spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မှ Non-CDM ဆရာမ (၄) ဦးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ ဖမ်းဆီးထား

    ရေးမြို့နယ်မှ Non-CDM ဆရာမ (၄) ဦးကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ ဖမ်းဆီးထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှ မော်လမြိုင်မြို့သို့ စစ်ကောင်စီရွေးကောက်ပွဲသင်တန်းတက်ရောက်မည့် Non-CDM ဆရာမ (၄) ဦးကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူကာကွယ်ရေးတပ် (YPDF) တို့မှ ပူးပေါင်း၍ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြောပြချက်အရ သိရသည်။

    ယမန်နေ့ ဩဂုတ်လ (၁၄) ရက် နံနက် (၇) နာရီအချိန်ခန့်က ရေးမြို့နယ်မှ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာသည့် Non-CDM ဆရာမ (၄) ဦးကို သတင်းရရှိချက်အရ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအရောက်တွင် ဖမ်းဆီးလိုက်သည်ဟု (YPDF) မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ရန်နိုင်က IMNA ကို ပြောသည်။

    ပုံ- ဝဲခမိရွာအဝင် ဆိုင်းဘုတ်

    “မနေ့က ကျနော်တို့သတင်းရရှိချက်အရ ပေါ့နော်၊ မနက် ၇နာရီ အချိန်လောက် ဝဲခမိရွာမှာ Non-CDM ဆရာမ ၄ လေးယောက်ကို ဖမ်းလိုက်တာ သူတို့က စစ်ကောင်စီရွေးကောက်ပွဲအတွက် သင်တန်းသွားတာ။ လောလောဆယ်တော့ သူတို့ကို မလွှတ်သေးဘူး ဆက်ထိန်းထားအုံးမယ်။ အပြစ်ပေးရမယ်”ဟု ဆိုသည်။

    စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အားပေးအားမြှောက်ပြုသူများကို အရေးယူသွားမည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ အကြိမ်ကြိမ် ကြိုတင်သတိပေးထားပြီးဖြစ်သည့်အတွက် ယခုကဲ့သို့ ရွေးကောက်ပွဲအတွက်ပူးပေါင်းမည့်သူများကို ဖမ်းဆီးရခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

    ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဆရာမ (၄)ဦးသည် အ.ထ.က (လမိုင်း) မှ ဆရာမ ဒေါ်ဇာခြည်သော်၊ အ.ထ.က (မော့ကနင်) မှ ဆရာမ ဒေါ်ခင်လေးမွန်၊ အ.ထ.က (နှစ်ကရင်) မှ ဆရာမဒေါ်အင်ကြင်းဦးနှင့် အ.ထ.က (ဘေးလမိုင်) ဆရာ‌မနော်သိန်းကြည်တို့ဖြစ်ပြီး ၎င်းတို့မိသားစုဝင်များမှ လက်ရှိတွင် စိုးရိမ်နေကြကြောင်း သိရသည်။

    ယခင်သတိပေးထုတ်ပြန်ချက်များအတိုင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ပူးပေါင်းမည့် မည်သူမဆို ဆက်လက်အရေးယူသွားမည်ဖြစ်သဖြင့် ပူပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန်လည်း ဗိုလ်ရန်နိုင်မှ ဆက်လက်တိုက်တွန်း ပြောဆိုသည်။

    “ စကစရဲ့ ရွေးကောက်ပွဲအတွက် ဘယ်သူမဆို လှုပ်ရှားပေးတဲ့သူကို အကုန်အရေးယူမယ်ဆိုတာ ကြိုတင်သတိပေးထားတာပဲ။ ဖမ်းဆီးလိုက်တဲ့ ၄လေးယောက်ကလဲ ရွေးကောက်ပွဲအတွက် သင်တန်းသွားတက်လို့၊ နောက်ထပ်လဲ စစ်ကောင်စီအတွက် ဒီလို ပူ‌ပေါင်းဆောင်ရွက်ပေးနေတဲ့ လူတွေမှန်သမျှကို ဆက်အရေးယူသွားမှာမလို့ သူတို့နဲ့ မပူပေါင်းဖို့ ပြောချင်တယ်” ဟု သူက ဆိုသည်။

    စစ်ကောင်စီမှ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲလုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်မှုများအရှိန်မြှင့်လုပ်ဆောင်နေပြီး မဲပေးစက်သင်တန်းပေးခြင်း၊ ရပ်ကျေးအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဖွဲ့စည်းခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်လုပ်ဆောင်ပေးခြင်းတို့ကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်လာသည်။

    တစ်ဖက်တွင်လည်း အုပ်ချုပ်ရေးမှုးများ Non-CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့်အတူတကွ သွားလာခြင်း၊ သင်တန်းတက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများကို မပြုလုပ်ရန် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)နှင့် ဒေါနတပ်ရင်း(၂)(Dawna Dolumn)မှ ပြီးခဲ့သည့် ဇူလိုင်လတွင်ပူးပေါင်းထုတ်ပြန်ထားသည်။

    အလားတူ ယမန်နှစ် ဩဂုတ်လအတွင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ၊ ဆရာမ ၅ ဦးကို KNLA/PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖမ်းဆီးခံခဲ့ပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks