spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဘီးလင်းတွင် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံး

    စစ်ကောင်စီ၏လက်နက်ကြီးကြောင့် ဘီးလင်းတွင် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသေဆုံး

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာတွင် စစ်ကောင်စီမှရမ်းသမ်း ပစ်ခတ်လိုက်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

    ယမန်နေ့ ဇူလိုင် ၂၃ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘီးလင်းမြို့နယ်ရွှေရောင်ပြရွာအခြေစိုက် စစ်ကောင်စီ (အမတ ၃၁၄) တပ်ရင်းမှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးသည် အလူးလေးရွာရှိ လူနေအိမ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အဆိုပါ (၁၅ )နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးခဲ့ရသည်ဟု ဒေသတွင်းတော်လှန်ရေး သတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

    “မိုးရွာနေတော့ပစ်တဲ့အသံမကြားရဘူး၊ နေ့တိုင်းနီးပါးပစ်နေကြတာပဲ၊ဒါမဲ့ ရွာအပြင်နဲ့ ရော်ဘာခြံတွေမှာကျတာများတယ်၊ ညနေ၂ နာရီကျော်ကျော်မှာ ၈ လုံးလောက်၊ ၆ နာရီခွဲမှာ ၁ လုံးပစ်လိုက်တယ်”  ဟုပြောသည်။

    အဆိုပါကျေးရွာတစ်ဝိုက်တွင် တော်လှန်ရေးအဖွဲ့မှလှုပ်ရှားသွားလာခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်နေခြင်းဖြစ်သဖြင့် (အမတ-၃၁၄) အနီးရှိ ကျေးရွာများဖြစ်သည့် အလူးလေးကျေးရွာအပါအဝင် သပြေနီ၊ ကရေဝေးဆိပ်ရွာ၊ ဖိုးဝါးသိမ်ရွာစသည့် ကျေးရွာနေဒေသခံများ စိုးရိမ်မကင်းဖြစ်နေရသည်။

    ဘီးလင်းရှိ စစ်ကောင်စီ (အမတ-၃၁၄)မှ လူနေကျေးရွာအတွင်းသို့ မကြာခဏ အကြောင်းမဲ့ပစ်ခတ်နေပြီး လူနေအိမ်၊ လုပ်ငန်းခွင် စိုက်ပျိုးရေးနေရာတို့ ပျက်ဆီးဆုံးရှုံးမှု ရှိနေသည်။

     ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးရွာရေသန့်စက်ရုံကို လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက်ခံရပြီး၊ ကိုဗစ်ကာလကပင် ပိတ်ထားသည့်စက်ရုံဖြစ်သည့်အတွက်  လူထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်တစ်ဦးကပြောသည်။

    စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုတို့ကိုလုပ်ဆောင်နေသည့် စစ်အုပ်စုတို့သည် လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကို အဓိကကျူးလွန်လျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၂၅ ဇွန်လအတွင်း စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်ကြောင့် အမျိုးသမီး ၃၄ ဦး သေဆုံးခဲ့ရကြောင်း (BWU) မှ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks