spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကုန်သွယ်ခွင့်ကန့်သန့်လိုက်သဖြင့် ဘတ်ငွေသန်းချီတန်ဖိုးရှိသည့် ထိုင်းကုန်ပစ္စည်းများတင်သွင်းမှု ရပ်ဆိုင်းသွားရ

    ကုန်သွယ်ခွင့်ကန့်သန့်လိုက်သဖြင့် ဘတ်ငွေသန်းချီတန်ဖိုးရှိသည့် ထိုင်းကုန်ပစ္စည်းများတင်သွင်းမှု ရပ်ဆိုင်းသွားရ

    -

    ထိုင်း- မြန်မာနယ်စပ်၊ မြဝတီ-မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတားအမှတ် (၂) ကို စစ်ကောင်စီဘက်က သတိပေးခြင်းမရှိဘဲ ပိတ်ဆို့လိုက်သဖြင့် ထိုင်းဘက်မှ ဘတ်ငွေသန်းချီတန်ဖိုးရှိသော ပို့ကုန်ပစ္စည်းများ တင်ပို့မှုရပ်ဆိုင်းသွားရသည်ဟု ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။

    အဆိုပါတံတားသည် ထိုင်း–မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် ကုန်တင်ယာဉ်များစုအသုံးပြုသည့် အဓိကလမ်းကြောင်းဖြစ်ပြီး ယမန်နေ့ (သြဂုတ် ၁၈ရက်နေ့ နံနက်ပိုင်း)တွင် စစ်တပ်က ထိုင်းအဏာပိုင်များကို အသိမပေးဘဲ တိုက်ရိုက်အမိန့်ပေးကာ ပိတ်ပင်ခဲ့သည်။

    ထို့ကြောင့် ထိုင်းကုန်သွယ်ရေးများရပ်တန့်သွားခဲ့ရပြီး အနည်းဆုံး ဘတ်ငွေ ၁၃၀ ဘီလီယံတန်တန်ဖိုးရှိသည့် ထိုင်းပို့ကုန်ပစ္စည်းများ ရပ်ဆိုင်းသွားရသည်ဟု ထိုင်းစီပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

    အဆိုပါတံတားပိတ်ဆို့ခြင်းကို မဲဆောက်နယ်မြေရှိ ထိုင်းအကောက်ခွန်အရာရှိများပါ ကြိုတင်မသိထားကြောင်း ဆိုသည်။

    လက်ရှိအချိန်တွင် မြဝတီ–မဲဆောက် နယ်စပ်ချစ်ကြည်ရေးတံတားအမှတ် (၂) အနီးတွင် ထိုင်းမှ ကုန်တင်ကား ၅၀၀ ခန့်  သောင်တင်လျှက်ရှိနေပြီး နောက်ထပ်ထိုင်းကုန်ကား ၁၅၀၀ ကျော်ခန့်က ကုန်ပစ္စည်းများ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားခဲ့ကြောင်း ထိုင်းသတင်များက ဖော်ပြထားသည်။

    ထို့ကြောင့် တက်ခရိုင် ကုန်သွယ်ရေးအသင်းက သြဂုတ်လ ၁၈ ရက်နေ့တွင် အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပြီး အမှတ်(၂)ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်ပေးရေးအတွက် မြန်မာအာဏာပိုင်များနှင့် အလျင်အမြန် ဆွေးနွေးရန်  ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနကိုတိုက်တွန်းထားသည်။

    တက်ခရိုင် သယ်ယူပို့ဆောင်ရေးအသင်းဥက္ကဌ စိုမယွတ်ဝိညာက “ဒေသဆိုင်ရာအာဏာပိုင်တွေက ဒီအခြေအနေကို မဖြေရှင်းနိုင်တဲ့အတွက် အစိုးရအဆင့် တိုက်ရိုက်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အခုတံတားပိတ်ဆို့မှုက အကြီးဆုံး ထိခိုက်မှုဖြစ်တယ်” ဟု ထိုင်းသတင်းဌာနများထံ ပြောကြားခဲ့သည်။

    မဲဆောက်အကောက်ခွန်ဌာန၏ တရားဝင်အချက်အလက်များအရ အဆိုပါ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ထိုင်းပို့ကုန်တန်ဖိုးသည် တစ်ပတ်လျှင် ဘတ် ၅၀ ဘီလျံနီးပါးရှိခဲ့ရာမှ လက်ရှိပိတ်ပင်မှုကြောင့် ဘတ် ၁၀ ဘီလျံကျော်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

    မြန်မာစစ်တပ်အနေဖြင့် ယခင်နှစ်များအတွင်း အဆိုပါနယ်စပ်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အပါအဝင် ဒေသခံလက်နက်ကိုင်အဖွဲ့များက နယ်စပ်ကုန်သွယ်ဝင်ငွေများမှ အကျိုးအမြတ်များရှိနေခဲ့သောကြောင့်၊ လက်ရှိတွင် စစ်ကောင်စီအစိုးရက ဝင်ငွေများကို တိုက်ရိုက်ရရှိနိုင်ရေးအတွက် ထိန်းချုပ်နေကြောင်း သိရသည်။

    တစ်ဖက်တွင်လည်း ဘာအံမှ မြဝတီမြို့အထိ အာရှလမ်းမကြီးတစ်လျှောက် နယ်မြေစိုးထားသည့် တော်လှန်ရေးတပ်များကို ပိတ်ဆို့သည့်အနေဖြင့် ဒေသတွင်းကုန်စည်စီးဆင်းမှု ဖြတ်တောက်ရန်အတွက် စစ်ကောင်စီက မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks