spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီအဖွဲ့မှ ရေးမြို့နယ်မြောက်ပိုင်းသို့  နေ့စဥ်စစ်ကြောင်းထိုးပြီး ခံစစ်ပြင်ဆင်မှုလုပ်ဆောင်

    စစ်ကောင်စီအဖွဲ့မှ ရေးမြို့နယ်မြောက်ပိုင်းသို့  နေ့စဥ်စစ်ကြောင်းထိုးပြီး ခံစစ်ပြင်ဆင်မှုလုပ်ဆောင်

    -

    စစ်ကောင်စီတပ်တို့သည် တော်လှန်ရေးအားကောင်းသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဒေသသို့ နေ့စဉ်နီးပါး စစ်ကြောင်းထိုးပြီး ခံစစ်ပြင်ဆင်မှုလုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုတို့ထံမှ သိရသည်။

     တော်လှန်ရေးအင်အားစုများ ရွေးကောက်ပွဲအတွက် တားမြစ်ထိန်းချုပ်ထားသည့်ဒေသများကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး   ကြိုးပမ်းနေခြင်းဖြစ်သည်။

    လာမည့်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မွန်ပြည်နယ် ၅ မြို့နယ်အတွင်း ရွေးကောက်ပွဲ အပိုင်း ( ၁ ) စတင်ကျင်းပမည်ဖြစ်သဖြင့် လုံခြုံရေးတိုးချဲ့နေခြင်းဖြစ်သည်ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    “ကျွန်တော်တို့တော်လှန်ရေးအဖွဲ့ဘက်ကလည်း ရွေးကောက်ပွဲကိုတားမြစ်ဖို့၊ ဒီထိန်းချုပ်ထားတဲ့ ဒေသတွေရဲ့ လုံခြုံရေးအတွက်လည်း စစ်ကြောင်းလှုပ်ရှားမှုတွေပူးပေါင်းပြီး တိုက်ပွဲအတူဝင်သွားဖို့၊ ဆွေးနွေးထားတာရှိတယ်။ ပြီးတော့ သူတို့စစ်ကြောင်းထိုးလာတဲ့လမ်းတွေမှာ စောင့်ပြီး ကြားဖြတ် တိုက်ခိုက်နေတာရှိတယ်”ဟု  ပြောသည်။

    အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့သည့် မွန်၊ကရင်၊ တနင်္သာရီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိနေပြီး နှစ်ဖက်တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီစစ်ကြောင်းအဖွဲ့သည် အင်အားရာကျော်ရှိပြီး အထူးသဖြင့် တော်လှန်ရေး အင်အားစုတို့ သွားလာလှုပ်ရှားမှုများသည့် ရေးနှင့်သံဖြူဇရပ်အစပ်ရွာများဖြစ်သည့် နှစ်ကရင်၊ ဘေးလမိုင်း၊ အောင်သပြေစသည့် ကျေးရွာဘက်တွင် အဓိက ဝင်ရောက်လျှက်ရှိသည်။

    “နှစ်ကရင်ကျေးရွာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့တာရော၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲက Non-CDM ဆရာမသုံးဦးကို ဖမ်းဆီးခဲ့တာရော၊ အဲ့ဒါတွေကြောင့် အထက်ကနေ ဖိအားပေးခံနေရလို့ စစ်ကြောင်းထိုးလာတယ်လို့မြင်တယ်။ စစ်တပ်အနေနဲ့ကလည်း သူတို့ထိုးနိုင်သလောက် ဖိပြီးထိုးနေကြတယ်”ဟု အထက်ပါ ရဲဘော်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကလည်း ရေးမြို့နယ်မြောက်ပိုင်းရှိ အောင်သပြေကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်နှင့် မွန်-ကရင်-တနင်္သာရီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိ‌တွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။

    ရေးမြို့အဝင်အထွက် လမ်းတစ်လျှောက်တွင်လည်း ပြီးခဲ့သည့် မေလဆန်းပိုင်းမှစ၍ လုံခြုံရေးဆက်တိုက်တင်းကြပ်ထား ပြီး လူအခွင့်အရေးချိုးဖောက်မှုတို့ကို လုပ်ဆောင်နေကြောင်း ရေးဒေသခံတို့ ပြောကြားချက်အရ သိရသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီအမှတ် ( ၁၉ ) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၁၉ လက်အောက်တပ်စခန်းများဖြစ်သည့် ခြေမြန်တပ်ရင် ခမရ-၅၈၆၊ ခြေလျှင်တပ်ရင်း ခလရ-၆၁ တပ်ရင်းရှေ့တို့တွင် အုတ်ပုံခဲများဖြင့် အကာအကွယ်ဆောက်လုပ် ပြင်ဆင်နေကြောင်း သိရသည်။

    ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာခြင်းကြောင့် စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေဖြင့် နယ်မြေစိုးမိုးမှုကိစ္စအပြင် စစ်ရေးကိစ္စ ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့ သုံးသပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks