spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီ ထပ်မံပြင်ဆင်ပြဋ္ဌာန်း

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို စစ်ကောင်စီ ထပ်မံပြင်ဆင်ပြဋ္ဌာန်း

    -

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကောမရှင် (UEC) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်ပြဋ္ဌာန်းသည်ဟု ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၁၀) ၏ နောက်တွင် ပုဒ်မခွဲငယ် (၁၁) အဖြစ် “ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျုးလွန်ကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိခြင်း” ဆိုသော စာသားပါ ပုဒ်မခွဲငယ်တခုကို ဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) တွင် နိုင်ငံရေးပါတီတစ်ခုသည် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ငြိစွန်းလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားပြီး အဆိုပါ ဥပဒေပုဒ်မတွင် မူလက ပုဒ်မခွဲငယ် (၁၀) ထိရှိကာ လက်ရှိတွင် စစ်ကောင်စီက ပုဒ်မခွဲငယ်တစ်ခု ထပ်မံဖြည့်စွက်လိုက်ခြင်း ဖြစ်သည်။

    ရွေးကောက်ပွဲတွင် မဲမသမှုကို ဥပဒေဖြစ် အတားအဆီးလုပ်ခြင်းသည် ကောင်းသည့်အချက်ဖြစ်သော်လည်း မဲမသမာမှု ကိစ္စဖြင့် နိုင်ငံရေးပါတီတစ်ခုကို ဖျက်သိမ်းလိုက်ရခြင်းမှာ မဖြစ်သင့်ဟု မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ဟုတ်ကဲ့ ဒီဖြည့်စွက်တာနဲ့ ပတ်သက်ပြီးတော့လေ ဘယ်လိုပြောမလဲ မဲမသမာမှုပေါ့နော် အဲဒါနဲ့ ပတ်သက်ပြီးတော့ ဥပဒေနဲ့ အတားအဆီး လုပ်ထားတဲ့အတွက်ကြောင့် အရမ်းကို ကောင်းတဲ့အနေအထား တစ်ခုတော့ ရှိတာပေါ့၊ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့၊ ဒီမဲမသမာမှု ကိစ္စနဲ့ပဲ ပါတီတစ်ခုကို ဖျက်သိမ်းလိုက်ရတဲ့ အနေအထားအထိ အဲဒါတော့ နည်းနည်းတော့ ဘယ်လိုပြောမလဲ များသွားတာပေါ့နော်၊ ဒါတော့ မဖြစ်သင့်ဘူး။ မဲမသမာမှုဖြစ်လို့ရှိရင် အဲဒါအရေးယူဆောင်ရွက်မယ့် အနေအထားပေါ့၊ အခုတော့ ပါတီဖျက်သိမ်းတဲ့ အနေအထားကြတော့လည်း အဲဒါကြတော့ မဖြစ်သင့်ဘူး” ဟု ပြောသည်။

    စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မတွင် အသေးစိတ်ဖော်ပြထားခြင်း မရှိသေးသည့်အတွက် ရှင်းလင်းစွာ မသိရှိရကြောင်း၊ ရွေးကောက်ပွဲတွင် မဲနှစ်ကြိမ်ထည့်ခြင်း၊ မဲစာရင်းမပါဘဲ မဲထည့်ခြင်းများ ယခင်ကရှိခဲ့သည့်အတွက် အလားတူ ထပ်မံမဖြစ်ရန် ပြင်ဆင်ပြဋ္ဌာန်းခြင်းလားဟု နိုင်သန်းရွှေက ပြောသည်။

    စစ်ကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ ပထမအကြိမ် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးစားသည်ဆိုသော အကြောင်းပြချက်ဖြစ် စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks