spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ မွန်လူထုများ စိတ်မဝင်စား

    စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲ မွန်လူထုများ စိတ်မဝင်စား

    -

    ယခုနှစ် ဒီဇင်ဘာလအတွင်း စတင်ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို မွန်လူထုများအကြား စိတ်ဝင်စားမှုမရှိကြဟု သုံးသပ်ပြောဆိုနေကြသည်။

    စစ်ကော်မရှင်အနေဖြင့် လက်ရှိ မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး စစ်ရေး၊ နိုင်ငံရေး ဆိုးရွားနေချိန်၌ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို မပြုလုပ်သင့်ကြောင်း မွန်နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    “ရွေးကောက်ပွဲလုပ်မဲ့ရက်ကို ထုတ်ပြန်တာတော့ ထုတ်ပေါ့၊ စစ်ရေး နိုင်ငံရေး မတည်ငြိမ်းနေတဲ့ အခုလိုမျိုးအချိန်ကာလမှာ ရွေးကောက်ပွဲအကြောင်းကို ဘယ်သူမှလည်း စိတ်လှုပ်ရှားမှာမဟုတ်ဘူး၊ မလုပ်သင့်ဘူးလို့ပဲ ပြောကြတာများတယ်၊ အတင်းလုပ်မယ်ဆိုလည်း မတတ်နိုင်ဘူးပေါ့၊ လူထုတွေကတော့ သိပ်စိတ်ဝင်စားကြမှာမဟုတ်ဘူး” ဟု ပြောသည်။

    လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ၂၀၂၅ ရွေးကောက်ပွဲကို အပိုင်း ၁ အဖြစ် စတင်ကျင်းပမည်ဖြစ်ပြီး နောက်ထပ်အပိုင်းလိုက် ကျင်းပမည့်ရက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏  သြဂုတ်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

    နိုင်ငံတည်ငြိမ်းအေးချမ်းခြင်းမရှိသည့် လက်ရှိအနေအထားတွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲထားခြင်းမရှိသည့်အပြင် နိုင်ငံရေးအရ နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ မလုပ်ဆောင်နိုင်ပဲ ရွေးကောက်ပွဲကျင်းပမည်ဆိုသည့် စစ်ကော်မရှင်၏ လုပ်ရပ်သည် စစ်ရေးပဋိပက္ခကို ဆက်လက်ကြီးထွားစေသည်ဟု ဆိုသည်။

    “အမှန်တကယ်က ရွေးကောက်ပွဲမလုပ်ခင်မှာ အပစ်ရပ်စဲတာတွေ အရင်လုပ်ရမယ်၊ ပြီးရင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေနိုင်ငံရေးညှိနှိုင်းတာတွေ အရင်လုပ်ရမယ်၊ အများသဘောတူ လက်ခံတဲ့နိုင်ငံရေးသဘောတူညီချက်တွေ ရပြီးမှပဲ ရွေးကောက်ပွဲလုပ်သင်းတာပေါ့၊ အခုအခြေအနေနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆို ပဋိပက္ခတွေ ပိုများလာနိုင်တယ်” မွန်နိုင်ငံရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

    စစ်ကော်မရှင် ထုတ်ပြန်ချက်အရ  မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်ကို မဲအများဆုံးရသူ အနိုင်ယူသူစနစ် (FPTP) နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) တို့ဖြင့် အသုံးပြုဆောင်ရွက်သွားမည်ဟု ကြေညာထားသည်။

    လက်ရှိအခြေအနေအရ မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံ၊ ပေါင်၊ မော်လမြိုင်၊ မုဒုံ စသည်မြို့နယ်များကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ရာ ကျန်သည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks