Friday, April 3, 2026
More
    spot_img
    Homeသတင်းစစ်တပ်က အခြေခံလူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်တင်သွင်းခွင့်ယာယီကန့်သတ်

    စစ်တပ်က အခြေခံလူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်တင်သွင်းခွင့်ယာယီကန့်သတ်

    -

    စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီက အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်တင်သွင်းခွင့် ယာယီကန့်သတ်လိုက်သည်ဟု ကုန်စည်ဒိုင်အဖွဲ့အစည်းများထံမှ သိရသည်။

    ဩဂုတ်လ ၁၂ ရက်နေ့မနေ့က နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီမှ ထိုင်း-မြန်မာနယ်စပ်၊ တရုတ်-မြန်မာနယ်စပ်မှတစ်ဆင့် အခြေခံလူသုံးကုန်ပစ္စည်းများ တင်ခွင့်ကတ်သန့်လိုက်သည့် ထုတ်ပြန်ချက်စာတစ်စောင်သည် ကုန်စည်ရောင်းဝယ်နေသူများ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျှက်ရှိသည်။

    ယခင်၌လည်း ကုန်ပစ္စည်းယာယီကန့်သတ်မှုမကြာခဏလုပ်ဆောင်နေသော်လည်း ယခုကန့်သတ်ချက်သည် ပိုမိုကြာမြင့်နိုင်သဖြင့် ကုန်စည်လုပ်ငန်းရှင်၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်နှင့် ဝယ်ယူစားသုံးနေသည့် ပြည်သူများအတွက် ခက်ခဲလာနိုင်ကြောင်း မွန်ပြည်နယ်မှ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “လွတ်လပ်စွာရောင်းခွင်မရှိတော့ဘူး ပြည်တွင်းထုတ်ကုန်တွေကလဲ လုံလုံ လောက်လောက်မရဘူးလေ၊ ရောင်းလိုအားထက် ဝယ်လိုအားများနေတယ်။ ဒီလိုဆက် ပိတ်ထားရင်တော့ အကုန်ငတ်ကြမယ်။ စီးပွါးရေးလည်း ခက်ခဲလာကြမယ် ထင်တယ်”ဟု ဆိုသည်။

    စစ်ကောင်စီ၏ကန့်သတ်ချက်များသည် တရားမဝင်မှောင်ခိုနည်းကို ပိုမိုအားပေးစေလာနိုင်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းထိုးတက်နိုင်ကြောင်းလည်း လုပ်ငန်းရှင်များသုံးသပ်လျှက်ရှိသည်။

    ကန့်သတ်ထားသည့် အခြေခံလူသုံးကုန်ပစ္စည်းများတွင် ခြေညှပ်ဖိနပ်၊ အမွှေးတိုင်၊ လက်ကိုင်ဖုန်း၊ ဘထ္ထရီ၊ ပရုတ်လုံး၊ မီးလုံး၊ တစ်ရှုး၊ လူကြီးဒိုက်ဘာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တာယာ၊ ကျွတ်၊ ဘိလပ်မြေတို့ပါဝင်ကြောင်း သိရသည်။

    “ကုန်ဈေးနှုန်းတက်လာမယ် ကုန်သည်တွေဒုက္ခရောက်မယ် စက်ရုံတွေလဲကုန်ကြမ်း ပြတ်မယ်။ အဓိကတင်သွင်းခွင့်ကန့်သတ်တာက ထိုင်း တရုတ်ဘက်ကပေါ့”ဟု အထက်ပါသူက ဆက်ပြောသည်။

    ထို့နောက် အခြေခံစားသောက်ကုန်များဖြစ်သည့် ခေါက်ဆွဲ၊ ကြာဇံ၊ ချိုချဉ်၊ ဘီစကစ်၊ ကြက်အူချောင်း၊ အသင့်သောက်နို့၊ ဒိန်ချဉ်၊ ငှက်သိုက်၊ သစ်သီးမျိုးစုံ၊ အုန်းနို့တို့ကိုလည်း ကန့်သတ်ထားသည်။

    နယ်စပ်တင်သွင်းခွင့်ကို ယာယီကန့်သတ်ခံထားသည့် ကုန်စည်အချို့ကို ပင်လယ်ရေလမ်းကြောင်းမှတစ်ဆင့် တင်သွင်းနိုင်သော်လည်း တင်သွင်းမည့်ကုန်စည်များသည် ပြည်တွင်း၌ မထုတ်သည့် အရွယ်အစားနှင့် ကုန်ကြမ်းအနေဖြင့်သာ သွင်းနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အခြေခံစာသောက်ကုန်ဖြစ်သည့် စားအုန်းဆီတင်သွင်းဖြန့်ဖြူးခြင်းကို အွန်လိုင်းစနစ်ဖြင့် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ဆောင်ရွက်ခဲ့သေးသည်။

    နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီသည် ပြီးခဲ့သည့် ဩဂုတ်လ ၁ရက်နေ့က စစ်ကောင်စီဖျက်သိမ်းခဲ့သည့် ကော်မတီနှင့် ကော်မရှင် ၁၉၄ ခုတွင် ပါဝင်နေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks