပ်ငန်းလုပ်ကိုင်သူများနှင့် ဒေသခံအချို့ဖမ်းဆီးခံရမှုများ ရှိနေဆဲဖြစ်သည်။

    ရေးဒေသခံအများစုတို့သည် ရာဘာနှင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး လုံခြုံရေးအခြေအနေနှင့် အလုပ်သမားရှားပါးမှုကြောင့် စစ်အာဏာသိမ်းပြီးနောက် ဒေသထွက်အသီးအနှံများ၊ ထုတ်ကုန်များ သိသိသာသာ လျော့ကျလာခဲ့သည်။

    ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာခြင်းကြောင့် စစ်ကော်မရှင်မှ မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေဖြင့် နယ်မြေစိုးမိုးမှုကိစ္စအပြင် စစ်ရေးကိစ္စ ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့ သုံးသပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks