spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရွေးကောက်ပွဲ အသိပညာပေးမှုအစီအစဥ်များ စစ်ကောင်စီ တိုးမြှင့်လုပ်ဆောင်လာနေ

    မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ အသိပညာပေးမှုအစီအစဥ်များ စစ်ကောင်စီ တိုးမြှင့်လုပ်ဆောင်လာနေ

    -

    လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် စစ်ကောင်စီသည် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲနှင့် သက်ဆိုင်သော အသိပညာပေးမှုအစီအစဥ်များ တိုးမြှင့်လုပ်ဆောင်လာနေကြောင်း သိရသည်။

    ယခုနှစ် ဇွန်လမှ စတင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင် ကိုင်တွယ်ထိန်းသိမ်းနည်း သင်တန်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အသိပညာပေးမှု အစီအစဥ်များကို မွန်ပြည်နယ်ရှိ ဘီလင်း၊ မော်လမြိုင်၊ ကျိုက်မရော၊ ပေါင်၊ ရေး၊ မုဒုံစသည့် မြို့နယ်တို့၌ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်သည်။

    “ဒီနေ့မနက် (ဇူလိုင် ၂၅ ရက်) မှာပဲ မုဒုံမြို့ အထက (၁) ကျောင်းမှာ လက်တွေ့သရုပ်ပြမဲပေးတဲ့ အခမ်းအနား လုပ်နေတယ်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ရွေးကောက်ပွဲမှာ ဝန်ဆောင်မှုပေးရမဲ့သူတွေ တက်ရောက်ကြတယ်” ဟု မုဒုံမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    မြန်မာအီလက်ထရောနစ်မပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာနည်းပြဆရာဖြစ်သင်တန်းကို မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ဇွန်လ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီးနောက် မဲပေးစက်နှင့်သက်ဆိုင်သည့် အသိပညာပေးမှုများကို စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာသည်ဟု ဆိုသည်။

    လက်ရှိ ဇူလိုင် ၂၅ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် မြို့နယ်ပေါင်း ၆ ခုတို့၌ အီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဥ်းသည့် အသိပညာပေးမှုများကို စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တို့က ပြုလုပ်ထားပြီးဖြစ်သည်။

    “ဟိုဘက်က (တော်လှန်ရေး) အဖွဲ့တွေ သတိပေးနေတာကတပိုင်းပေါ့၊ ဒီမှာတော့ သူ (စစ်ကောင်စီ) လုပ်စရာရှိတာ သူဆက်လုပ်နေတယ်၊ ကြားထဲမှာ ကျနော်တို့ပြည်သူတွေကပဲ ဟိုဘက်လည်း ကြောက်ရ ဒီဘက်လည်း ကြောက်ရနဲ့ ဘယ်လိုမှ အဆင်မပြေနေဘူး” ဟု သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား တက်ရောက်ခဲ့သူ မော်လမြိုင်မြို့ခံတစ်ဦက ပြောသည်။

    တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများနှင့် ပူးပေါင်းမလုပ်ဆောင်ရန် သတိပေး ထုတ်ပြန်ခဲ့ကြသည့် တော်လှန်ရေးတပ်ဖွဲ့တို့အနေဖြင့်လည်း မိမိတို့ထုတ်ပြန်ထားသည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန် မြေပြင်၌ စောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဥ်တရပ် ချမှတ်သင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

    ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိခဲ့သည်ဟု စွပ်စွဲအကြောင်းပြကာ အာဏာသိမ်းထားသည့် စစ်ကောင်စီက ယခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလနှင့် လာမည့် ၂၀၂၆၊ ဇန်နဝါရီလတို့အတွင်း ရွေးကောက်ပွဲကို အပိုင်းလိုက် ပြန်လည်ကျင်းပပေးမည်ဟု ထုတ်ပြောထားသည်။

    ၂၀၂၅ ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်တွင် ကျင်းပနိုင်ရန် စစ်ကောင်စီက စီစဉ်နေပြီး ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ၉ ပါတီနှင့် တိုင်း/ပြည်နယ်အလိုက် ယှဉ်ပြိုင်မည့် ပါတီ ၅၀ ကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks