Friday, April 3, 2026
More
    spot_img
    Homeသတင်းမြဝတီ‌မြို့ တောင်ဘက်ဒေသသို့ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

    မြဝတီ‌မြို့ တောင်ဘက်ဒေသသို့ စစ်ကော်မရှင်ဘက်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ လေးကေ့ကော်မြို့အနီးတစ်ဝိုက်တွင် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေကြောင်းဖြင့်လည်း ဗုံးကြဲတိုက်ခိုက်နေသည်ဟု မြေပြင်ရောက် တော်လှန်ရေးသတင်းအမြစ်များက IMNA ကို ပြောသည်။

    အထူးသဖြင့် မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်း၊ သင်္ဃန်းညီနောင် အခြေစိုက်ခြေမြန်တပ်ရင်း ခမရ-၃၅၅ နှင့် ခမရ ၃၅၆ တပ်ရင်းတို့မှ အာရှလမ်းပိုင်းပြည်လည်ထိန်းချုပ်နိုင်ခဲ့သည့်နောက် စစ်ကော်မရှင်မှ အဆိုပါဒေသဘက်သို့ လက်နက်ကြီးအပြင် လေကြောင်းဖြင့်လည်း တိုက်ခိုက်နေသည်ဟု မြေပြင်ရောက်တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

    “ဘယ်မြို့ကိုအဓိကထား တိုက်ခိုက်ချင်နေတာလဲဆိုတာ ကျနော်တို့အတိအကျတော့မသိဘူး။ စိတ်ပေါက်ရင်ပေါက်သလို သူတို့ရမ်းပစ်နေတာပဲလေ။ ဒီတစ်ရက်နှစ်ရက်တွင်း လေးကေ့ကော်ဘက် ခဏ ခဏပစ်တယ်။ အခြားကျေးရွာတွေဘက်တော့ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေတယ်” ဟု ၎င်းက ပြောသည်။

    စစ်ကော်မရှင်တပ်တို့က ယခုရက်ပိုင်းအတွင်း လေးကေ့ကော်မြို့အနီးရှိ ရသေ့ဂူကျေးရွာအနီးတွင် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချခဲ့သည့်အပြင် လေးကေ့ကော်ဆေးရုံကိုလည်း ကာမီကာဇယ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသအတင်းအရင်းအမြစ်များအရ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ကလည်း မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းမှတစ်ဆင့် လက်ခတ်တောင်ခြေဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သေးသည်။

    အဆိုပါအခြေအနေကြောင့် မြဝတီမြို့တောင်ဘက်ခြမ်းရှိ လေးကေ့ကော်၊ မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံရွာတို့မှ ဒေသခံရာနှင့်ချီ ထွက်ပြေးတမ်းရှောင်နေရသည်။

    “အခုလက်ရှိ မြဝတီမြို့ထဲလည်း သူတို့(စစ်ကော်မရှင်) နည်းနည်းပါးပါးရောက်လာကြပြီး။ မြို့ထဲမှာ အထိုင်ပြန်ချနေကြတယ်။ သူတို့ရှိနေတဲ့နေရာ သူတို့အထိုင်ချထားတဲ့နေရာတွေဆို လမ်းတွေအကုန် ပိတ်ထားတယ်”ဟု အထက်ပါ သတင်းအရင်းမြစ်က ဆက်ပြောသည်။

    ၎င်းအပြင် မြဝတီမြို့အထွက်ရှိ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာတို့တွင်လည်း BGF နှင့် DKBA တို့က ထိန်းချုပ်ထားပြီး အင်အားအလုံးအရင်းဖြင့် စခန်းချ၊ ဂိတ်ချကာ နေထိုင်နေကြသည်။

    စစ်ကော်မရှင်တပ်တို့က မြဝတီ-အာရှလမ်းမကြီးကို ပြန်လည် ထိန်းချုပ်လိုက်သည် နှင့်တစ်ပြိုင်နက် မြဝတီမြို့အပါအဝင် အဆိုပါဒေသဘက်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းလာခြင်းဖြစ်သည်ဟု တော်လှန်ရေးရဲဘော်တို့က သုံးသပ်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks