spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က စစ်ဆေးမှုပြုလုပ်ပြီး ထိန်းသိမ်းထား

    စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်သား ၃ ဦးကို ရေးဘီလူးအဖွဲ့က စစ်ဆေးမှုပြုလုပ်ပြီး ထိန်းသိမ်းထား

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) အမှတ် (၁၉) တပ်မှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်နေပြီး ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သိရသည်။

    အဆိုပါတပ်သား ၃ ဦးသည် စစ်မှုထမ်းသင်တန်းဆင်း တပ်သားများဖြစ်ပြီး၊ ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ရေးဘီလူးနယ်နိမိတ်အတွင်း ဝင်ရောက်လာခြင်းကြောင့် သွားရောက်ဖမ်းဆီးခဲ့ပြီး  ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ရေးဘီလူးခေါင်းဆောင်မှ ပြောကြားချက်အရ သိရသည်။

    လက်ရှိတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ၎င်းတို့သဘောဆန္ဒကိုမေးမြန်၍ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

    "ကျနော်တို့က သူတို့ကို အလွယ်တကူ ပြန်လွှတ်ပေးလို့မရဘူး။ သူတို့တွေရဲ့ ဆန္ဒအရတော့ နားထောင်းပေးရမယ်။ ဒီအခြေအနေမျိုးမှာ သူတို့က မရပ်တည်နိုင်ဘူးဆိုရင် သူတို့ကို ရွှေးခြယ်မှုတစ်ခုခုတော့ ပေးရမယ်။ ကျနော်တို့က အလွန်ဆုံးလုပ်လို့ရရင် သုံ့ပန်းအနေနဲ့ပဲဆောင်ရွက်လို့ ရမယ်။ဘာလို့ဆို သူတို့ကို စစ်မြေပြင်မှာမိခဲ့တဲ့သူတွေ မဟုတ်အတွက်ကြောင့်မို့လို့ စစ်သုံ့ပန်းအနေနဲ့ပဲ ဆောင်ရွက်လို့ရမယ်"ဟု ပြောသည်။

    ဖမ်းဆီးခံရသူများမှာ တပ်သား ၃ ဦးသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ အရှေ့စည်းကျေးရွာမှ မောင်ဝေယံအောင် (စစ်အပတ်စဉ် ၇၊ ပစ-၁၃၆၃၇၄)၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ် အရှေ့စည်းကျေးရွာမှ ပြည့်ဖုန်းစံ (စစ်အပတ်စဉ် ၇၊ ပစ-၁၃၆၃၇၅) နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက် ဇာတိ မောင်အောင်စိုးမင်း (စစ်အပတ်စဉ် ၆၊ ပစ-၁၃၀၈၃၉) မှ တပ်သားတို့ ဖြစ်သည်ဟု ရေးဘီလူးလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

     ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်မှုကြောင့် မြန်မာဘက်သို့  ပြန်ပို့လည်ပို့ဆောင်ခံရစဉ် စစ်ကောင်စီ၏ စစ်မှုထမ်းအတွက် အတင်းအဓမ္မစုဆောင်းခံခဲ့ရကြောင်း သိရသည်။

    ဇူလိုင်လ ၆ ရက်နေ့တွင် စကခ (၁၉) တပ်မှ ထွက်ပြေးလာရာ  ရေးမြို့နယ်အတွင်း ရက်အတော်ကြာ လမ်းပျောက်နေခဲ့ပြီး  ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ရေးဘီလူးတပ်ရင်း၏ နယ်နမိတ်အတွင်းသို့ ဝင်ရောက်လာသောကြောင့် သတင်းရရှိချက်အရ ဖမ်းဆီးခေါ်ဆောင်လာကြောင်း ဆက်ပြောသည်။

    “သူတို့ကို ဖမ်းမိချိန်မှာတော့ ဘာအခက်အခဲမှ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်တို့နယ်နိမိတ်က စစ်ကောင်စီတွေလည်း ဖြတ်သန်းနေရာဖြစ်တဲ့အတွက် သုံးယောက်တောင်ဆိုတော့ ရွှေ့ပြောင်းဖို့အခက်အခဲ ရှိခဲ့တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

    ပြည်သူများကို အဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်နေသည့် စစ်ကောင်စီက ထွက်ပြေးသွားသူများကို လူကိုယ်တိုင်ဖြစ်စေ၊ ဒရုန်းအသုံးပြု၍ဖြစ်စေ လိုက်လံဖမ်းဆီးနေပြီး၊ ဖမ်းဆီးရမိပါက ရှေ့တန်းစစ်မြေပြင်၌ ထပ်မံအသုံးပြုနေသည်ဟုလည်း ထွက်ပြေးလွတ်မြောက်လာသူတို့ ပြောပြချက်အရ သိရသည်။

    စစ်ကောင်စီတပ်သားနှင့်နည်းတူ ရဲတပ်ဖွဲ့ဝင်တို့လည်း ထွက်ပြေးနေပြီး ဇွန်လအတွင်း  နိုင်ငံတစ်ဝှမ်းရှိ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၁၂၀ ဦးကျော်အထိ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ခဲ့သည်ဟု ပြည်သူ့ပန်းတိုင်အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks