spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်း၂၈ နှစ်ကြာ လက်လွှက်ခဲ့ရသည့် ထီးကပလယ်စခန်းကို KNU ပြန်သိမ်း

    ၂၈ နှစ်ကြာ လက်လွှက်ခဲ့ရသည့် ထီးကပလယ်စခန်းကို KNU ပြန်သိမ်း

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က ၂၈ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ထီးကပလယ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

    စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၂ ရက်နေ့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    KNU က မာနယ်ပလောဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ဌာနချုပ်သစ်အဖြစ် ၁၉၉၅ ခုနှစ် မေလခန့်က ပြောင်းရွှေ့ တည်ထောင်ခဲ့သော်လည်း ၂ နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ပူးပေါင်းတပ်ဖွဲ့တို့က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေပြီး လက်ရှိတွင် တပ်စခန်း အနည်းငယ်သာကျန်ရှိတော့သည်ဟု သိရသည်။

    ပုံစာ- ထီးကပလယ်တပ်စခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့

    ပုံခရက်တစ် – KNU

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks