spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းထိန်းချုပ်နယ်မြေအတွင်း အမျိုးသမီးများ လုံခြုံရေး အပြည့်အဝရှိဟု AA ပြော

    ထိန်းချုပ်နယ်မြေအတွင်း အမျိုးသမီးများ လုံခြုံရေး အပြည့်အဝရှိဟု AA ပြော

    -

    အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများတွင် အမျိုးသမီးများ၏ လုံခြုံမှုမှာ အပြည့်အဝရှိသည်ဟု အခိုင်အမာပြောနိုင်ကြောင်း AA မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

    ယနေ့ ဩဂုတ် ၁၁ ရက်မှာ ကျင်းပပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယခင်စစ်ကောင်စီ ထိန်းချုပ်ချိန်နှင့် ယခု မိမိတို့ ထိန်းချုပ်ချိန် အမျိုးသမီးများ၏ လုံခြုံမှု တိုးတက်လာကြောင်း ၎င်းက ပြောသည်။

    “ULA ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်တဲ့ အမျိုးသမီးတွေ လုံခြုံမှု၊ ဥပဒေအရ အကာအကွယ်ပေးမှု ရှိလားလို့ ဆိုရင် ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို ကျနော်တို့က အခိုင်အမာပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က စစ်ကောင်စီ ထိန်းချုပ်ထားတာနဲ့ ULA/AA ထိန်းချုပ်ပြီးနောက်ပိုင်း အခြေအနေ ဒီဟာကို ချင့်ချိန်ကြည့်လိုက်ရင် ကျနော်တို့ ပြည်သူရဲ့ လုံခြုံရေး အမျိုးသမီးတွေရဲ့ လုံခြုံရေးတွေ အရင်ထက် ပိုပြီး အများကြီး တိုးတက်မှု ရှိလာတယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်” ဟု ဦးခိုင်သုခ က ပြောသည်။

    အမျိုးသမီးတစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်ပွားလာပါက မိမိတို့အနေဖြင့် ခွင့်လွှတ်ပေးမှာမဟုတ်ဘဲ အမြန်ဆုံးအရေးယူဆောင်ရွက်ကြောင်း ၎င်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့က ULA/AA ထိန်းချုပ်ထားသော ရခိုင်ပြည်နယ်‌ ပေါက်တောမြို့နယ် ဟင်းခရော်ရွာတွင် အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ဘုန်းတော်ကြီးတစ်ပါးက အဓမ္မပြုကျင့်ခဲ့သည်။

    အဆိုပါ ကျူးလွန်သူ ဘုန်းတော်ကြီးကို AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံဌာန (DLEPS) က အမှုအမှတ် (ပ) ၁၇/၂၀၂၅ ပုဒ်မ-၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေသည်ဟု AA က ပြောကြားထားသည်။

    မုဒိမ်းမှုနှင့် ပတ်သက်၍ မိမိတို့ အရပ်ဖက် တရားရေးတွင် ရာဇသတ်ကြီးပါ ပြစ်မှုပြစ်ဒဏ်များဖြင့် စစ်ဆေး အရေးယူရန် ရှိသည်ဟု ဦးခိုင်သုခက ပြောသည်။

    “မုဒိမ်းမှုနဲ့ ပတ်သက်ပြီး ဘယ်လို ပစ်ဒဏ်ချဖို့ ရှိလဲမေးရင် အရပ်ဖက် တရားရေးမှာ ရာဇသတ်ကြီးပါ ပြစ်မှုပြစ်ဒဏ်တွေအတိုင်း ကျနော်တို့ ကျင့်သုံး စစ်ဆေး၊ စီရင်ဖို့ ရှိပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ တရားဥပဒေ လုပ်ထုံးလုပ်နည်းအရ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတအောင်က ကျနော်တို့ စီစဉ်ပေးနေတာ ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

    အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် ဘုန်းတော်ကြီးကို AA အနေဖြင့် အကြီးမားဆုံး ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ မြောက်ဦးလူငယ်များ အစည်းအရုံး အမျိုးသမီးရေးရာကော်မတီက ဩဂုတ် ၁ ရက်နေ့တွင် တောင်းဆိုထားသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းက မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks