spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမော့ကနင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ

    မော့ကနင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ စစ်ကောင်စီ၏ ကွမ်ကျိုက်တပ်စခန်းအနီးရှိ ကာကင်းစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့မှ ယနေ့ နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း (MSRF) မှ ထုတ်ပြန်ချက်အရ သိရသည်။

    အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီကာကင်းစခန်းကို တော်‌လှန်ရေးပူပေါင်တပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၃‌‌ဦး သေဆုံးပြီး ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု (MSRF)မှ ပြောရေးဆိုခွင့်ရှိသူ မိတလညာဏ်က ပြောသည်။

    “ကွမ်ကျိုက်တပ်စခန်းမှာ စစ်ကောင်စီ အင်အား ၃၀‌ လောက် နဲ့ အနီးမှာရှိတဲ့ ကင်းပုန်းစခန်းကိုလည်း သူတို့အင်အား ၁၅ယောက်လောက်ရှိတယ် အဲ့တာကို ကျမတို့ တော်လှန်ရေးအဖွဲ့‌တွေ ပူပေါင်းပြီးတော့ ဝင်တိုက်ခဲ့တာ ပျောက်ကျားတိုက်ပွဲဖြစ်တဲ့အတွက် မိနစ်၃၀ လောက် ဖြစ်ပွားခဲ့တယ်” ဟု သူမက ပြောသည်။

    အဆိုပါ တိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း(၂၇) ၊ တပ်ခွဲ(၁) တို့မှ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

    တိုက်ပွဲမှ တော်လှန်ရေးမဟာမိတ်ပူး‌ပေါင်းတပ်များ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

    နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ရေးမြို့အခြေစိုက် အမြှောက်တပ်များမှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း မိတလညာဏ်က ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ကလည်း (၆၃) နှစ်မြောက် 7 July အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ကလော့ကျေးရွာအနီးရှိ အမတ(၃၁၆) အမြောက်တပ်ကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ နှင့် စစ်ရေးမဟာမိတ်ဒေါနတပ်ရင်းတို့မှ ပူပေါင်း၍ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

    ဗုံးကြဲခဲ့သည့် ဗဟိုကင်းတွင် လူစုလူဝေးပြုလုပ်နေသည့် အချိန်ဖြစ်သည့်အတွက် စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တို့ထံမှ သိရသည်။

    ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ ကင်းစခန်းနှင့် တပ်စခန်းတို့ ယခုဇူလိုင်လအတွင်း တော်လှန်ရေးပူးပေါင်းအဖွဲ့တို့နှင့် မကြာခဏ တိုက်ခိုက်ခံနေသဖြင့် လုံခြုံရေးအထူးတင်းကြပ်နေသည်ဟုလည်း ရေးဒေသခံတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks