spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမိုးစပါးရေနစ်ဆုံရှုံးသွားသည့် ပေါင်မြို့နယ်မှတောင်သူအများစုတို့ ပြန်လည်မစိုက်ပျိုးနိုင်

    မိုးစပါးရေနစ်ဆုံရှုံးသွားသည့် ပေါင်မြို့နယ်မှတောင်သူအများစုတို့ ပြန်လည်မစိုက်ပျိုးနိုင်

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ယခုဇွန်လအတွင်း စစ်ကောင်စီဆည်မြောင်းဌာန၏ တာဝန်ပျက်ကွက်မှုများကြောင့် မိုစပါးရေနစ်ဆုံးရှုံးသွားသည့် တောင်သူတို့ ပြန်လည်ရင်းနှီးစိုက်ပျိုးရန် အခက်အခဲရှိနေပြီး အများစုတို့လုပ်ငန်းရပ်နားထားကြောင်း တောင်သူတို့မှ သိရသည်။

    ပေါင်မြို့နယ် ကတိုက်ဆည်ရေထိန်းတံခါးတွင် သဲနှင့်နုန်းများပိတ်ဆို့နေပြီး ရေးစီးရေလာမရှိသဖြင့် ဇင်းကျိုက်၊ ပန်းကုန်၊ ကျုံဟော်၊ သဲကုန်တို့အပါအဝင် ရွာ ၁၅ ရွာထက်မနည်းမှ စိုက်ပျိုးထားသည့် လယ်မြေဧက ၃ သောင်းကျော် ရေလွှမ်းမိုးခံခဲ့ရသည်။

    ပြီးခဲ့သည့်ဇွန်လ ၁၇ ရက်နေ့က စစ်ကောင်စီတာဝန်ရှိသူတို့မှ ရေထွက်ပေါက် ၄၀ ပေါက်ကို အပြည့်အဝဖွင့်လှစ်ထားပြီး လယ်ကွင်းရှိရေများ ပြန်လည်လျော့ကျသွားခဲ့သည်။

    သို့သော် နုန်းအနည်းအနှစ်များကျန်ရှိနေသည့်အတွက် တောင်သူများ ကြဲခင်းစနစ်ဖြင့် ဒုတိယအကြိမ် ပြန်လည်စိုက်ပျိုးခဲ့သော်လည်း အပင်အောင်မြင်ခြင်းမရှိသဖြင့် မိုးစပါးစိုက်ပျိုးမှု ရပ်နားထားရကြောင့် စပါးရေနစ်ဆုံံးရှုံးခဲ့ရသည့် တောင်သူတစ်ဦးက ဆိုသည်။

    “အခုက နှစ်ကြိမ်ကျဲပြီးပြီး ပထမတစ်ကြိမ်က ရေးဖုံးလွှမ်းသွားတော့ ပျက်စီးသွားတယ်။ ပြီးတော့ ရေပြန်ကျတော့ ထပ်ကျဲတယ် နုန်းတွေထဲနစ်ပြီး မပေါက်ဘူး။ မျိုးစေ့တွေ၊ ကုန်ကျစရိတ်တွေက သိန်းရာချီကုန်သွားတယ်၊ အရှုံးပဲပေါ်တယ်” ဟု ထိုသူက ဆက်ပြောသည်။

     ယခုနှစ်မိုးရာသီ၌ ပေါင်မြို့နယ်တွင် ကောက်စိုက်စရိတ်အဖြစ် နေ့စားခအနည်းဆုံး ကျပ် ၁၅၀၀၀  ပေါက်ဈေးရှိနေပြီး မိုးစပါးတစ်ဧက၏ အထွေထွေကုန်ကျစရိတ်သည် ၁၀ သိန်းနီးပါးရှိနေသည်။

    မိုးစပါးပြန်လည်စိုက်ပျိုးသည့် တောင်သူတို့အပင်အောင်မြင်ခြင်းမရှိသည့်အပြင် အထွက်နှုန်းနည်းပြီး အကျိုးအမြတ်ရရှိရန်မသေချာသည့်အတွက် တောင်သူတို့ နွေစပါးကာလကိုသာ စောင့်မျှော်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း ပေါင်မြို့မှ တောင်သူတစ်ဦးက IMNA ကိုပြောသည်။

    “အခုကဒီလယ်ကွင်းတွေမှာ ပြန်စိုက်မယ်ဆိုလည်း ဂဏန်းတွေ ခရုတွေက စားလိုက်မှာပဲ၊ ဒီလယ်ကွင်းတွေမှာ ဂဏန်းတွေ ခရုတွေများနေတယ်။ အဲကြောင့် မိုးစပါးကို မစိုက်တော့ဘူး။ နွေစပါးကိုစိုက်ဖို့ပဲစောင့်နေတယ်” ဟု ဆိုသည်။

    ရင်းငြိမ်ရေထိန်းတံခါး ရေစီးရေလာပြသနာကို တောင်သူတို့ နှစ်စဉ်နီးပါး ကြုံရလေ့ရှိသော်လည်း ယခင်အရပ်သားအစိုးရ လက်ထပ်ကပင် သက်ဆိုင်ရာတို့ တာဝန်ယူဆောင်ရွက်ပေးခြင်းမရှိပေ။

    ထို့ကြောင့် စိုက်စရိတ်ကုန်ကျမှုများနေသည့် ယခုနှစ်မိုးစပါးရာသီတွင် ဆုံးရှုံးမှုများနေပြီး လက်ရှိ မိုးစပါရေနှစ်ဆုံးရှုံးမှုတွင် စုစုပေါင်းကျပ်ငွေသိန်း ၅,၀၀၀ ဝန်းကျင်အထိ ဆုံံးရှုံးနိုင်ကြောင်းလည်း တောင်သူတို့ခန့်မှန်းပြောဆိုလျှက်ရှိသည်။

    ပေါင်မြို့နယ်တွင်  မိုးစပါးစိုက်ဧက ၁ သိန်း ၃ သောင်းခန့်ပြီး မွန်ပြည်နယ်အတွင်း မိုးစပါးအထွက်နှုန်းအများဆုံးဖြစ်သော်လည်း စပါးဈေးကျဆင်းမှု၊ သဘာဝဘေးဒဏ်ကြောင့် အထွက်နည်းခြင်းနှင့်အတူ သွင်းအားစုဈေးနှုန်းမြင့်တက်နေခြင်းတို့ကြောင့် တောင်သူတို့ နှစ်စဉ်ဆုံးရှုံးမှုများနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks