spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမိုးကုတ်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၈ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

    မိုးကုတ်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၈ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

    -

    တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးပြီး၊ ၇ ဦး ဗုံးစထိမှန်ဒဏ် ရာရရှိခဲ့သည်ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က ထုတ်ပြန်သည်။

    ယမန်နေ့ သြဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၁ လုံး လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် လေယာဉ်ဖြၚ် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၇ အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်။

    အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် သာမဏေ တစ်ပါးနှင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    စစ်ကောင်စီတပ်သည် သြဂုတ်လအတွင်း မိုးကုတ်မြို့တွင် ၂ ကြိမ်၊ ကျောက်မဲမြို့နယ်တွင် ၁ ကြိမ်၊ သီပေါမြို့တွင် ၂ ကြိမ် လေယာဉ်ဖြင့် ဗုံးများကြဲခဲ့ကြောင်း၊ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၃ ဦး၊ သံဃာတော် ၂ ပါး၊ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁၁ ဦး သေးဆုံးခဲ့ရသည်ဟု TNLA က ထုတ်ပြန်ထားသည်။

    ၎င်းပြင် သံဃာတော် ၁ ပါး၊ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၄ ဦး ထိခိုက်ဒဏ်ရာရှိကာ နေအိမ် ၂၆ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ကား ၄ စီး၊ ဆိုင်ကယ် ၃ စီးလည်း ထိမှန်ပျက်စီးခဲ့ရသည်။

    ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း TNLA က ထုတ်ပြန်တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks