spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် အောင်သ‌ပြေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး

    ရေးမြို့နယ် အောင်သ‌ပြေကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း ၊ အောင်သ‌ပြေကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့များကြား သြဂုတ်လ ၂၀  ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးသတင်ရင်းမြစ်များမှ သိရသည်။

    အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီစစ်‌ကြောင်းနှင့် တော်‌လှန်ရေးပူပေါင်းတပ်ဖွဲ့များကြား ၁၀ မိနစ်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁ ဦး သေဆုံးခဲ့သည်ဟု (YPDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။

    “‌အောင်သပြေရွာအနီးမှာ တိုက်ပွဲဖြစ်သွားတာ သူတို့(စကစ) အင်အား ၁၅၀လောက်နဲ့ စစ်ကြောင်း နှစ်ကြောင်းထွက်လာတာ၊ ကျနော်တို့က သူတို့လာတဲ့လမ်းကြောင်းမှာ အပြီးစောင့်နေတာ တိုက်ပွဲက ၁၀မိနစ်လောက်ပဲ ဖြစ်သွားတာ ရန်သူဘက်က တစ်ယောက်သေတယ် ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူး။ ရွာနဲ့နီးနေတော့ ရွာကိုထိမှာ စိုးရိမ်းလို့အခြေနေကလဲ အခုထိ မငြိမ်သေးဘူး ” ဟု ဗိုလ်ရန်နိုင်က ပြောသည်။

    အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့်( KNLA) တပ်ရင်း(၂၇) ၊ တပ်ခွဲ(၁) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

    နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ မောကနင့်အခြေစိုက် အမှတ် (၃၁၇) အမြှောက်တပ်မှ လက်နက်ကြီးဖြင့် (၆) ကြိမ်အထိ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်ရန်နိုင်က ဆက်ပြောသည်။

    ထို့အပြင် ရေးမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းများကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ မကြာခဏ ဝင်ရောက်တိုက်ခိုက်နေသဖြင့် စစ်ကောင်စီဂိတ်စခန်းတို့တွင် စစ်အင်အားများ ထပ်မံဖြည့်တင်းကာ စစ်ဆေးမှုများကိုလည်း တင်းကြပ်ထားသည်။

    ဩဂုတ်လ ဒုတိယအပတ်မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရွာအပြင်ဘက်သို့ မကြာခဏပစ်ခတ်နေသည့်အပြင် လုံခြုံရေးလည်းအထူတင်းကြပ်ထားသည်ဟု ရေးဒေသခံတို့ကဆိုသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့တွင် ရေးမြို့နယ်အခြေစိုက် စကခ-၁၉ လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်သည့် ကျောင်းရွာရှိ ခမရ-၅၉၁ ဗဟိုကင်းကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)မှ ဒရုံးဖြင့် ဗုံး ၂ လုံးကြဲချခဲ့သေးသည်။

    ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဇူလိုင်လတွင် တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks