spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ကူးသန်းရောင်းဝယ်မှုနှင့် သွားလာခွင့် အထူးတလည်ဖြေလျှော့ခြင်းမရှိ

    ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ကူးသန်းရောင်းဝယ်မှုနှင့် သွားလာခွင့် အထူးတလည်ဖြေလျှော့ခြင်းမရှိ

    -

    ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဂိတ်မှတဆင့် ကူးသန်းရောင်းဝယ်မှုနှင့်သွားလာခွင့်အပါအဝင် အခြားနယ်စပ်ရေးရာကိစ္စတို့ကို ထိုင်းနိုင်ငံ နယ်စပ်စီမံခန့်ခွဲရေးဌာနမှ ပြီးခဲ့သည့် ဇွန် ၂၅ ရက်နေ့က အစည်းဝေးတစ်ရပ်ကို ကျင်းပခဲ့သော်လည်း အထူးတလည်ဖြေလျှော့မှုမရှိကြောင်းနှင့် ကန့်သတ်ချက်တို့များစွာရှိနေဆဲဖြစ်ကြောင်း နယ်စပ်သတင်းရင်းမြစ်တို့မှ သိရသည်။

    တစ်နိုင်တစ်ပိုင်ကုန်စည်တင်သွင်းသူတို့ အဓိကဝင်ထွက်သွားလာနေသည့် တရားဝင်ခွင့်ပြုချက်ရ ထွက်ပေါက် ၂၀ ကျော်အပါအဝင် ဘုရားသုံးဆူ-ထိုင်း နယ်စပ်တစ်ဝိုက်ရှိ ထွက်ပေါက်စုစုပေါင်း ၄၂ နေရာတို့ကို ထိုင်းအာဏာပိုင်တို့က ပြီးခဲ့သည့်ဇွန် ၆ ရက်နေ့က နောက်ဆုံးထား၍ ပိတ်သိမ်းခဲ့ပြီး ကုန်သည်နှင့် နယ်စပ်ဒေသခံတို့ သွားလာရေးခက်ခဲနေကြောင်း သိရသည်။

    မြန်မာဘက်မှ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ကုန်တင်ကား၊ တွဲကားဖြင့် ကုန်စည်ဖြတ်သန်းသွားလာခွင့်ပြုရန် တင်ပြတောင်းဆိုမှုကို ထိုင်းတာဝန်ရှိသူတို့က ငြင်းဆိုပြီး တစ်နိုင်တစ်ပိုင် ကုန်တင်သွင်းခွင့်ကိုသာ အနည်းငယ်ဖြေလျှော့ထားသည်ဟု ဘုရားသုံးဆူ နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။

    “တွဲကားကြီးတွေကို လုံးဝပေးဆင်းမှာမဟုတ်ဘူး၊ ဖြေလျှော့မှုကတော့ ထိုင်းဘက်က ကုန်တင်ယာဉ်ကြီးတွေက နမ်ပကိတ် ဂိတ်လောက်မှာပဲရပ်ပြီး ကားသေးနဲ့ တင်သွင်းတာလုပ်ဖို့ပေါ့၊ အဲလိုမျိုးနဲ့ သွားလာနေကြတော့ ကုန်စည်တွေက ဆင်းသင့်သလောက်ကို ဆင်းနေတာပေါ့နော် ” ဟု ၎င်းကပြောသည်။

    တစ်နိုင်တစ်ပိုင် ကုန်စည်ပစ္စည်း စီဆင်းမှုရှိလာသော်လည်း  ကုန်သည်တို့အနေဖြင့် ယာဉ်အဆင့်ဆင့်ဖြင့် တင်သွင်းရသဖြင့် အကျိုးအမြတ်ရရှိမှု ရှိမည်မဟုတ်ကြောင်းလည်း ဆိုသည်။

    ဘုရားသုံးဆူ-ထိုင်း နယ်စပ်ဂိတ်သည် တရားဝင်ကုန်သွယ်ရေးဂိတ်မဟုတ်သဖြင့် မြဝတီကုန်သွယ်ရေး နယ်စပ်ဂိတ်မှတစ်ဆင့်သာ ဖြတ်သန်းစီးဆင်းရန် အဆိုပါ အစည်းအဝေးတွင် ထိုင်းတာဝန်ရှိသူတို့က ပြောဆိုထားသည်။

    “ဒီဘုရားသုံးဆူနယ်စပ်ဂိတ်မှာ ကန့်သတ်မှုတွေက မကြာခဏရှိနေတာပဲ။ ဒါပေမဲ့ ကြာကြာတော့မဖြစ်ဘူးပေါ့နော်။ တင်းကြပ်တယ်။ မကြာခင် ပြန်ပြေလည်းသွားတယ် အဲလိုပေါ့ ” ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဆိုသည်။

    သို့သော် မလွယ်ပေါက် ၄၂ နေရာကို ချိတ်ပိတ်ထားဆဲဖြစ်ပြီး ကျောင်းဂိတ်မှတစ်ဆင့် ယာဉ်အသေးများဖြင့် ကုန်ပစ္စည်းတို့ကို သယ်ယူပို့ဆောင်နေရခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ဘုရားသုံးဆူ နယ်စပ်ဂိတ်တွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ ရောဂါကာကွယ်ရေး၊ လုံခြုံရေးနှင့် ကူးသန်းခွင့်ဆိုင်ရာကိစ္စများအပါအဝင် ဘမ်းပူနမ်ရွန်း နယ်စပ်ဂိတ်တွင်  ယခင်က မြန်မာဘက်တွင် ယာယီပိတ်ထားသည့် လူ၊ယာဉ်နှင့် ကုန်ပစ္စည်းများ ဖြတ်သန်းခွင့်ကို ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

    အစည်းအဝေးတွင် တာဝန်ရှိသော အစိုးရဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး နယ်စပ်စီမံခန့်ခွဲရေးကို ညှိနှိုင်းပူးပေါင်းကာ အစိုးရမူဝါဒနှင့် ကိုက်ညီအောင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks