spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းထားဝယ် တိုက်ပွဲတွင် စစ်တပ် ၂၀ ဦးထက်မနည်းသေဆုံး၊ ထောက်ပို့ကား ၈ စီး ပျက်စီး

    ထားဝယ် တိုက်ပွဲတွင် စစ်တပ် ၂၀ ဦးထက်မနည်းသေဆုံး၊ ထောက်ပို့ကား ၈ စီး ပျက်စီး

    -

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးပြီး၊ ထောက်ပို့ကား ၈ စီး ပျက်စီးကာ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွှတ်မြောက်‌ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၀) နှင့် တော်လှန်ရေး ပူပေါင်းတပ်တို့က သြဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။  

    စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့တို့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးသွားသည်ဟု KNU က ဆိုထားသည်။

    ၎င်းပြင် စစ်တပ် ထောက်ပို့ကား ၈ စီး ပျက်စီးပြီး လက်နက်ခဲယမ်းများနှင့် ရိက္ခာများလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။

    တိုက်ပွဲဖြစ်ပွားသည့် နေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

    ဓါတ်ပုံ – သိမ်းဆည်းရမိသော စစ်ကောင်စီ ယာဉ်တန်းမှ ပစ္စည်းများ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks