spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသထုံတွင် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

    သထုံတွင် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် (ပလကဖ) ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (ပလကဖ) မှ တပ်ဖွဲ့ဝင် ၂ ဦး အပြင်ထွက်ရင်း လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပလကဖ အဖွဲ့ဝင် အသက် ၃၇ နှစ်အရွယ် အောင်ကိုဝင်းဆိုသူနှင့် အသက် ၃၈ နှစ်အရွယ် သန်းဇော်ဦးဆိုသူတို့ ၂ ဦး သေဆုံးသွားခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “သေဆုံးသွားသူတွေက ပုတိန်ရိုးရွာမှာရှိတဲ့ ကုန်စုံဆိုင်မှာ Kpay သွားထုတ်ပြီး အပြန်မှာ ရွာလယ်လမ်းမမှာဘဲ ပစ်ခတ်ခံခဲ့ရတာပါ။ အင်္ကျီအမဲရောင်ဆင်တူ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင် (၃) ဦးက ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီး ပစ်ခတ်သွားတာလို့ သိထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

    အခင်းဖြစ်ပွားရာနေရာတွင် ၉ – မမ ကျည်ခွံ ၁၀ ခုနှင့် ကျည်ဆံထိပ်ဖူး ၃ ခု တွေ့ရှိခဲ့ကြောင်း၊ သေနတ်သမားတို့က မိုးကောင်းကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

    ဇူလိုင်လ ၂၆ ရက်နေ့ ညကလည်း ဘီးလင်းမြို့နယ်၊ တဘက်ဆွဲကျေးရွာအုပ်စု၊ ဒေါင်းရွာကျေးရွာတွင် နေထိုင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၄၉ နှစ်အရွယ် စောဘခက်သည် ရွာအနီးရှိ ရော်ဘာခြံသို့ သွားပြီး အပြန်တွင် အမည်မသိသေနတ်သမား ၂ ဦးတို့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျည်ထိမှန်ဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks