spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းငြိမ်းချမ်းရေးဖိုရမ်မှ ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့် ပြောင်းလဲမှုကြီးကြီးမားမား မျှော်လင့်ထားခြင်းမရှိဟု တက်ရောက်သူအချို့ဆို

    ငြိမ်းချမ်းရေးဖိုရမ်မှ ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့် ပြောင်းလဲမှုကြီးကြီးမားမား မျှော်လင့်ထားခြင်းမရှိဟု တက်ရောက်သူအချို့ဆို

    -

    နိုင်ငံရေးကို အဓိကထားခြင်းမဟုတ်သည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ခိုင်မာသည့်ဆုံးဖြတ်ချက်နှင့် ပြောင်းလဲမှုကြီးကြီးမားမား မျှော်လင့်ထားခြင်းမရှိဟု ဆွေးနွေးပွဲတက်ရောက်နေသည့် အပစ်ရပ်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အချို့မှ ဆိုသည်။

    (၃) ရက်တာကျင်းပနေသည့် စစ်ကောင်စီ၏ ငြိမ်ချမ်းရေးဖိုရမ်(Peace Forum 2025) ကို ယနေ့ ဇွန်လ ၂၇ ရက်နေ့အထိ ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး NSPNC မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စစ်ကောင်စီ၏ အရပ်ဘက်/စစ်ဘက်မှ  တာဝန်ရှိသူတို့ ပါဝင်ဆွေးနွေးနေကြောင်း သိရသည်။

    စစ်ကောင်စီ နိုင်ငံရေးပါတီများ၊သံတမန်များ၊နိုင်ငံခြား တတ်သိပညာရှင်များ၏ အကြံပေးချက် အတွေ့ကြုံများကိုအပြန်အလှန်နှီးနှောဖလှယ်ခြင်းသာဖြစ်သဖြင့် ခိုင်မာသည့် ဆုံးဖြတ်ချက်ချနိုင်မည့် အဆင့်ထိရောက်ရှိသေးမည်မဟုတ်ကြောင်း  ဆွေးနွေးပွဲတက်ရောက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကပြောသည်။

    "နိုင်ငံရေးဆွေးနွေးပွဲမဟုတ်ဘူး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေး အဲ့ဒီကနေမှ လာမဲ့ရွေးကောက်ပွဲကိုအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ဖို့ ဘာတွေလိုအပ်သလဲ ရွေးကောက်ပွဲကို အဓိကထားပြီးတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီအရေးကိုဝိုင်းရံတဲ့သဘောပါပဲ ဘာမှအကြီးအကျယ်မျှော်လင့်ထားတာမရှိဘူး"ဟု ၎င်းကပြောသည်။

    သို့သော် ပညာရှင်များ၏ အကြံပေးချက်ဦးဆောင်မှုမှတစ်ဆင့် စစ်ကောင်စီဘက်မှ လိုက်ပါဆောင်ရွက်ပါက ငြိမ်းချမ်းဆွေးနွေးပွဲမှ နိုင်ငံရေးဆွးနွေးပွဲအထိ အဆင့်တက်နိုင်မည်ဟုလည်း ၎င်းကဆိုသည်။

    ယမန်နေ့ ဒုတိယနေ့တွင် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ရွေးကောက်ပွဲကိစ္စရပ်တို့ကို အုပ်စုခွဲ တံခါးပိတ်ဆွေးနွေးခဲ့ပြီး  ယနေ့၌ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စများ၊ လူမှုစီးပွားရေးဘဝစိန်ခေါ်မှုများနှင့် အသွင်ကူးပြောင်းရေးတွင် ပြောင်းလဲကျင့်သုံးသင့်သည့် နည်းဗျူဟာများနှင့်ပတ်သတ်၍ ဆွေးနွေးရန်ရှိကြောင်း ဆွေးနွေးပွဲတက်ရောက်နေသူတို့မှ သိရသည်။

    ထို့အပြင် လက်ရှိ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်နေသူတို့ လာမည့်နိုင်ငံရေးဆွေးနွေးပွဲတို့တွင် တဖြည်းဖြည်းပါဝင်လာနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲရလဒ်ကို ဆက်လက်စောင့်ကြည့်ရန်လည်း တိုက်တွန်းထားသည်။

    ဗိုလ်မှုးကြီးခွန်ဥက္ကာက"ဘယ်လိုနိဂုံးချုပ်မလဲ ဘာရလဒ်ထွက်မလဲ အကဲဆတ်မှု နောက်ပိုင်းကမရသေးတဲ့ အခါကျတော့တစ်ရက်ပြီးတစ်ရက်စောင့်ကြည့်ရမယ့် သဘောပေါ့ဗျ၊ နောက်ဆုံးရက်မှ သိရမှာပေါ့၊ နောင်တချိန်ချိန်မှာ တိုက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခပါဝင်နေတဲ့သူတွေရော ပါဝင်နိုင်မလား၊ ဖိတ်မလား၊ အဲဒါကြည့်ရမှာ "ဟု ပြောသည်။

     စစ်ခေါင်းဆောင်မှလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ကာ ပါတီထူထောင်၍ နိုင်ငံရေး လမ်းကြောင်းပေါ်သို့ လာရောက်ရန်လည်း ဆွေးနွေးပွဲပထမရက်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော် ၂၀၂၅ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ်တွင် စစ်ကောင်စီမှ နိုင်ငံတစ်ဝှမ်း စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် အရပ်သားတို့ကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks