spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထီးခီးနယ်စပ်ကုန်သွယ်ရေး တစ်နိုင်တစ်ပိုင်ကုန်စည်ယာဉ်ဖြင့်သာ လည်ပတ်နိုင်သေးဟုဆို

    ထီးခီးနယ်စပ်ကုန်သွယ်ရေး တစ်နိုင်တစ်ပိုင်ကုန်စည်ယာဉ်ဖြင့်သာ လည်ပတ်နိုင်သေးဟုဆို

    -

    ထိုင်းနယ်စပ်၊ ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ဒေသခံများ၏ အခြေခံကုန်စည်လိုအပ်ချက်အတွက် တစ်နိုင်တစ်ပိုင်ကုန်စည်ယာဉ်ဖြင့် တင်သွင်းလည်ပတ်နေသည်ဟု KNU တာဝန်ရှိသူထံမှ သိရသည်။

    ထိုင်း-မြန်မာနယ်စပ်ရှိ (ဖူနမ့်ရွန်း)ထီးခီးအမြဲတမ်းနယ်စပ်ဂိတ်ကို ဇူလိုင် ၅ ရက်နေ့မှစ၍ လူ၊ယာဉ်နှင့် ကုန်စည်များအတွက် ပြန်လည်ဖွင့်လှစ်လိုက်ပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက တရားဝင်ကြေညာခဲ့သည်။

    လုံခြုံရေးအခြေအနေများ တည်ငြိမ်မှုရရှိလာပြီးဖြစ်သည်ဟု သုံးသပ်ရသဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထီးခီးဒေသရှိ နယ်စပ်ဂိတ်ကို ကန်ချနဘူရီမြို့နယ်၊ အုပ်ချုပ်ရေးရုံးမှ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းအရင်းမြစ်များအရ သိရသည်။

    ကန်ချနဘူရီနယ်စပ်နှင့် ထီးခီးနယ်စပ်ကုန်သွယ်ရေးကို ထိန်းသိမ်းထားသည့် KNU အနေဖြင့် တစ်နိုင်တစ်ပိုင်ကုန်သည်များမှ အခြေခံစားသောက်ကုန် လိုအပ်ချက်အရ ကုန်သွယ်ရေးလည်ပတ်နေမှုကို ဆောင်ရွက်ပေးနေကြောင်း အဆိုပါဒေသရှိ နယ်စပ်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

    “ကန်ချနဘူရီနဲ့ထီးခီးနယ်စပ်မှာ တစ်နိုင်တစ်ပိုင်ကုန်သည်တွေ နှစ်ဖက်နိုင်ငံသားတွေရှိတဲ့ border line ဖြစ်တယ်၊ ကုန်စိမ်းကိုကုန်သွယ်ခွင့်တွေ၊ အခြေခံလိုအပ်ချက်ရဲ့ကုန်သွယ်မှုတွေကို လုပ်နေတာတော့ တွေ့ရတယ်၊ အချို့လည်ပတ်မှုတွေက စပြီးတော့ရှိနေပါပြီး” ဟု ၎င်းက ပြောသည်။

    သို့သော် ထီးခီးနယ်စပ်ရွာတို့တွင် ကုန်စည်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခြင်း၊ လူဖြတ်သန်းသွားလာခြင်းတို့ကို ခွင့်မပြုသေးဘဲ ဈေးသည်ယာဉ်ငယ်များကိုသာ ဖြတ်သန်းခွင့်ပြုထားသည်ဟုလည်း တပ်မဟာ ၄ တာဝန်ခံ ပဒိုစောအယ်နားက ဆိုသည်။

    “ကုန်စည်ကားတွေဖြတ်သန်းလို့မရသေးဘူး၊ ဒါမဲ့ထီးခီးရွာမှာ ဈေးသည်ကားကား သေးသေးလေးတွေ တော့ဝင်လာလို့ရတယ် လူအဝင်အထွက်လည်းမရဘူး အရင်ကအတိုင်းပဲ ဈေးကားလေးတွေထီးခီးကို ဝင်လာလို့ရတယ်” ဟု ၎င်းကပြောသည်။

    ဖူးနမ့်ရွန်း- ထီးခီးနယ်စပ်ဂိတ်သည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ၆ ခုထဲတွင်ပါဝင်သည့် စီးပွားရေးအရအလွန် အရေးပါသည့် ဂိတ်တစ်ခုဖြစ်သည်။

    ယနေ့အထိ ထားဝယ်- ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီနှင့်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည့်အပြင်၊ လမ်းပိုင်းတွင် စစ်ကောင်စီစခန်းကုန်း၊ ဗျူဟာကုန်း၊ ကျန်ရှိနေသောကြောင့် တစ်နိုင်တစ်ပိုင်ကုန်စည်ဖြတ်သန်းခွင့်ကိုပင် သွားလာခွင့်ပြုရန် လွန်စွာခက်ခဲနေသည်ဟု အဆိုပါဒေသရှိ တော်လှန်ရေးတာဝန်ခံ သူတစ်ဦးကပြောသည်။

    “ ထားဝယ်နဲ့ထီးခီးလမ်းမှာတော့ စစ်ကောင်စီစခန်းတွေကျန်ပါ သေးတယ် မေတ္တာဗျူဟာ စခန်း ကုန်းရယ်၊ မေတ္တာမြို့ပေါ်မှာရှိတဲ့ ရဲစခန်းတွေလည်းရှိပါသေးတယ်၊ ကျောက်မဲတောင်ရဲစခန်း၊ ပကာရီ ရဲစခန်း အဲ့တာကိုကျော်ပြီးတော့မှပဲ ထားဝယ် မြို့ကိုရောက်တာ၊ အဲ့လမ်းကိုတော်လှန်ရေးအဖွဲ့တွေ မသိမ်းနိုင်သေးသရွေ့ တစ်နိုင်တစ်ပိုင် ကုန်စည် စီးဆင်းမှုလေးတောင် သွားဖို့လာဖို့တော့ခက်ခဲပါသေးတယ် ” ဟု ၎င်းကပြောသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နေရာအများစုတို့ကို စစ်ကောင်စီမှ ဖြတ်လေးဖြတ်လုပ်ဆောင်နေသည်မှာ ကြာမြင့်လာပြီးဖြစ်၍ ယခုကဲ့သို့ နယ်စပ်ထွက်ပေါက်ရရှိသည့်အတွက် အသက်ရှူချောင်သွားစေသည့် အနေအထားရှိလာကြောင်း ၎င်းကဆက်ပြောသည်။

    ထိုင်းအာဏာပိုင်တို့မှ နယ်စပ်ကုန်သွယ်ရေး၊ ရင်နှီးမြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများကို အားပေးမြှင့်တင်ရန် ရည်ရွယ်၍ ဇူလိုင်လ ၅ ရက်နေ့မှစ၍ နယ်စပ်ဖြတ်ကျော်မှုများကို ခွင့်ပြုလိုက်သည်ဟု ထုတ်ပြန်စာတွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks