spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းလက်နက်ဝယ်ယူရရှိမှု လွယ်ကူနေခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်စေသည့် ရာဇဝတ်မှုတို့အဆိုးရွားဆုံးဖြစ်လာ

    လက်နက်ဝယ်ယူရရှိမှု လွယ်ကူနေခြင်းကြောင့် အသက်အန္တရာယ်ထိခိုက်စေသည့် ရာဇဝတ်မှုတို့အဆိုးရွားဆုံးဖြစ်လာ

    -

    တရားဥပဒေစိုးမိုးမှုကင်းမဲ့နေခြင်းနှင့်အတူ မှောင်ခိုဈေးကွက်တို့တွင် လက်နက်အလွယ်တကူ ဝယ်ယူရရှိလာသည့်နောက် မွန်ပြည်နယ်အတွင်း နေ့စဉ်လူမှုပတ်ဝန်းကျင်တို့တွင် လက်နက်ကိုင်ဆောင်သည့် ရာဇဝတ်ကျူးမှုတို့ အဆိုးရွားဆုံးဖြစ်လာနေသည်ဟု မြို့ခံတို့ကဆိုသည်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်မှောင်ခိုဈေးကွက်များမှတစ်ဆင့် ဈေးနှုန်းအသင့်သင့်ရှိသည့် လက်နက်တို့ကို အလွယ်တကူဝယ်ယူနိုင်ပြီး စစ်တပ်နှင့်နီးစပ်သည့် အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့စစ်၊ လုပ်ငန်းရှင်တို့အပြင် သာမန်ဒေသခံတို့ ဝယ်ယူအသုံးပြုမှုများလာနေသည်။

    လက်နက်ကိုင်ဆောင်သူ များပြားလာသည်နှင့်အမျှ  ပြည်သူတို့ အကြမ်းဖက်ခံရမှုမြင့်တက်လာနိုင်ပြီး နေ့စဉ်လုံခြုံမှု စိုးရိမ်စရာ ဖြစ်လာစေကြောင်းလည်း လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “  သေနတ်တစ်လက်ကိုသိန်း ၄၀ လောက်ပေးတာနဲ့ဝယ်လို့ရတယ်၊ ဒါ့အပြင်ကျည်ဆံကလည်းတစ်ထောင့်ကို တစ်သောင်းင်းနှုန်းနဲ့ ဝယ်လို့ရတယ်၊ အုပ်ချုပ်ရေးမှူးတွေလည်း ကိုင်ကြသလိုစစ်တပ်နှင့် နီးစပ်သူတွေ၊ ပြည်သူ့စစ်လိုလို ဘာလိုလိုတွေလည်း ကိုင်ထားကြတယ်၊ ဒီနိုင်ငံကထိန်းလို့ မနိုင်တော့ဘူး၊ လုံခြုံရေးအရမ်းအားနည်းသွားတယ်” ဟု၎င်းကပြောသည်။

    ယခုရက်ပိုင်းအတွင်း မြို့လယ်ခေါင်အတွင်း ရာဇဝတ်မှုကျူးလွန်နေသူတို့သည် စားဝတ်နေရေးအခက်အခဲကြောင့်မဟုတ်ဘဲ လက်နက်ကိုင်ဆောင်၍ ရမ်းကားနေခြင်းဖြစ်ကြောင်းလည်း ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်က မုဒုံမြို့လယ်ရှိ ရွှေဟင်္သာဈေးအတွင်း အမည်မသိသေနတ်သမားတစ်ဦးက ရွှေဆိုင်ပိုင်ရှင်ကို  သေနတ်ဖြင့် ပစ်ခတ်၍ ဆိုင်အတွင်းရှိ ရွှေထည်တို့ကို ယူဆောင်သွားခဲ့သည်။

    အဆိုပါဖြစ်စဉ်ကို လက်ရှိအချိန်ထိ သက်ဆိုင်ရာအဖွဲ့များ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးသည့်အပြင်၊ မော်လမြိုင်- မုဒုံလမ်းမကြီးပိုင်း၊ လူအသွားအလာနည်းပါးချိန်တွင် လမ်းသွားလမ်းလာတို့ ဆိုင်ကယ်နှင့် တန်ဖိုးကြီးပစ္စည်းများ ထပ်မံလုယက်ခံနေရသဖြင့် မြို့ခံတို့ကြား စိုးရိမ်မှုမြင့်တက်နေသည်။

    စစ်ကောင်စီ နယ်မြေတာဝန်ရှိသူတို့မှ ရဲစခန်းလုံခြုံရေးနှင့် ၎င်းတို့၏လုံခြုံရေးကိုသာအဓိကလုပ်ဆောင်နေရသည့်အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကို မဆောင်ရွက်ပေးနိုင်တော့ကြောင်းလည်း မွန်ပြည်နယ်မှ ဥပဒေအရေး ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

    “နယ်ထိန်းတွေကဘယ်သူက ဘာလုပ်တယ်၊ ဘယ်သူမှာဘာရှိလဲဆိုတာ သူတို့သိရမယ်၊ အခုဆိုရင် လူတွေပျောက်တယ်ကွာ ဆိုးဆိုးဝါးဝါးပဲ၊ လုပ်ငန်းကတော့ အားလုံး ပြန်လည်ပတ်ရတယ်ပဲ လုံခြုံရေးမရှိဘူး၊ကျီးလန့်စာစားဖြစ်နေရတယ်၊
    ဒီခေတ်မှာက ဘယ်သူမှ လုံခြုံရေးအရအာမခံချက်မရှိဘူး၊ ဥပဒေလည်း သိပ်မစိုးမိုးတော့ဘူး ”
    ဟု ၎င်းကပြောသည်။

    ထို့ကြောင့် ယနေ့လူမှုဝန်းကျင်တွင် ဥပဒေနှင့် ချည်နှောင်ထားခြင်းမရှိတော့သဖြင့် ပြည်သူတို့ လုံခြုံရေးသတိရှိရန်လည်း  တိုက်တွန်းထားသည်။

    ပြည်တွင်းစစ်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ရာနှင့်ချီရှိသည့် ခုခံတော်လှန်ရေးအဖွဲ့တို့ ပေါ်ပေါက်လာသည့်နောက် လက်နက်ဝယ်လိုအားများလာပြီး ဈေးနှုန်းလည်း အဆမတန်မြင့်တက်လာနေသည်။

    မွန်ပြည်နယ်မှ လက်နက်ဝယ်ယူအသုံးပြုသူတို့သည့် အဓိကအားဖြင့် ဘုရားသုံးဆူ နယ်စပ်ဈေးကွက်ကို ပိုမိုအားထားနေကြကြောင်းလည်း သတင်းအရင်းမြစ်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks