spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစနစ်သစ်ပုံစံအတိုင်း ရွေအရောင်းအဝယ်ပြုလုပ်ရန် ရွေလုပ်ငန်းရှင်များ ဖိအားပေးခံနေရ

    စနစ်သစ်ပုံစံအတိုင်း ရွေအရောင်းအဝယ်ပြုလုပ်ရန် ရွေလုပ်ငန်းရှင်များ ဖိအားပေးခံနေရ

    -

    စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ ပြည်တွင်းရှိ ရွှေဆိုင်များ ၄င်းတို့သတ်မှတ်ထားသည့် စနစ်သစ်ပုံစံ ရောင်းချမှုပြုလုပ်ရန် ဖိအားပေးနေသည်ဟု ရွှေလုပ်ငန်းရှင်တို့၏ ပြောကြားချက်အရ သိရသည်။

    ဓာတ်သတ္တု ( ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီမှ သတ်မှတ်ထားသည့် အလေးချိန်ဖြစ်သည့် ရွှေတစ်ကျပ်သား (၁၆.၃၂၉၂၅) ဂရမ်ပုံစံအတိုင်း ရောင်းချရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်မှ ညွှန်ကြားထားသည့်နောက် ယခုဇူလိုင်လတွင် မြေပြင် စစ်ဆေးအရေးယူမှုများ ပြုလုပ်လျှက်ရှိသည်။

    စစ်ဆေးမှုလုပ်ဆောင်ရာတွင် ရွှေဆိုင်များ သတ်မှတ်ထားသည့် စနစ်သစ်အတိုင်း အရောင်းဝယ်ပြုလုပ်မှုရှိမရှိ၊ စနစ်သစ်ဖြင့် ရောင်းဝယ်နေကြောင်း ပိုစတာကပ်ထားခြင်းရှိမရှိနှင့် စနစ်သစ်ချိန်ခွင် အသုံးပြုထားခြင်းရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးနေသည်ဟု သိရသည်။

    ရောင်းချသည့် ရွှေအရည်အသွေးများလည်း ဘောက်ချာပါဖော်ပြချက်နှင့် ကိုက်ညီရမည်ဖြစ်ပြီး၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်းသာရောင်းဝယ်ခွင့်ရှိမည်ဖြစ်သည်ဟု ရွှေရောင်းချသူတို့ကို အသိပေးပြောဆိုလျှက်ရှိသည်။

    “အဲဒါက သူတို့ ဖိအားပေးတဲ့ ပုံစံပေါ့နော် သူတို့ထုတ်ထားတဲ့ စနစ်သစ်အတိုင်းပဲ ရောင်းခိုင်းတာပေါ့။ အခုက ဆိုင်အကြီးတွေကို စပြီးစစ်ဆေးနေတယ်လို့ကြားတယ်။ ဒီစနစ်ဟောင်းကို တကယ် ဖြုတ်လိုက်မယ်ဆို ဖောက်သည်တွေက မျက်စိလည်မယ်။ ဒီစနစ်နဲ့ပတ်သတ်ပြီး အရောင်းအဝယ်လုပ်တဲ့အခါ နာလည်းတဲ့သူကတစ်မျိုး၊ နာမလည်တဲ့သူဆိုရင် ငွေကွာဟမှုတွေ နည်းနည်းရှိတယ်။ ရွှေဆိုင်အများစုက ဒီစနစ်ဟောင်းနဲ့ ရောင်းဝယ်တာများနေတော့ ဆိုင်းကြီးတွေရော ဆိုင်သေးတွေရော အကုန်အလုပ်တွေရှုပ် ပြသာနတွေရှုပ်ကုန်မယ်” ဟု သံဖြူဇရပ်မှ ရွှေလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

     လိုက်နာမှုမရှိပါက ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) နှင့် ရာဇသတ်ကြီး ပုဒ်မ (၁၀၉) တို့အရ အရေးယူမည်ဖြစ်ပြီး ထောင်ဒဏ် ၆ လ မှ ၃ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်းလည်း ဆက်ပြောသည်။

    စစ်ကောင်စီတို့ သတ်မှတ်ထားသည့် စနစ်သစ်အလေးချိန်တွင် ရွှေတစ်ကျပ်လျှင် ၁၆. ၃၂၉ ဂရမ်ရှိပြီး၊ စနစ်ဟောင်းအရ ၁၆.၆၀၆ ဂရမ်ရှိသဖြင့် တစ်ကျပ်သားလျှင် ဝ.၂၇၇ ဂရမ်ခန့်အထိ ကွားခြားနေသောကြောင့် ဈေးနှုန်းအားဖြင့် ၁သိန်း၃သောင်းခန့် ကွာဟမှုရှိနိုင်ကြောင်းလည်း ရွှေရောင်းသူတို့ ရှင်းလင်းပြောဆိုချက်အရ သိရသည်။

     ရွှေလုပ်ငန်းရှင်အများစုတို့ စနစ်ဟောင်းဖြင့်သာ ရောင်းချလာခဲ့ကြသဖြင့် အလေးချိန်ကွာဟမှုတို့ကြောင့် ရွှေကုန်သည်များနှင့် ဖောက်သည်များအကြာ နားလည်မှုလွဲပြီး အရောင်းအဝယ်အေးသွားမည်ကို ရွှေဆိုင်လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။  

    “ ဒီစနစ်ဟောင်းနဲ့ဝယ်တဲ့သူပိုများတယ်။ စနစ်ဟောင်းနဲ့ ရောင်းတဲ့ဆိုင်က ၈၀% လောက်ရှိတယ်။ ပြီးတော့ ဆိုင်ကြီးတွေမှာ သွားဝယ်တာ စနစ်ဟောင်းနဲ့ပဲ သူတို့ ရောင်းပေးနေတော့ သူတို့မပြောင်းသေးဘူးဆို၊ ကိုယ့်လိုဆိုင်အသေး၊ အလတ်တွေက ပြောင်းဖို့အဆင်မပြေဘူးလေ။ ဒီလပဲ ဈေးကျတော့ order တွေဝင်တာ နည်းနည်းများလာတာ အရင်လကဆို ရောင်းမကောင်းဘူး။ အခုကဒီစနစ်သစ်တွေနဲ့ ရှုပ်ပြန်တယ်၊ပြီးတော့ အခုလုံခြုံမှုကိုလည်း စိတ်ပူရတယ်” ဟု မော်လမြိုင်မြို့ရှိ ရွှေဆိုင်ရှင်တစ်ဦးက ပြောသည်။

    ယနေ့ဇူလိုင်လ ၁၇ ရက်နေ့တွင် စနစ်ဟောင်း ပြည်တွင်းရွှေဈေး ၁၆ ပဲရည် တစ်ကျပ်သား ၇၈ သိန်း ၇သောင်း ပေါက်ဈေးရှိနေပြီး စနစ်သစ်မှာ ရွှေဈေးသတ်မှတ်ချက်အရ တစ်ကျပ်သား ၇၇ သိန်း၊ ၄ သောင်းဝန်ကျင်း ရှိနေသည်။

    ပြီးခဲ့သည့်ဇူလိုင်လ ပထမအပတ်တွင် ရန်ကုန်မြို့မှ ရွှေကုန်သည် သုံးယောက်နှင့် မန္တလေးမြို့မှ ရွှေကုန်သည် ခုနှစ်ယောက်ကို ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) နှင့် ရာဇသတ်ကြီး ပုဒ်မ (၁၀၉) တို့အရ အရေးယူဆောင်ရွက်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks