spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

    စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်

    -

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့သည့် ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်၊ နံနက် ၈ နာရီက အမှတ် (၂) တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်သည်။

    ဒါ့အပြင် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာရှိနေပြီး ဆေးကုသမှုခံယူနေရကြောင်း ဩဂုတ် ၅ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီးနောက် သြဂုတ် ၆ ရက် နံနက် ၃ နာရီမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    အဆိုပါ သတင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့ပြီးနောက် ယနေ့နံနက်မှာတော့ အမှန်တကယ် သေဆုံးသွားကြောင်း ထပ်မံသတင်းထုတ်ပြန်လာခဲ့သည်။

    စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးလည်းဖြစ် ယာယီသမ္မတလည်းဖြစ်သည့် ဦးမြင့်ဆွေသည် ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်က ၂၀၂၃ နှစ်ဆန်းပိုင်းမှစ၍ အာရုံကြောများ နှေးကွေးတုံ့ဆိုင်းရောဂါ၊ ယင်းနှင့်ဆက်စပ်ဖြစ်ပေါ် သည့် အာရုံကြောအားနည်းရောဂါတို့ကို ခံစားနေရကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    ဦးမြင့်ဆွေသည် ၁၉၇၁ ခုနှစ်မှာ စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ ဗိုလ်မှူးချုပ် နှင့် အမှတ် (၁၁) ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာကာ ၂၀၀၅ ခုနှစ်မှာ ဦးမြင့်ဆွေဟာ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ကို တိုးမြှင့်ခြင်းခံရသော ပထမဆုံး မွန်လူမျိုး ဖြစ်ခဲ့သည်။

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အပြီး စစ်တပ်က ဦးမြင့်ဆွေကို ဒုသမ္မတစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    ထို့နောက်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်ကို ရာထူးမှ ဖယ်ရှားခဲ့ရာ ဦးမြင့်ဆွေဟာ ယာယီသမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သည်။

    ယာယီသမ္မတာဝန် ထမ်းဆောင်နေစဉ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့မှာ ဦးမြင့်ဆွေကို စစ်ကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာ အမှတ် ၆၂/၂၀၂၂ အရ ပြည်ထောင်စု စည်သူသင်္ဂဟဘွဲ့ဖြစ်သော သတိုးမဟာ သရေစည်သူဘွဲ့ကို ချီးမြှင့် အပ်နှင်းခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks