spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းသာသနာအမှတ်တံဆိပ်လိုင်စင်မဲ့ယာဉ်အချို့  သက်ဆိုင်ရာသံဃနာယကထောက်ခံချက်ဖြင့် သွားလာနေ

    သာသနာအမှတ်တံဆိပ်လိုင်စင်မဲ့ယာဉ်အချို့  သက်ဆိုင်ရာသံဃနာယကထောက်ခံချက်ဖြင့် သွားလာနေ

    -

    မွန်ပြည်နယ်တွင် သာသနာအမှတ်တံဆိပ်လိုင်စင်မဲ့ယာဉ်အချို့ သွားလာစီးနင်းမှုလွယ်ကူစေရန် သက်ဆိုင်ရာမြို့နယ်သံဃနာယကဥက္ကထံတွင် ပြုလုပ်ထားသည့် ထောက်ခံချက်ဖြင့် သွားလာနေကြောင်း သိရသည်။

    မြို့နယ်သံဃာနာယကအဖွဲ့များမှ လက်ရှိလိုင်စင်မဲ့ယာဉ်ဖမ်းဆီးနေစဉ်တွင် သာသနာအတွက် အမှန်တကယ်လိုအပ်ချက်အရ စီးနင်းနေသည့် ကားများဖြစ်ကြောင်း ထောက်ခံပေးသည့် စာရွက်စာတမ်းတို့ကို ထုတ်ပေးနေကြောင်းသိရသည်။

    အဆိုပါထောက်ခံချက်သည် သာသနာအမှတ်တံဆိပ်လိုင်စင်မဲ့ယာဉ်များအတွက် တရားဝင်သွားလာခွင့်ရရှိထားခြင်းမဟုတ်သဖြင့် စစ်ကောင်စီ အဖွဲ့စုံတို့နှင့်စစ်ဆေးခံရချိန်၌ အကြုံးမဝင်နိုင်ကြောင်း မုဒုံမြို့နယ်မှ သံဃာတော်တစ်ပါးမှမိန့်ကြားသည်။

    “ တရားဝင်ခွင့်ပြုထားတာမျိုးတော့ မရှိဘူး၊ သွားဖို့လာဖို့ရှိရင်တော့ လုပ်ထားရင်တစ်ခုခုပြလို့ရတယ်ပေါ့၊ နည်းနည်းတော့အဆင်ပြေစေမလား၊ ဖမ်းတာတော့ဖမ်းပါတယ်၊ ဦးဇင်းတို့ဘက်မှာတော့သိပ်မလုပ်ကြဘူး၊ မန္တလေးတို့စစ်ကိုင်းတို့ကျတော့လုပ်နေတာတော့ရှိတယ်၊ အသွားအလာကျတော့အဖွဲ့ပေါင်းစုံနဲ့ မတိုးရင်တော့ သွားလာလို့ရမယ်"ဟု မိန့်သည်။

     မန္တလေးအပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်မှ ဘုန်းကြီးကျောင်းတိုက်အများစုတို့ အဆိုပါ သံဃနာယကထောက်ခံစာတို့ကို အသုံးပြုသွားလာနေသော်လည်း မွန်ကျောင်းတိုက်အများစုတို့ လမ်းခရီးအခြေအနေစုံစမ်း၍သာ သွားလာနေကြကြောင်း ဆက်လက်မိန့်ကြားသည်။

    မြို့နယ်သံဃနာယကအဖွဲ့ထံ ကျောင်းတိုက်သုံးယာဉ်ဖြစ်ကြောင်း ထောက်ခံစာပြုလုပ်ရာတွင် အလှူငွေသိန်းဆယ်နှင့်ချီ ပေးဆောင်နေရသည်ဟု သတင်းဌာနအချို့တွင် ဖော်ပြနေသော်လည်း မွန်ပြည်နယ်တွင် ပေးဆောင်ရခြင်းမရှိသေးကြောင်း မွန်သံဃာတော်တို့မှ အတည်ပြုပြောဆိုချက်အရ သိရသည်။

    မွန်စာသင်တိုက်၊ ကျောင်းတိုက်အများစုတို့တွင် without ယာဉ်သာ စီးနင်းအသုံးပြုနေသဖြင့် လက်ရှိ ဖမ်းဆီးနေချိန်တွင် သွားလာရေးခက်ခဲပြီး လူမှုဖွံ့ဖြို့ရေးလုပ်ငန်းအချို့လည်းမလုပ်ဆောင်နိုင်ဟု မွန်ဆရာတော်တစ်ပါးမှ မိန့်သည်။

    “ စဖမ်းကတည်းက မသွားလာရဲဘူး သွားရှင်းရမှာစိုးလို့ အခက်အခဲဖြစ်စေတယ်ပေါ့၊ လိုင်စင်ကားဆိုလည်းမတတ်နိုင်တာရှိတယ်၊ အခုခေတ်က လမ်းလျှောက်ပြီးသွားလာကြတာမျိုးမရှိတော့ဘူးလေ။ အခုလောလောဆယ်က မွန်ကျောင်းအတွက် ရန်ပုံငွေရှာဖို့ကို မသွားရဲကြသေးဘူး၊ ကျောင်းမှာတော့လာမစစ်ရသေးဘူး” ဟု ၎င်းကမိန့်သည်။

    ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့တွင် ဘုန်းကြီးကျောင်းနှင့်သီလရှင်ကျောင်းများ၌ လိုင်စင်မဲ့ယာဉ်နှင့် ဆိုင်ကယ်များလက်ခံမထားရန် ၊ သာသနာအမှတ်တံဆိပ်ဖြင့် without ယာဉ်များ၊ ဆိုင်ကယ်များမစီးနင်းရန် စစ်ကောင်စီ၏ ပြည်နယ်၊တိုင်း သံဃနာယကအဖွဲ့များမှ ထုတ်ပြန်ထားသည်။

     ပြည်သူတို့စီးနင်းနေသည့် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်တို့အပြင် ဘုန်းကြီးကျောင်းနှင့် သံဃာတော်တို့ အသုံးပြုနေသည့် လိုင်စင်မဲ့ကားများကိုလည်း စစ်ကောင်စီးအဖွဲ့တို့က ဖမ်းဆီးလျှက်ရှိသည်။

    ယာဉ်ထိန်းရဲ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့စုံဖမ်းဆီးစစ်ဆေးခြင်းတွင် လိုင်စင်မဲ့ယာဉ်တို့ကို ဖမ်းဆီးခံရပါက ညှိုနှိုင်းရန်ခက်ခဲသော်လည်း စစ်ကောင်စီရဲတပ်ဖွဲ့ထံ ဖမ်းဆီးခံရပါက ငွေကြေးဖြင့်ညှိနှိုင်းနိုင်ကြောင်းလည်း ဖမ်းဆီးခံရသည့် ဒေသခံတို့ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks