spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျောင်းရပ်နားထားသည့် မြန်မာကျောင်းသားများ ဘဏ်အကောင့်ဆက်တိုက်ပိတ်သိမ်းခံလာရ

    ကျောင်းရပ်နားထားသည့် မြန်မာကျောင်းသားများ ဘဏ်အကောင့်ဆက်တိုက်ပိတ်သိမ်းခံလာရ

    -

    ထိုင်းနိုင်ငံအတွင်းရှိ ပုဂ္ဂလိကဘဏ်တို့မှ ယခုဇူလိုင်လအတွင်း မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် ဘဏ်အကောင့်တို့ကို သက်ဆိုင်ရာမှ အချက်အလက်မှန်ကန်မှု ရှိမရှိ စစ်ဆေးနေပြီး အကောင့်ပိတ်သိမ်းမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

    ဘဏ်အကောင့်ဖွင့်ထားသည့် အမည်၊ ဖုန်းဆင်းကတ်အမည်တို့ဖြင့် အသေးစိတ်တိုက်စစ်ကာ ကိုက်ညီမှုမရှိပါက ဘဏ်မှတစ်ဆင့် အသိပေးစာပေးပို့၍ အချက်အလက် ပြင်ဆင်ခိုင်းနေသည်ဟု ထိုင်းရောက် မြန်မာနိုင်ငံသားတို့မှ သိရသည်။

    သို့သော် ကျောင်းသား Visa ဘဏ်အကောင့်ကိုင်ဆောင်ထားသူတို့အနေဖြင့် ကျောင်းရပ်နားလိုက်ပါက စာတိုအကြောင်းကြားခြင်းမရှိဘဲ ဆိုင်းငံ့ခြင်း၊ အကောင့်ပိတ်ခြင်းတို့ လုပ်ဆောင်ခံနေရသည်ဟု မဟာချူလာလောင်ကွန်တက္ကသိုလ်ကျောင်းမှ ကျောင်းသူတစ်ဦးက ပြောသည်။

    “ကျောင်းဆက်မတက်ဖြစ်တော့လေ မကြာဘူး၊ ဘဏ်အကောက်အပိတ်ခံလိုက်ရတာ၊ ကျောင်းတက်မှ ပြန်ဖွင့်ပေးတာ၊ ဘဏ်မှာတော့ အရမ်းရစ်တယ်၊ ပွဲစားနဲ့သွားရင် အဆင်ပြေမယ်၊ အပိတ်မခံချင်ရင်တော့ ကျောင်းဆက်တက် ပြီးရင်ဘဏ်မာသွားပြောပြီးမှ ပြန်ဖွင့်ပေးတယ်"ဟု ဆိုသည်။

    ထို့အပြင် ဘဏ်အကောင့် ပိတ်ခံရသည့် ကျောင်းသားတို့အနေဖြင့် ပိတ်မိနေသည့်ငွေတို့ကို ဘဏ်မှပြန်လည်ထုတ်ပေးခြင်းမရှိသဖြင့် အခက်ကြုံနေရကြောင်းလည်း ဆက်ပြောသည်။

    ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများ Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းဆင်းကတ်ဖြင့်သာ သုံးစွဲရမည်ဖြစ်ကြောင်း ထိုင်းအစိုးရမှ ပြီးခဲ့သည့်လမှစ၍ ထုတ်ပြန်မှုများရှိခဲ့သည်။

    ငွေသားထုတ်ယူမှုကိုလည်း ပုံမှန်အားဖြင့်တစ်ရက်လျှင် ဘတ် ၅ သောင်းထက်ပို၍ လွှဲရန်ခွင့်မပြုကြောင်းနှင့် ဘတ် ၅ သောင်းပမာဏထက်လွှဲယူလိုပါက သက်ဆိုင်ရာဘဏ်များထံ Face ID ဖြင့် scan တင်ပြီးလိုအပ်သည့်ငွေပမာဏထုတ်ယူနိုင်သည်ဟု သတ်မှတ်ထားသည်။

    ကျောင်းသားတို့နှင့်နည်းတူ ထိုင်းရောက် မြန်မာလုပ်သားတို့လည်း ဘဏ်အကောင့် ပိတ်ခံနေရပြီး ပြန်လည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းအထိ သွားရောက်ဖြေရှင်းရသည့်အပြင် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တို့လည်းများနေကြောင်း မြန်မာလုပ်သားတစ်ဦးက ဆိုသည်။

    “ ဘန်ကောက်နဲ့ အယုဒ္ဓယဘဏ်ကနေပိတ်တာ ပိုများတယ်၊ ပိတ်ခံရရင်တော့ ဖုန်း operator တွေဆီကိုသွားရ၊ သွားပြီးတော့ ကိုယ့်ရဲ့နိုင်ငံကူးလက်မှတ်နဲ့ Simcard ကို နာမည် Update သွားလုပ်ရတယ်၊ လုပ်ပြီးရင်တော့ ဒေတာဖြတ်ပိုင်းလေးပေးလိုက်တယ်၊ ဖြတ်ပိုင်းကို ယူပြီးတော့ နိုင်ငံကူးလက်မှတ်ရယ် ဘဏ်စာအုပ်ရယ်၊ အဲ့ဒီဒေတာဖြတ်ပိုင်းရယ်နဲ့ ဘဏ်ကို ပြန်သွားလုပ်ရတယ်၊ အဲ့တာနဲ့အပိတ်ခံရတဲ့ အကောင့်တွေပြန်ဖွင့်ပေးတယ် ” ဟု ၎င်းက ပြောသည်။

    သို့သာ် သက်ဆိုင်ရာဘဏ်မှ အသိပေးစာရောက်ရှိလာပါက သတ်မှတ်ရက်အတွင်းပြန်လည်ပြင်ဆင်နိုင်လျှင် ဘဏ်အကောင့်ပြန်ဖွင့်ပေးနေကြောင်းလည်း ဆိုသည်။

    ထိုင်းအာဏာပိုင်မှ မြန်မာအပါအဝင် ထိုင်းဘဏ်တွင် ဖွင့်ထားသည့်နိုင်ငံခြားသားဘဏ်အကောင့်များကို ပိတ်သိမ်းနေခြင်းသည် ကျားဖြန့်လုပ်ငန်းနှင့်ငွေကြေးခဝါချမှုများကြောင့် ဖြစ်သည်ဟုထိုင်းသတင်းဌာန၏ဖော်ပြချက်များအရသိရသည်။

     ထိုင်း- မြန်မာနယ်စပ်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတို့ကို နှိမ်နင်းဖို့အတွက် အထောက်အထားမခိုင်မာသည့် ဘဏ်အကောင့် ၂ သန်းနီးပါးကို ၂၀၂၅ နှစ်စပိုင်းမှာ ပိတ်သိမ်းခဲ့သည်ဟု ထိုင်းမှ ကြေညာထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks