spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမြန်မာဒုက္ခသည်များကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ တရားဝင်အလုပ်လုပ်ခွင့်ပြု

    မြန်မာဒုက္ခသည်များကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ တရားဝင်အလုပ်လုပ်ခွင့်ပြု

    -

    မြန်မာဒုက္ခသည်များကို လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ သက်ဆိုင်ရာလုပ်ငန်းခွင်အတွင်း တရားဝင်အလုပ်လုပ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းပြည်ထဲရေးဌာနမှ ဒုတိယဝန်ကြီး သီရရတ်ဆမ်ရက်ဝါနစ်(Theerarat Samrejvanich)က စက်တင်ဘာ ၉ ရက်နေ့ ယမန်နေ့က ကြေညာခဲ့သည်။

    ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က ပြုလုပ်သည့် ကက်ဘိနက်အဖွဲ့ အစည်းအဝေးတွင် ထိုင်းအစိုးရဘက်မှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး မယ်ဟောင်ဆောင်၊ တက်ခ်၊ ကန်ချနာဘူရီနှင့် ရာချဘူရီ စသည့်ပြည်နယ် ၄ ခုရှိ ယာယီဒုက္ခသည်စခန်း ၉ ခုမှ မြန်မာဒုက္ခသည်များအတွက် အကျုံးဝင်မည်ဖြစ်သည်။

    တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရန် မြန်မာဒုက္ခသည်များကို သက်တမ်း ၁ နှစ်ထက်မပိုသည့် အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ပေးသွားမည်ဖြစ်ပြီး၊ အဆိုပါလက်မှတ်ရရှိသူမည်သူမဆို ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားအလုပ်သမားများအတွက် ခွင့်ပြုထားသည့် ကဏ္ဍများအားလုံး၌ အလုပ်လုပ်နိုင်သည်ဟု ဆိုသည်။

    အလုပ်လုပ်ခွင့်ရရန်အတွက် မြန်မာဒုက္ခသည်များအနေဖြင့်လည်း မိမိနေထိုင်ရာစခန်းထိန်းချုပ်မှုမှ ထွက်ခွာခွင့်လျှောက်လွှာနှင့် အလုပ်လုပ်ခွင့်လျှောက်လွှာတို့ တင်ပြရန်လိုအပ်ပြီး၊ ကျန်းမာရေးအာမခံအထောက်အထားများအပါအဝင် သက်ဆိုင်ရာစာရွက်စာတမ်းများကိုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကို တင်ပြရမည်ဟု အလုပ်သမားဝန်ကြီး ဖွန်ကဝင် ချွန်ဂရူအန်ကစ် (Phongkwin Chungruangkit)က ဆိုသည်။

    ဥပဒေအရ သတ်မှတ်ထားသည့် လျှောက်လွှာကြေးနှင့် အလုပ်လုပ်ခွင့်ကြေးများကိုပေးဆောင်ရမည်ဖြစ်သော်လည်း၊ ပထမဆုံးအကြိမ်အဖြစ် လျှောက်ထားသူများအတွက် အခကြေးငွေ ကင်းလွတ်ခွင့်ပေးသွားမည်ဟု သိရသည်။

    ထို့ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ ခုအတွင်း ဒုက္ခသည်စုစုပေါင်း ရှစ်သောင်းကျော်ရှိသည့်အနက် လေးသောင်းနှစ်ထောင်ခန့်ကို ကနဦးအနေဖြင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

    ထိုင်းအလုပ်အကိုင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ထိုင်းနိုင်ငံတွင် တရားဝင် ခွင့်ပြုထားသည့် နိုင်ငံခြားအလုပ်သမား လေးသန်းကျော်ရှိပြီး၊ ထိုအထဲတွင် မြန်မာရွေ့ပြောင်းလုပ်သား နှစ်သန်းကျော်ရှိနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks