spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမိုးရာသီအတွင်း မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ အထင်ကရနေရာတို့တွင် ပြည်တွင်းခရီးသွားလာသူများလာ

    မိုးရာသီအတွင်း မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ အထင်ကရနေရာတို့တွင် ပြည်တွင်းခရီးသွားလာသူများလာ

    -

    စစ်ကောင်စီကလိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးစီမံချက်ကြောင့် လမ်းခရီးအတွင်းစစ်ဆေးမှုတင်းကြပ်နေသာ်လည်း ယခုဇွန်လအတွင်း မွန်နှင့်ကရင်ပြည်နယ်ရှိ အထင်ကရနေရာတို့တွင် လာရောက်လည်ပတ်သူများနေကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင် သူတို့မှ သိရသည်။

    လူမှုကွန်ရက်မှတစ်ဆင့် မိုးရာသီအတွင်း မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ သဘာဝရေကန်၊ တောတောင်နှင့် ရေတံခွန် စီးဆင်းရာနေရာတို့ကို လူမှုကွန်ရက်အသုံးပြုသူတို့ကြား မျှဝေလာကြပြီး ရုံးပိတ်ရက်တို့တွင် ခရီးသွားလာသူများနှင့်ပြည့်လာကြောင်း သိရသည်။

    အထူးသဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဇွဲကပင်တောင်၊ ကြားအင်းတောင်၊ တောင်ဝိုင်းတောင်နှင့် ဆဒ္ဒန်ဂူတို့အပြင် ပေါင်မြို့နယ်အတွင်းရှိ ဇင်းကျိုက်ရေတံခွန် ခလောက်အင်းရေတံခွန်တို့တွင်  ခရီးစဉ်ပိုမိုစီစဉ်ပေးရကြောင်း မွန်၊ကရင် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

    “လာတာကတော့ တော်တော်များတယ်။ တောင်ကြားဟိုတယ်တွေမှာဆိုပြည့်နေတော့တာပဲ။ tour တွေနဲ့လည်းလာကြတယ်။ ကိုယ့်ကားနဲ့လည်းလာကြတယ်။ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်ဆို လူပိုများတယ်။ လာကြတာကတော့နယ်အစုံပါပဲ ရန်ကုန်ကလာတဲ့သူတွေက ပိုများပါတယ်။” ဟု ဆိုသည်။

    ထို့အတူ ပေါင်မြို့နယ်အတွင်းရှိ ဆင်ရွာ၊ ဇင်းကျိုက်နှင့် ခလောက်အင်းရေတံခွန်တို့တွင် ရုံးပိတ်ရက်အတွင်း ကျောင်းသား၊ကျောင်းသူများ၊ နယ်ဝေးမှ လူငယ်များလာရောက် လည်ပတ်လေ့ရှိသည်ဟု ဆက်ပြောသည်။

    ပြည်တွင်းခရီးသွားဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတို့မှ လာမည့် ဇူလိုင်လ၊ ဩဂုတ်လတို့တွင် ခရီးသွားဝင်ရောက်နှုန်းပိုများနိုင်မည်ဆိုသော်လည်း စစ်ကောင်စီ၏လိုင်စင်မဲ့ယာဉ် ဖမ်းဆီးစစ်ဆေးမှုစီမံချက်နှင့် ခရီးသွားတို့ထံ ရာဇဝတ်သားကဲ့သို့ စစ်ဆေးရှာဖွေမွှေနှောက်စစ်ဆေးနေခြင်းတို့ကြောင့် ခရီးသွားဝင်ရောက်နှုန်း ပြန်လည်လျော့ကျသွားမည်ကို ဧည့်လမ်းညွန်အဖွဲ့တို့က စိုးရိမ်နေကြသည်။

    “အိမ်စီးကားနဲ့လာတယ်ဆိုရင် အဆင်ပြေပါတယ်။ ဒါပေမဲ့တစ်ချို့နေရာတွေမှာဆိုရင် မှတ်ပုံတင်အရမ်းစစ်တယ်။ တစ်ချို့ဂိတ်တွေမှာဆို ကားကနေဆင်းပြီးတော့ မှတ်ပုံတင်ပြရတယ် ” ဟု အထက်ပါခရီးသွားလုပ်ငန်းလုပ်ကိုင်သူတို့က ဆိုသည်။

    တစ်ဖက်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စမ်းချောင်း၊ ဆည်၊ ရေတံခွန် စသည့်နေရာတို့တွင် ရေအမြင့်ပေထိုးတက်နေပြီး ခန့်မှန်းမနိုင်သည့် ရေအန္တရာယ်တို့ကြောင့် ဒေသခံတို့အပြင်၊ ခရီးသွားဧည့်သည်ပြည်သူတို့အနေဖြင့် ရေဆင်းကူးခြင်း၊ အလှဓါတ်ပုံရိုက်ရာတွင် မတော်တဆမှုအတွက် အထူးသတိရှိရန် မော်လမြိုင်မြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်မှစ၍ ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့သည်။

    စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့တို့မှလည်း ခရီးသွားဝင်ရောက်မှုများလာစေရန် ပြီးခဲ့သည့်ပွင့်လင်းရာသီတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းတို့ကို ပန်လည်ဖွင့်လှစ်စေခြင်းနှင့် ၊ သမိုးင်းဝင်စေတီ၊ အဆောက်အဦးနှင့် ဂူများကို ခရီးသွားပြည်သူများအတွက် ပြင်ဆင်ရန် ညွန်းကြားထားသော်လည်း ဒေသတွင်းမလုံခြုံမှုကြောင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတို့ မလည်ပတ်နိုင်ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks