spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းနေအိမ်အတွင်း စစ်မှုထမ်းအသက်အရွယ်ရှိသည့် လူအရေအတွက်အလိုက် ငွေကြေးပေးဆောင်နေရသည့်အပေါ် မုဒုံဒေသခံများ၏စကားသံ

    နေအိမ်အတွင်း စစ်မှုထမ်းအသက်အရွယ်ရှိသည့် လူအရေအတွက်အလိုက် ငွေကြေးပေးဆောင်နေရသည့်အပေါ် မုဒုံဒေသခံများ၏စကားသံ

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ နေအိမ်အတွင်း စစ်မှုထမ်းအသက်အရွယ်ရှိသည့် လူအရေအတွက်အလိုက် တစ်အိမ်တက်တစ်အိမ်ဆင်း၍ ငွေကြေးလိုက်လံကောက်ခံနေကြောင်း သိရသည်။

    ပြည်ပရောက်ရှိနေသူများ၊ စစ်မှုမထမ်းလိုသူများအတွက် လူအစားထိုးငှားရမ်းရန်ဟုဆိုကာ စစ်မှုထမ်းအသက်အရွယ်ပြည့်သည့် လူငယ်တစ်ဦးလျှင် ငွေကျပ် ၁ သောင်းမှ ၃ သောင်းကြား တောင်းခံနေပြီး မိသားစုဝင်အချို့ ငွေကြေးအခက်အခဲရှိသော်လည်း ပေးဆောင်နေရသည်။

    ယခင်နေအိမ်တစ်အိမ်လျှင် ၁ သောင်းနှုန်းကောက်ခံနေရာမှ ယခုတွင် အိမ်ထောင်စုစာရင်းအတွင်း အသက်အရွယ်ပြည့်သည့် လူအရေအတွက်အလိုက် ပေးဆာင်နေရသည့်အပေါ် ငွေကြေးအခက်အခဲရှိလာသည့် မုဒုံဒေသခံများ၏ စကားသံများကိုစုစည်းတင်ပြထားသည်။

    မုဒုံဒေသခံ မွန်လူငယ်အမျိုးသမီးတစ်ဦး

    “လာကောက်နေတုန်းပါပဲ မနေ့ကအထိပါပဲ၊ အရင်လက ကျမတို့ရွာမှာတစ်အိမ် ၁သောင်းနှုန်းပဲ၊ ဒီလက လူအရေအတွက်အပေါ်ကောက်သွားတာ၊ ကျမတို့အိမ်မှာဆို သုံးယောက်တောင် အသက် ၁၈ ကနေ ၂၇နှစ် အရွယ်မိန်းကလေးတစ်ဦးဆိုရင် ၁ သောင်းပေးရတယ်။ ယောကျာ်းလေးအသက် ၃၅ အထိဆိုရင် ၁၅၀၀၀ အထိ၊ လတိုင်းပေးရမယ်ဆိုတော့ သားသမီးများတဲ့အိမ်ဆို ၈ သောင်းအထိကျသွားတယ်။ နည်းတာမဟုတ်ဘူး ချေးငှားပြီးပေးရတာပဲ၊ ကျမတို့ရွာမှာ အိမ်ခြေ ၁၀၀ ကျော်ပဲရှိလို့၊ အိမ်ခြေအပေါ်မူတည်တယ် ထင်တယ်၊  ယောကျာ်းလေးရှိတဲ့အိမ်ဆို ပိုတောင်းသွားတာ၊ ဝင်ငွေလည်းသိပ်မရှိဘူးဆိုရင် လတိုင်းလတိုင်းအတွက်က မတတ်နိုင်ဘူးလေ။ ခြိမ်းခြောက်ပြောတာလည်းရှိတယ် ပိုက်ဆံမပေးချင်ရင် ကိုယ့်သားသမီးပါသွားမှ လာမပြောနဲ့တဲ့အဲ့လိုပါ ပြောသွားသေးတယ်၊ ရွာကဥက္ကဌလူတွေပဲ လာကောက်သွားတယ်။ သူတို့ပဲလူငှားရမှာဆိုတော့လေ တစ်ရွာကိုလူတစ်ယောက် ပေးရမယ်။ ငှားဖို့အတွက်က သိန်း ၆၀ ဖြစ်သွားတယ်။ အချို့အိမ်တွေဆိုစစ်မှူးထမ်းကိစ္စသိပ်မသိဘူးလေ အဲ့တော့လာတောင်းတဲ့သူတွေနဲ့ စကားများကြရတယ်။ အဲ့တာဆိုသူ့သားကိုထည့်သွားရမလားလို့ ပြောတော့ပေးလိုက်ရတာပဲလေ”

    ကမာဝက်မြို့ခံ အမျိုးသားတစ်ဦး

    “ဒီလိုကိစ္စတွေမဖြစ်စေချင်ဘူး၊ ဖြစ်လာပြီးဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ၊ တစ်လတော့ ကောက်ပြီးသွားပြီး အခုဒီလထပ်ကောက်တာပဲ အချို့ရွာကတော့သုံးလစာကောက်ထားတယ်။ တစ်လကို ၅၀၀၀ နှုန်းနဲ့ ဝဲယက်မှာ ၃ လစာ ကောက်ပြီးသွားပြီး၊ အခုကလူငှားရတာ ဈေးကြီးသွားလို့ဆိုပြီး ထပ်တိုးကောက်တယ်၊ ရပ်ကွက်အနေနဲ့ယူတယ်၊ စိန်တောင်အုပ်စု၊ ဝဲယက်အုပ်စု၊ ထောင်ကေးအုပ်စု ကမာဝက်ကရပ်ကွက်များတယ်၊ ဒါကသူတို့ယူရင်ပေးရတာပဲလေ မပေးရင်လည်း နေရဲလို့လား၊ အခက်အခဲကတော့ လူတိုင်းရှိကြတာပဲ သူတို့ယူရင်မဖြစ်မနေပေးရမှာ၊ တစ်ရွာဆိုရင် တစ်ယောက်ငှားပးရတယ် သူတို့ပြောသလိုပဲ။ အစားထိုးသွားမဲ့လူတွေက ပိုတောင်းနေလို့ဖြစ်မယ်။ အဲ့တာကြောင့်ရွာကပိုက်ဆံပိုကောက်နေရတယ်၊ ပေးခိုင်းတဲ့အတိုင်းပေးရတာပါပဲလေ”

    မုဒုံမြို့ပေါ်နေ အမျိုးသားတစ်ဦး

    “၂၆ ရက်နေ့တုန်းက စစ်မှူးထမ်းတဲ့ကိစ္စမြို့မ ၄ အုပ်ချုပ်ရေးမှူးအဖွဲ့က ပြည်သူတွေကိုအစည်းအဝေးခေါ်တိုင်ပင် ဆွေးနွေးခဲ့တယ် အခုကအပတ်စဉ် ၁၆ အထိ ရှိလာပြီးအပတ်စဉ် ၁၆ အထိ သူတို့ပြည်သူတွေအပေါ်ငွေကြေး မကောက်ပဲပြေလည်အောင်ဆောင်ရွက်ပေးလာခဲ့ရာကနေ အခုစစ်မှူထမ်းရှာမရတဲ့ပြဿနာကြောင့် စစ်မှူးထမ်းအစားထိုးလူတစ်ဦးဆို သိန်း ၅၀ ဖြစ်နေတာကြောင့်စိုက်ဖို့ငွေမတတ်နိုင်တော့ ပြည်သူတွေဆီကတစ်အိမ်တစ်သောင်း နှုန်းတောင်းခံဖို့ဆွေးနွေးခဲ့တယ်၊ အမှန်ပါပဲ အဲ့တာကလည်း မုဒုံမြို့နယ်မှာဆိုရင်အချို့ရွာဆို မကောက်ဘူး အုပ်ချုပ်ရေးမှူးကပဲကြီးကြပ်လုပ်လာခဲ့တာ အပတ်စဉ်တွေလည်းများတော့သူတို့လည်းမတတ်နိုင်တော့ဘူး”

    စစ်ကောင်စီက မကြာမီခေါ်ယူတော့မည့် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၆) အတွက် မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတစ်ခုလျှင် စစ်မှုထမ်း (၂) ဦး မဖြစ်မနေပေးဆောင်ရန်လည်း အမိန့်ထုတ်ထားသည်ဟု ရပ်/ကျေးအုပ်ချုပ်ရေးမှုးများနှင့် နီးစပ်သူများထံမှ သိရသည်။

    အလားတူ မွန်ပြည်နယ်အတွင်း ကျန်ရှိသည့် မြို့နယ်များတွင်လည်း စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် သင်တန်းသားအသစ်များ မဖြစ်မနေရှာဖွေကြရန် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှုးများထံ စစ်ကောင်စီမှ ဖိအားပေးထားသဖြင့် စစ်မှုထမ်းမည့်သူများကို အပူတပြင်းရှာဖွေနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks