spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအဖျက်အမှောင့်များရှိလာနိုင်သော်လည်း ရွေးကောက်ပွဲဖြစ်အောင် လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    အဖျက်အမှောင့်များရှိလာနိုင်သော်လည်း ရွေးကောက်ပွဲဖြစ်အောင် လုပ်မည်ဟု စစ်ခေါင်းဆောင်ပြော

    -

    ရွေးကောက်ပွဲ မဖြစ်မြောက်စေရေး ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်များ ရှိလာနိုင်သော်လည်း ရွေးကောက်ပွဲအား မဖြစ် ဖြစ်အောင် ကျင်းပမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုသည်။

    အတိုက်အခံများအနေဖြင့် ရွေးကောက်ပွဲ မဖြစ်မြောက်စေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်သလို ပြည်ပနိုင်ငံအချို့ကလည်း စောဒက တက်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၂ ရက်နေ့က ကျင်းပသည့် စစ်ကော်မရှင်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    “မဖြစ် ဖြစ်အောင် လုပ်မယ်။ မဲမပေးကြဘူးမလား ပေးတဲ့လူနဲ့ ရအောင်ကျင်းပမယ်ဆိုတဲ့သဘောပဲ။ အဲဒီမှာပြောထားတယ် ၅၀ ရာခိုင်နှုန်းအထက် မဲပေးတယ်ဆိုရင်ကို ရွေးကောက်ပွဲက လူထုပါဝင်တယ်ဆိုပြီး စစ်ရှောင်တွေကိုပါ ကြိုတင်မဲတွေ ထည့်ခိုင်းဖို့လုပ်တယ်။ ဆိုလိုတာက ငါတို့ကို ကန့်ကွက်မယ်ဆိုတာသိတယ်။ ငါတို့ကလည်း ဒီလိုလုပ်ရုံနဲ့ ရွေးကောက်ပွဲ လုပ်လို့ရတယ်ဆိုပြီး စိန်ခေါ်တဲ့သဘောမျိုးပေါ့ဗျာ” ဟု ရှေ့နေ ဦးမြင့်မောင်က မှတ်ချက်ပြုသည်။

    စစ်ကောင်စီ၏ ရွေးကောက်ပွဲများအား ၎င်းတို့၏ ထိန်းချုပ်နယ်မြေများတွင် လက်ခံကျင်းပမည်မဟုတ်ဟု အာရက္ခတပ်တော် AA၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့က ထုတ်ဖော်ပြောဆိုထားကြသည်။

    KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း “ကျွန်တော်တို့ ကချင်ပြည်နယ်က နေရာအများစုမှာ ဗမာစစ်တပ်အနေနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အခြေအနေကတော့မရှိပါဘူး။ ကျန်တဲ့မြို့ပေါ်နေရာတွေမှာ လုပ်မယ့် ရွေးကောက်ပွဲတွေအပေါ်မှာတော့ KIO ဗဟိုက ဆုံးဖြတ်ချက် တစ်စုံတစ်ရာပေးတာမျိုး မရှိပါဘူး” ဟု ပြောသည်။

    ရွေးကောက်ပွဲကာလတွင် ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်မှုများလည်း ပိုမိုများပြားလာနိုင်သည်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

    စစ်ကော်မရှင်က ရွေးကောက်ပွဲအား အပိုင်းလိုက် ကျင်းပနိုင်ရန် ပြင်ဆင်ထားပြီး ရွေးကောက်ပွဲမတိုင်မီ ထိန်းချုပ်နယ်မြေများ ပြန်လည်ရရှိရေး (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအား တာဝန်ပေးထားသည်။

    EAOs များအပြင် နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း ရွေးကောက်ပွဲ မဖြစ်မြောက်ရေး ဆန့်ကျင်မည်ဟု ပြောဆိုမှုများရှိနေပြီး မည်သို့ မည်ပုံ ဆန့်ကျင်မည်ကိုမူ လုံခြုံရေးအရ ဖြေဆိုရန် ငြင်းဆိုထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks