spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်း၂၀၂၅ အကုန်ထိ စစ်ဗိုလ်ချုပ်ကြီးများ ချယ်လှယ်မည်

    ၂၀၂၅ အကုန်ထိ စစ်ဗိုလ်ချုပ်ကြီးများ ချယ်လှယ်မည်

    -

    ၂၀၂၅ ခုနှစ် ပထမ ၆ လကုန်ဆုံးပြီးနောက် နိုင်ငံကို လက်နက်ဖြင့် အာဏာသိမ်း ချုပ်ကိုင်ထားသည့် စစ်ဗိုလ်ချုပ်များ အပြောင်းအလဲ အချို့ ပြုလုပ်လာသည်ကို တွေ့ရပေမည်။

    ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲသစ်တစ်ရပ်အား ကျင်းပကာ အရပ်သားအစိုးရ ဖွဲ့စည်းပေးမည်ဟု ၎င်းတို့ ကြွေးကြော်ပြီး စစ်ကော်မရှင်အသစ်နှင့် ကြားကာလအစိုးရဟု ယူဆရသည့် ပြည်ထောင်စုအစိုးရအဖွဲ့အသစ်ကို မိတ်ဆက်လာသည်။

    နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက “ကြားကာလအစိုးရအဖွဲ့ဆိုတာက ဒီဘက် အတိုက်အခံအင်အားစုဘက်က အသုံးအနှုံးပေါ့နော်။ စစ်တပ်ဘက်ကတော့ ဒါကို သူတို့ဖွဲ့စည်းတဲ့ နာမည်နဲ့ပဲ သုံးလေ့ရှိတယ်။ ဆိုတော့ အစိုးရတစ်ရပ် ဖွဲ့တယ်ဆိုရင် လွှတ်တော်လိုတယ်။ နောက် ပြည်သူက အမှန်တကယ် ရွေးကောက်တင်မြှောက်ထားတဲ့လူတွေ ဖြစ်ဖို့လိုတယ်။ ဒီလိုမှ မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်ထဲရဲ့ အမိန့်နဲ့ လုပ်နေတာတွေက ပြည်သူကို စော်ကားရာရောက်တယ်။” ဟု ဆိုသည်။

    တိုင်းနှင့် ပြည်နယ်အလိုက် အစိုးရအဖွဲ့များကို ဖယ်ပြီး ကြည့်လျှင် တစ်နိုင်ငံလုံးဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာနများအတွက် လူပုဂ္ဂိုလ် ၃၁ ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) က ခန့်အပ်လိုက်သည်။ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ၂၉ ဦးနှင့် ညွှန်ကြားရေးမှူးချုပ် တစ်ဦးတို့ ဖြစ်သည်။

    ကာလုံက ကြားကာလအတွက် ဖွဲ့စည်းပေးခဲ့သည့် အစိုးရအဖွဲ့ဝင်များအား စမ်းစစ်ကြည့်ရာတွင် အရပ်ဝတ်လဲထားသည့် စစ်ဗိုလ်ချုပ်ကြီးများ၊ စတက္ကသိုလ်ဆင်းများနှင့် အငြိမ်းစားစစ်တပ်အရာရှိများ များစွာပါဝင်နေသည်ကို တွေ့ရှိရသည်။ အစိုးရအဖွဲ့ဝင် ၃၁ ဦးအနက် ဝန်ကြီးချုပ်မှ စ၍ ပြည်ထောင်စုဝန်ကြီး ၂၃ ဦးမှာ မြန်မာစစ်တပ်မှ အရပ်သားအစိုးရ ဝန်ကြီးများဖြင့် ခန့်အပ်ခံခဲ့ရသူများဖြစ်သည်။ ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးတင်အောင်ဆန်း၊ ဦးကိုကိုလှိုင်၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဦးသန်းဆွေ၊ ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်မောင်အုန်း၊ ဦးတင်ဦးလွင်၊ ဦးလှမိုးတို့မှာ စစ်တပ်က္ကသိုလ် (DSA)တွင် ပညာသင်ယူခဲ့ကြသူများဖြစ်သည်။

    ထို့ပြင် ဦးထွန်းအုံ၊ ဦးမင်းနောင်၊ ဦးခင်မောင်ရီ၊ ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဦးမြင့်ကြိုင်၊​ ဦးအောင်ကျော်ဟိုး၊ ဒေါက်တာမျိုးသိန်းကျော်၊ JP နော်တောင်နှင့် ဦးမျိုးသန့်တို့မှာ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း (OTS) ကျောင်းဆင်းများ ဖြစ်ကြသည်။

    အဆိုပါစစ်ဗိုလ်ချုပ်များက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စစ်တပ်က ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲအလွန်ကာလအထိ နိုင်ငံ့အာဏာကို ရယူထားပြီး စိတ်ကြိုက် ချယ်လှယ်ကြမည်ဖြစ်သည်။

    စစ်တပ်အရာရှိဟောင်း တစ်ဦးက “အခုလိုအပြောင်းအလဲကာလဆိုရင် ရာထူးမတိုးလောက်တော့ဘူးလို့ ကိုယ့်ကိုကိုယ် သိတဲ့ အရာရှိတွေက အရပ်ဘက်ကို ပြောင်းချင်ကြတယ်။ အရပ်ဘက်လစာ၊ စစ်ဘက်လစာ နှစ်ခုစလုံး ခံစားခွင့်ရကြတာကိုး။ နောက်တစ်ခုကတော့ ယူနီဖောင်းချွတ်ပြီး စီးပွားရေးလုပ်ရတာ ပိုသက်သာတယ်။ ယူနီဖောင်းနဲ့ဆိုရင် ၂၄ နာရီလုံးက On Duty ပဲ စစ်သားပဲလေ။ အရပ်ဘက်ကို ပြောင်းရပြီဆိုရင်လည်း ဘက်ဂျက်ဌာနတွေနဲ့ ပတ်သက်ပြီး ပြောင်းချင်ကြတယ်။ လုပ်စားလို့ကောင်းတယ်။ ငွေပိုရကြတယ်လေ။” ဟု အတွေ့အကြုံကို ပြောပြသည်။

    ဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာထူးများမှ အရပ်ဘက်ဝန်ကြီးဌာနများသို့ ပြောင်းရွှေ့လာသူများမှာ လာမည့် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာဦးမည့် အစိုးရဝန်ကြီးဌာနများတွင်လည်း ဆက်လက်ပါဝင်လာနိုင်ကြောင်း ရှေ့မီနောက်မီ နိုင်ငံရေးသမားများက မျှော်မှန်းကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks