spot_img
Saturday, September 13, 2025
More
    spot_img
    Homeသတင်းရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

    ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို ရာမညမွန်တပ်တော်(RMA)၏ ရေဖြူဒေသတပ်ဖွဲ့နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထုတ်ပြန်ပြောဆိုချက်အရ သိရသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း(၄၀၉)၊(၄၁၀)နှင့် (၂၈၂) မှ အင်အား ၁၅၀ ခန့်ပါသည့် စစ်ကြောင်းသည် ယမန်နေ့သြဂုတ် ၁၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင်တစ်ကြိမ်၊ ညနေ ၃ နာရီတွင် တစ်ကြိမ်ဝင်ရောက်လာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောသည်။

    “မနေ့က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်း ၂ ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်တပ်ဖွဲ့တွေ မိနစ် ၅၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်သွားတယ်။ သူတို့ဘက်က အရာရှိ ၁၄ယောက် သေသွားတယ်။ တော်လှန်ရေးပူ‌ပေါင်းတပ်ဖွဲ့ဘက်က ၈ဦး ဒဏ်ရာရတယ် ပြည်သူတစ်ဦးထိသွားတယ်”  MSRF မှ  ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ပြောသည်။

    တိုက်ပွဲဖြစ်ပွားမှုအတွင်း တော်လှန်ရေးပူပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၈ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူမက ဆက်ပြောသည်။

    အဆိုပါတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးတပ်ဖွဲ့၊ ဒေါနတပ်ရင်း (၂ )(YGF)၊ ဒေါနတပ်ရင်း ၃ (KBDF)၊ ကြယ်လင်းရောင်တပ်ရင်း (KTLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း (၂၇)နှင့် ရာမညမွန်တပ်တော်(NMSP/AD၊RMA) တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့သည် ရေဖြူမြို့နယ် ကော့လှိုင်ကျေးရွာနှင့်အနီးတစ်ဝိုက်တွင် မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေသဖြင့် ဒေသခံများ ၂ လကြာသည်အထိ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအခက်အခဲကြောင့် နေရပ်ပြန်လာသူများလည်းရှိကြောင်း ဒေသခံတွင်းသတင်းအရင်းမြစ်များက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts