spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ပေါ်တွင် ငြိမ်းချမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပမည်ဟု ဆို

    ဘုရားသုံးဆူမြို့ပေါ်တွင် ငြိမ်းချမ်းချမ်းရေး ဆုတောင်းပွဲ ကျင်းပမည်ဟု ဆို

    -

    အာဏာသိမ်း စစ်ကောင်စီက ဦးဆောင်၍ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ငြိမ်းချမ်းရေး ဆုတောင်းပွဲတရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အဆိုပါ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ဇူလိုင်လ (၆) ရက် (တနဂႅနွေနေ့) နံနက်ပိုင်းအချိန်တွင် ဘုရားသုံးဆူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ဓမ္မဟေဝန်ပရဟိတဘုန်းတော်ကြီးကျောင်း၌ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်းအခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းအများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာဌာနအချို့ကိုလည်း ဖိတ်ကြားထားသည်ဟု IMNA ၏ မြို့ခံသတင်းအရင်းအမြစ်တစ်ဦးက ပြောပြသည်။

    “ဒီ (ဆုတောင်း) ပွဲကို သန်းလွင်ထွန်းဆိုတဲ့လူက ဦးဆောင်ကျင်းပတာဖြစ်တယ်၊ မနက်ဖြန် မနက်ပိုင်းအချိန်မှာ ကျင်းပမယ်လို့ ကြားတယ်၊ ပွဲစီစဥ်သူ (သန်းလွင်ထွန်း) ဆိုတဲ့သူဟာ အရင်က VOA (မြန်မာသတင်းဌာန) မှာ အလုပ်လုပ်ခဲ့သူတစ်ဦးဖြစ်တယ်၊ နေပြည်တော် Peace Forum 2025 မှာ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တက်ရောက်ခဲ့တာရှိတယ်၊ ဆိုတော့ ဒီပွဲဟာ စကစကနေ ဦးဆောင်လုပ်တာလို့ပဲ ကျနော်မြင်တယ်” ဟု ဘုရားသုံးဆူမြို့ခံ IMNA သတင်းအရင်းမြစ်က ပြောသည်။

    VOA မြန်မာပိုင်းအစီအစဥ်တွင် ဌာနမှုးရာထူးအထိ တာဝန်ယူဆောင်ရွက်ခဲ့သူ သန်းလွင်ထွန်းဆိုသူသည် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကျင်းပသည့် နေပြည်တော် Peace Forum 2025 မှာ Public Relation & Consulting ကိုယ်စားလှယ်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်ဟု သိရသည်။

    တဖက်တွင်လည်း ဘုရားသုံးဆူမြို့၊ ဓမ္မဟေဝန်ပရဟိတဘုန်းကြီးကျောင်းတွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အာဏာသိမ်း စစ်ကောင်စီတပ် ထောက်ခံပွဲတရပ်သာ ဖြစ်သည့်အတွက် ဒေသခံပြည်သူများက လက်မခံခြင်းကြပေ။

    “ဒီပွဲမှာ တက်ရောက်ပေးဖို့ ဘုရားသုံးဆူမှာ အခြေချတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြားထားတာရှိတယ်၊ နောက် ဘာသာရေးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားထားတယ်၊ ကျနော်တို့ဒေသခံပြည်သူတွေကိုတော့မဖိတ်ထားဘူးလို့ သိရတယ်၊ ဆိုတော့ စကစကို အမြစ်ဖြတ်တော်လှန်နေတဲ့ အဖွဲ့အစည်းတွေက ဒီပွဲကို လက်မခံကြဘူး” ဟု ဘုရားသုံးဆူမြို့ အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ထို့အပြင် ငြိမ်းချမ်းရေး ဆုတောင်းပွဲ အခမ်းအနားတွင် ပါဝင်တက်ရောက်ပေးနိုင်ရန် စစ်ကောင်စီက ဘာသာရေးအဖွဲ့ပေါင်းစုံကို ဖိတ်ကြားထားခြင်းဟာ ဘာသားရေးအရ သွေးခွဲမှု၊ မှိုင်းတိုက်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။

    စစ်ကောင်စီထောက်ခံ သတင်းဌာနအချို့၏ ဖော်ပြချက်အရ ထိုင်း-မြန်မာနယ်စပ်နှင့် ကရင်ပြနယ်အတွင်း တည်ငြိမ်းအေးချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆုတောင်းကြမည်ဖြစ်ကြောင်း ရေးသားထားသည်။

    “ကရင်ပြည်နယ်က ဆရာတော် (၁၃) ပါး ကြွမယ်။ နာမည်ကြီးဆရာတော်တွေ အကုန်လုံး နီးပါးကြွမယ်။ ထိုင်းဘက်ကတော့ ထိုင်းနယ်စပ်က ဘုန်းကြီးတွေပဲ။ အနည်းဆုံး အပါး (၂၀)လောက် ရှိမယ် ဘုရားသုံးဆူ ဒီဘက်ထိုင်း ဘက်ခြမ်းက ဘုန်းကြီးတွေ။ ဘုရားသုံးဆူဘက်မှာရှိတဲ့ မွန်နဲ့ကရင် ဘုန်းကြီးတွေကတော့ အပါး (၁၀ဝ)ကျော် ရှိတယ်။ အပါး (၁၀ဝ)ကျော် (၂၀ဝ)နီးပါးလောက်ပါမယ်။ ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ နာယကဆရာ တော် သုံးပါးပါမယ်” ဟု အခမ်းအနားနှင့် ပတ်သက်၍ သိရှိသူတစ်ဦးက စစ်ကောင်စီထောက်ခံ NP News တွင် ပြောကြားထားသည်ကို ဖတ်ရှုရသည်။

    လက်ရှိ ဘုရားသုံးဆူမြို့တွင် လုံခြုံရေးနှင့် အုပ်ချုပ်ရေးတာဝန်များ အဓိက ယူထားသည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်DKBA နှင့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်ငြိမ်းချမ်းရေးအဖွဲ့(PC)၊ နယ်ခြားစောင့်တပ် BGF အဖွဲ့အပါအဝင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များလည်း အခြေချ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks