spot_img
Tuesday, August 5, 2025
More
    spot_img
    Homeသတင်း“စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းပစ်နိုင်တာကိုပဲ ရခိုင်ပြည်သူတွေက စိုရိမ်းနေကြတာ” ဆိုတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    “စစ်တွေနဲ့ ကျောက်ဖြူကို မသိမ်းပစ်နိုင်တာကိုပဲ ရခိုင်ပြည်သူတွေက စိုရိမ်းနေကြတာ” ဆိုတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်ဒေသခံ အမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

    -

    ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့နယ်ပေါင်း ၆၃ ခုကို အရေးပေါ်အခြေအနေ သတ်မှတ်ပြီး စစ်အုပ်ချူပ်ရေးနယ်မြေဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် စစ်ကော်မရှင်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    စစ်ကော်မရှင်အနေဖြင့် စခန်းကျရှုံးပြီး လက်လွှတ်ခဲ့ရသည့် နယ်မြေအချိူ့နှင့် လက်လွှတ်ရလုနီးပါး စစ်ရေးပြင်းထန်နေသည့် နယ်မြေများကို စစ်အုပ်ချူပ်ရေးနယ်မြေအဖြစ် ကြေညာခဲ့ခြင်း ဖြစ်သည်။

    စစ်အုပ်ချူပ်ရေးကြေညာထားသည့် မြို့နယ် ၆၃ ခုထဲတွင် ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချူပ်ထားသည့် မြို့နယ်ပေါင်း ၁၄ ခု ပါဝင်နေသည်ကို တွေ့ရှိရသည်။

    ရခိုင်ပြည်နယ်ထဲက ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ်မြို့နယ်တို့ကို သက်ဆိုင်ရာ စစ်တိုင်းမှူးတို့က စစ်အုပ်ချူပ်ရေးအာဏာကျင့်သုံးခွင့်ကို စစ်ကော်မရှင်က ထုတ်ပြန်ခဲ့ခြင်းသည်။

    ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိသည့်အနက် စစ်တွေနှင့် မာန်အောင်မြို့နယ်ကိုသာ စစ်ကော်မရှင်တပ်တို့က ဆက်လက်ထိန်းချူပ်ထားနိုင်ပြီး ကျန်မြို့နယ်များတွင် AA က ထိန်းချူပ်ထားသည်ဟု ဆိုရမည်ဖြစ်သည်။

    ထိုကြောင့် စစ်အုပ်ချူပ်ရေးကြေညာခြင်းခံထားရသည့် မြို့နယ်တို့တွင် စစ်ကော်မရှင်ဘက်က စစ်ရေးလှုပ်ရှားမှု အခြေအနေ၊ ရခိုင်ဒေသခံတို့၏ စိုရိမ်းကြောက်လန့်မှုအခြေအနေနှင့် ပတ်သက်ပြီး AA နှင့် နီးစပ်သူတစ်ဦးဖြစ်သည့် ကျောက်တော်ဒေသခံ ကိုတင်အောင် (အမည်လွှဲ) ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီ (IMNA) က ဆက်သွယ်မေးမြန်းထားသည်။

    IMNA ။  ။ ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော် AA ထိန်းချူပ်ထားတဲ့ မြို့နယ်ပေါင်း ၁၄ ခုကို စစ်ကော်မရှင်က စစ်အုပ်ချူပ်ရေးကြေညာပြီးတဲ့နောက် စစ်ရေးဆိုင်ရာအခြေအနေတွေ ဘယ်လိုပြောင်းလဲမှုတွေ ရှိလာပါသလဲ။

    ကိုတင်အောင် ။  ။ ဟုတ်ကဲ့။ စစ်ကော်မရှင်ကနေပြီးတော့ ရခိုင်ဒေသကို စစ်အုပ်ချူပ်ရေးကြေညာပြီးတဲ့ နောက်မှာ စစ်ရေးအခြေအနေတွေက ပြောင်းလဲလာတာ ရှိပါတယ်။ စစ်ကော်မရှင်ဘက်ကနေပြီးတော့ ပင်လယ်ရေကြောင်းကနေပြီးတော့ စစ်ဆင်ရေးတွေ လုပ်ဆောင်လာပြီး စစ်အင်အား အလုံးအရင်း ပို့လာတယ်။ ကျောက်ဖြူတိုက်ပွဲဘက်ကိုလည်း အင်အားအမြောက်အများ ပို့တယ်။ တင့်ကားတွေနဲ့ အင်အားဖြည့်လာတာ ရှိတယ်။ ရခိုင်ကမ်းရိုးတန်းမှာ မရှိဖူးတဲ့ စစ်သင်္ဘောတွေလည်း ကင်းလှည့်လာပြီး သဲတွဲဘက်ကို ပစ်ခတ်လာတာ ရှိတယ်။ အဓိကကတော့ ရေတပ်လှုပ်ရှားမှုတွေက သိသိသာသာ တွေ့လာရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုဏ္ဏာန်းကျွန်းကို စစ်တွေနယ်နိမိတ်ကနေ အင်အားအလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်တာ ရှိတယ်။ ရခိုင်ဒေသစစ်ရေးအခြေအနေက အခုလက်ရှိက ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကော်မရှင်ဘက်ကလည်း အများကြီးပြင်ဆင်လာတာ ရှိတယ်။

    IMNA ။  ။ AA ဘက်က အခြေအနေလည်း ပြောပြပေးပါ ခင်ဗျာ။

    ကိုတင်အောင် ။  ။ စစ်ကော်မရှင်ဘက်က စစ်ရေးပြင်ဆင်နေတော့ ရခိုင်တပ်တော် AA ဘက်ကလည်း စစ်ရေးပြင်ဆင်မှုတွေ လုပ်ရတယ်ခင်ဗျာ။ သူတို့ကင်းစခန်းအနီးအနားမှာရှိတဲ့ ကျေးရွာတွေကို ပေးပြောင်းရွှေ့ခိုင်းရတယ်။ ကင်းစခန်းတွေမှာလည်း လက်နက်တပ်ဆင်နေတဲ့အနေအထား တွေ့ရတယ်။ စစ်ကော်မရှင်ဘက်က ဒီတစ်ခါစစ်ရေးပြင်ဆင်တာက ရေတပ်ကို ပိုအသုံးပြုနေတာ တွေ့ရတယ်ခင်ဗျ။

    IMNA ။  ။ အခုလို စစ်ကော်မရှင်ဘက်က စစ်ရေးကို ပိုပြီးပြင်ဆင်လာနေတဲ့အပေါ် ရခိုင်ဒေသခံပြည်သူတွေ ဘယ်လိုစိုရိမ်းမှုရှိပါသလဲ။

    ကိုတင်အောင် ။  ။ ရခိုင်ဒေသခံတွေရဲ့ စိုရိမ်းချက်က တစ်ခြားဒေသက ပြည်သူတွေရဲ့ စိုရိမ်းချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ ဘယ်လိုစိုရိမ်းနေကြတာလဲဆိုတော့ AA မသိမ်းပိုက်နိုင်သေးတဲ့ စစ်တွေနဲ့ ကျောက်ဖြူကို မရရအောင် AA ကို သိမ်းစေချင်နေကြတာ၊ အဲဒီဟာကို မသိမ်းပစ်နိုင်တာကိုပဲ ရခိုင်ပြည်သူတွေက စိုရိမ်းနေတာ။ ဘာပဲဖြစ်ဖြစ်၊ နိုင်အောင်တိုက်ပါစေတော့ဆိုတဲ့စိတ်မျိုး ရှိကြတယ်။ အဲတာကြောင့် တစ်ခြားဒေသက ပြည်သူတွေနဲ့ ခံယူချက်ကွာတယ်ပေါ့နော်။ သူတို့လည်း ထွက်ပြေးနေရတူတူပဲဆိုတော့ ဖြစ်ချင်ရာဖြစ်၊ နိုင်အောင်တိုက်ဖို့ပဲ လိုတယ်ဆိုတဲ့ စိတ်သဘောထားတွေ ရှိကြတယ်ဗျ။

    IMNA ။  ။ ဒါဆိုရင် ရခိုင်ဒေသဘက်မှာ စစ်ရေးအရှိန် မြှင့်တင်လာနိုင်တဲ့ အနေအထား ရှိပါသလား၊ ဘယ်လိုသုံးသပ်လို့ရပါသလဲ။

    ကိုတင်အောင် ။  ။ စစ်ကောင်မရှင်ဘက်က စစ်ရေးပြင်ဆင်မှုအပိုင်းကို ကြည့်ရင်တော့ စစ်ရေးအရှိန်တော့ မြှင့်လာမဲ့အနေအထား ရှိတယ်။ ဒါပေမဲ့ ဒါကြီးက ခြိမ်းခြောက်မှုသက်သက်ပဲ ဖြစ်နိုင်တယ်။ ဒီလောက် နယ်မြေကျယ်ပြန့်တဲ့ ရခိုင်ဒေသမှာ AA ရဲ့ ဒီလောက် ပြည့်ဝနေတဲ့ စစ်စွမ်းရည်တစ်ခုကို တိုက်မယ်ဆိုရင် လွယ်လွယ်နဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ သို့သော် လေကြောင်း၊ ရေကြောင်းကနေပြီးတော့ ပစ်ခတ်ခြိမ်း ခြောက်တဲ့ဟာတော့ ဖြစ်လာနိုင်တာပေါ့။ ရခိုင်တပ်တော် သိမ်းထားတဲ့ မြို့တွေကို တက်သိမ်းနိုင်ဖို့က ဝေးအုံးမယ်။ မြေပြင်ဘက်မှာ AA ဘက်က တော်တော်လေး အင်အားစုဆောင်းတာ၊ အင်အားပြင်ဆင်ထားတာလေးတွေ တွေ့ရတော့ တော်ရုံတန်ရုံနဲ့ AA ထိန်းချူပ်ထားတဲ့ မြို့တွေကို ရဖို့ဆိုတာက အင်မတန်မှ ခက်ခဲပါလိမ့်မယ်။

    IMNA ။ ။ ဟုတ်ကဲ့၊ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts