spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် စစ်ဘေးရှောင်အပါ လူ ၄၀ ဦးခန့် ဖမ်းဆီးခံရ

    ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့တွင် စစ်ဘေးရှောင်အပါ လူ ၄၀ ဦးခန့် ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ဘေးရှောင်များအပါအဝင် လူပေါင်း ၄၀ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်က သိမ်ဇရပ်မြို့ရှိ “လိုရာပြည့် လူမှုကူညီရေးအသင်းရုံး” တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင် ပြည်သူများထဲမှ အမျိုးသား ၁၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဖမ်းဆီးခံရသည့် စစ်ဘေးရှောင်များသည် ကွမ်းဆိပ်၊ ညောင်ခြေထောက်၊ ဝင်းကံ၊ ရှမ်းစု အစရှိသည့် ကျေးရွာများမှ‌ ဒေသခံများဖြစ်ကြသည်ဟု ဆိုသည်။

    ထိုနေ့ နေ့လည်ပိုင်းတွင်လည်း သိမ်ဇရပ်မြို့ပေါ် လမ်းသွား လမ်းလာ အမျိုးသား၊ အမျိုးသမီး ၂၀ ဦးကျော်ကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု မြို့ခံတို့က ပြောသည်။

    ဖမ်းဆီးခံခဲ့ရသူများကို သိမ်ဇရပ်မြို့ရဲစခန်းနှင့် သိမ်ဇရပ်အခြေစိုက် အမှတ်(၂၀၇) ခြေမြန်တပ်ရင်း ဌာနချုပ်များတွင် ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင်လည်း တွေ့ခွင့်မရရှိကြသေးကြောင်း ဖမ်းဆီးခံခဲ့ရသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း သထုံမြို့နယ် ပုတိမ်ရိုးကျေးရွာနေ လူငယ်များအပါအဝင် ဒေသခံ အမျိုးသား ၄၀ ကျော်ကို စစ်တပ်၊ ရဲတပ်ဖွဲ့၊ ပျူစောထီးတို့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။

    ထိုဖမ်းဆီးခံရသူများအနက်မှ အချို့က ဩဂုတ်လဆန်းပိုင်းတွင် ပြန်လည်လွတ်မြောက်လာသော်လည်း အများစုက ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသေးကြောင်းလည်း ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks