spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းပျက်စီးသွားသည့်မိုးစပါးများအစား ဆီထွက်သီးနှံပင်များကိုစိုက်ပျိုး

    ပျက်စီးသွားသည့်မိုးစပါးများအစား ဆီထွက်သီးနှံပင်များကိုစိုက်ပျိုး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေနစ်မြုပ်မှုကြောင့် မိုးစပါးပျက်စီးသွားသည့် တောင်သူအများစု စပါးထပ်မစိုက်တော့ဘဲ ဆီထွက်သီးနှံဖြစ်သည့် ပဲအမျိုးမျိုးကိုသာ အစားထိုးစိုက်ပျိုးထားကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရသိရသည်။

    ဘီးလင်း၊ သထုံ၊ ကျိုက်မရောနှင့် မုဒုံမြို့နယ် အနိမ့်ပိုင်းလယ်ယာမြေများတွင် ပြီးခဲ့သည့် ဇူလိုင်နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် စပါးပင် ရေနစ်မြုပ်မှုဖြစ်ခဲ့ပြီး မိုးစပါးဧကသောင်းနှင့်ချီ ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

    မိုးစပါးစိုက်ချိန် ရာသီမမှီတော့သည့်အပြင် စိုက်ပျိုး၍ပိုမိုလွယ်ကူပြီး မိုးစပါးထက်အကျိုးအမြတ်ပိုများသည့် ပဲတီစိမ်း၊ ပဲပုပ်၊ ပဲလွန်းနှင့် အခြားပဲအမျိုးမျိုးကို ပြောင်းလဲစိုက်ပျိုးထားကြောင်း ကျိုက်မရောတောင်သူတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့က မိုးစပါးကို ၂၄ ဧက စိုက်ထားတယ်။ ရေနှစ်မြုပ်သွားတော့ ၁၀ ဧက ပျက်စီးသွားတယ်။ ကျန်နေတဲ့ ဧကတွေကလည်း သေမလား ရှင်မလားမသိဘူး။ လယ်တိုင်းပဲ ဧကတစ်ဝက်လောက်က ပျက်စီးနေတာတွေ့ရတယ်။ မိုးက နေ့တိုင်းရွာနေပြီး ရေတွေက ရှိနေတုန်းပဲ လယ်ကွင်းတွေမှာ၊ ပြီးတော့ ဒီပျက်စီးသွားတဲ့ ဧကတွေမှာ ကျွန်တော်တို့ဘက်ခြမ်းမှာဆို အကုန်လုံးက ပဲစုံတွေကို ပြောင်းစိုက်ပျိုးနေကြပြီး” ဟု ထိုသူက ဆက်ဆိုသည်။

    ကျိုက်မရောမြို့နယ်အတွင်း  မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်သဖြင့် ရေနစ်မြုပ်မှုထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ရကြောင်းဆက်ပြောသည်။

    အလားတူ သထုံမြို့နယ်၊ ဓနုကတိုက်၊ ဒုံဝန်း၊ မိုးကောင်း စသည့်ကျေးရွာများမှ စိုက်ပျိုးထားသည့် မိုးစပါးများ ရက်ရှည်ကြာ ရေနစ်မြုပ်ခဲ့ပြီး စပါးပင်သေကြေပျက်စီးမှုရှိခဲ့သေော်လည်း ပြန်လည်မစိုက်ပျိုးနိင်ဘဲ ရပ်နားထားရသည်။

    “မိုးက ဒီနေ့လည်းရွာနေတယ်။ ရေလွှမ်းထားတော့ စပါးတွေက မသန်မာပဲ အပင်တွေက သေသွားတယ်။ ပြန်စိုက်ဖို့ကလည်း အချိန်မမှီတော့ဘူးလေ၊ ၂ လလောက်ပဲအချိန်ကကျန်နေတော့ ပြန်မစိုက်တော့ဘူး။ ဒီနှစ်လည်း အထွက်ကျပြီး အရှုံးပဲပေါ်မယ် ထင်တယ်” ဟု သထုံမြို့နယ်ရှိ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

    စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မိုးစပါးနှင့် မိုးသီးနှံများ စိုက်ပျိုးရန် ရာသီအချိန်မှီသေးကြောင်း၊ သက်တမ်းတိုမျိုးများအသုံးပြု၍ ပြန်လည်စိုက်ပျိုးရန်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်ဆောင်ရွက်ရန် တိုက်တွန်းလျှက်ရှိသည်။

    သို့သော်မြေပြင်တွင် ပြန်လည်စိုက်ပျိုးမှုလုပ်ဆောင်နေသည့်တောင်သူများကို ငွေကြေးအပါအဝင် မျိုးစေ့နှင့် စက်ပစ္စည်းအကူအညီတစ်စုံတစ်ရာ မရရှိကြောင်းလည်း တောင်သူများက ဆိုသည်။

    လက်ရှိအခြေအနေအရ ဘီလင်းနှင့် မုဒုံမြို့နယ်ရှိ မိုးစပါးစိုက်ပျိုးထားသော လယ်ယာမြေများတွင် ရေနစ်မြုပ်မှုကြောင့် စပါးပင်ပျက်စီးဆုံးရှုံးမှုများနေသည့်အပြင် စပါးဖျက်ပိုးကျမှုများလည်း ကျနေကြောင်း သိရသည်။

    ပြီးခဲ့သည့်နှစ်တွင်လည်း မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းနှင့် ကျိုက်မရောမြို့နယ်တို့တွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး ဧက ၃ သောင်း နီးပါး ပျက်စီးဆုံးရှုံးရှိခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆန်ဖူလုံမှု (၁၃၅.၄၉) ရာခိုင်နှုန်းအထိရှိပြီး ဆီဖူလုံမှုအနေဖြင့် (၁၇.၈၁) သာရှိသဖြင့် ဆီထွက်သီးနှံများကို စိုက်ဧက တိုးချဲ့စိုက်ပျိုးရန် စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ယမန်နှစ်က ညွှန်ကြားခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks