spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမရမ်းချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများကို တိမ်းရှောင်ခွင့်မပြု

    မရမ်းချောင်းရွာအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်သားများက ဒေသခံများကို တိမ်းရှောင်ခွင့်မပြု

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မရမ်းချောင်းကျေးရွာ၌ ဝင်ရောက်တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် ဒေသခံများကို တိမ်းရှောင်ခွင့်မပြုဘဲ ရွာသားများကို အကာကွယ်အနေဖြင့် အသုံးပြုနေသည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လမှစ၍ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့သည့် မရမ်းချောင်းရွာတွင် လက်ရှိအခြေအနေအရ တိုက်ပွဲခပ်စိပ်စိပ် ဖြစ်ပွားလာပြီး စစ်ကောင်စီ ရေဖြူအခြေစိုက်ခလရ ၂၈၂ မှအင်အားတပ်တိုးဖြည့်တင်းနေပြီး ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

    လက်ရှိတွင်မရမ်းချောင်းရွာတွင် လှုပ်ရှားတပ်ပုံစံကဲ့သို့ စစ်ကြောင်းထိုးခြင်း၊ ဝင်ရောက်နေထိုင်ခြင်းများလုပ်ဆောင်နေပြီး ကျေးရွာအတွင်းကျန်ရှိနေသည့် ဒေသခံများကိုလည်း ရွာအပြင်ထွက်ခွာခွင့်မပြုဘဲ အကာကွယ်အနေနှင့်အသုံးပြုနေသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်သား တစ်ဦးကပြောသည်။

    “မရမ်းချောင်းမှာက သူတို့လှုပ်ရှားတပ်ပုံစံလို့ ခဏနားလိုက်စစ်ကြောင်းထိုးလိုက်ပါပဲ၊ ပိတ်မိနေတာက ဈေးဆိုင်တွေအဲ့တာရွာကလူတွေကိုလည်း သူတို့မပေးထွက်ဘူး၊ ရွာမှာကျန်တဲ့သူတွေကအနည်းစုပါပဲ ရွာထဲဝင်တဲ့သူတွေကိုလည်းသူတို့ မပေးဝင်ဘူး၊ စစ်တပ်ကရွာကလူတွေကို ကာဗာလုပ်ပြီးတော့ သောင်းကျန်းတာတွေပေါ့” ဟု ၎င်းကပြောသည်။

    အဆိုပါမရမ်းချောင်းဒေသခံများ ပြီးခဲ့သည့် သြဂုတ်လဒုတိယအပတ်မှစ၍ တိုက်ပွဲကြောင့် စတင်တိမ်းရှောင်နေသူများရှိသော်လည်း ရွာအတွင်းကျန်ရှိနေသူများ လက်ရှိတွင်ပိတ်မိနေပြီး ရွာအတွင်းသို့လည်း ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း ဆက်ပြောသည်။

    သြဂုတ်လလယ်လောက်မှစပြီး ကော့လှိုင်ရွာ၊ မရမ်းချောင်းရွာ၊ မိုင် ၆၀ ရွာနှင့်သာယာမွန်ကျေးရွာ အပါ အဝင် ဒေသခံ ၈၀၀ နီးပါးခန့် တိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီနေသူများထံမှသိရသည်။

    မွန်၊ကရင်၊ ထားဝယ်ပူးပေါင်းမဟာမိတ်တော်လှန်ရေးအဖွဲ့တို့က ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားသည့်အခြေအနေတွင် စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းလာနေပြီး၊ ခလရ ၂၈၂ တပ်ရင်း အပြင်၊ ကံပေါက်တပ်ရင်းနှင့် ကလိန်းအောင်ဘက်မှလည်း စစ်ကူများဖြည့်တင်းနေကြောင်း ဒေါနတပ်ရင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ ပြည်ထောင်စုလမ်းမကိုကျနော်တို့ ပူးပေါင်းမဟာမိတ်အဖွဲ့ တွေကထိန်းချုပ်ထားတယ်ဆိုတော့ စကစ ကပြန်ထိန်းချုပ်ဖို့ကြိုးစားလာတယ်၊ တိုက်ပွဲကတော့နေ့တိုင်းလိုလိုဖြစ်နေတယ်၊ ခလရ ၂၈၂ တပ်ရင်းနဲ့ လည်းနီးတယ်၊ စစ်ကူလာရင်ကံပေါက်ဘက်ကလာတယ် နောက်တခုက ကလိန်အောင် ဘက်က ၄၀၈၊ ၄၀၉ ၊၄၁၀ ကနေလည်းစစ်ကူလာတယ် ခလရ ၂၈၂ ကနေပြီး၊ အဓိကကတော့ မရမ်းချောင်းကိုတက်လာပြီးတော့ ၂၈၂ တပ်ရင်းကနေတိုးလာတယ်၊ အင်အားကတော့ ၁၅၀ လောက်ရှိမယ်” ဟုပြောသည်။

    မရမ်းချောင်းရွာတွင် ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် လက်ရှိတွင်လည်း ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများတွင် အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သည့် အခြေအနေများဖြစ်နေသည်ဟုလည်း တော်လှန်ရေးပူးပေါင်းတပ်များက ဆိုသည်။

    တိုက်ပွဲများကြောင့် လမ်းပိုင်းအသွားအလာခွင့် မကြာခဏကန့်သတ်နေခဲ့ရပြီး တိုက်ပွဲအခြေအနေမတည်ငြိမ်နေသည့်အတွက် အရေးပေါ်ကိစ္စတစ်စုံတစ်ရာမရှိပါက လမ်းပိုင်းအသွားအလာသတိပြုကြရန်လည်း တိုက်တွန်းထားသည်။

    ယခုသြဂုတ်လတွင် ရေဖြူမြို့နယ် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင်လည်း စစ်ရေးပိုမိုပြင်းထန်နေပြီး စစ်ကောင်စီအဖွဲ့မှ နတ်အိမ်တောင်နှင့် မလွှဲတောင်ဘက်သို့ဦးတည်ပြီး စစ်ကြောင်းလေးကြောင်း ခွဲ၍စစ်ကြောင်းထိုးနေကြောင်းသိရသည်။

    ပုံ-Mayaung Chaung Chruch

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks