spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရောဂါနှင့် သင်တန်းဆရာ၏ ပေါ့လျော့မှုကြောင့် သင်တန်းသား ၂ ဦး သေဆုံးရသည်ဟု ဒေါနစစ်ကြောင်းဆို

    ရောဂါနှင့် သင်တန်းဆရာ၏ ပေါ့လျော့မှုကြောင့် သင်တန်းသား ၂ ဦး သေဆုံးရသည်ဟု ဒေါနစစ်ကြောင်းဆို

    -

    မွန်ပြည်နယ်အခြေစိုက် ရေးပြောက်ကျားတပ် (YGF) က ဦးဆောင် ဖွင့်လှစ်သည့် အထူးစစ်သင်တန်းမှ ရဲဘော်နှစ်ဦး သေဆုံးရခြင်းသည် ရောဂါကြောင့်နှင့် သင်တန်းဆရာ၏ ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ဒေါနတပ်ရင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက ပြောသည်။

    ရေးပြောက်ကျားတပ် (YGF) ၏ ၃ လကြာ အထူးစစ်သင်တန်း အပတ်စဉ် (၂) တွင် သင်တန်းသား၊ သၚ်တန်းသူ ၉၀ ဦးကျော်ကို သင်တန်းဆရာ ၅ ဦးဖြင့် လေ့ကျင့်သင်ကြားပေးနေသည်။

    သင်တန်းသားများအနက် သင်တန်းသား ရဲဘော်ဒိုင်နိုဆိုသူက မေလထဲတွင် သေဆုံးသွားခဲ့ပြီး၊ ရဲဘော်ဘထစ်က ဇွန်လပထမအပတ်အတွင်းက သေဆုံးသွားခဲ့ခြင်းသည်။

    ထိုသင်တန်းသား ၂ ဦးသည် သင်တန်းဆရာ၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ခြင်းမဟုတ်ပဲရောဂါကြောင့်နှင့် သင်တန်းဆရာ၏ တာဝန်ပေါ့လျော့မှုကြောင့် ဖြစ်သည်ဟု စောဒါးကိုကပြောသည်။

    “အဓိကကတော့ ဒီသင်တန်းက special force သင်တန်းပေါ့နော်။ သင်တန်းကတော့ ကြမ်းတော့ကြမ်းတယ်။ special force နဲ့အညီ သင်တန်းဆရာတွေက သင်တာပေါ့နော်။ သူတို့ သေဆုံးတာက ရာသီဥတုကြောင့်လည်း ပါတာပေါ့။ ကျနော်တို့ဘက်မှာတော့ ရာသီတုပ်ကွေးရယ်၊ ငှက်ဖျားရယ် နှစ်ခုပေါင်းပြီး ဖြစ်တယ်။ ကျနော်တို့ရဲ့ သင်တန်းသားတော်တော်များများက အဲလိုတွေ ဖြစ်နေကြတယ်။ တစ်ယောက်ကတော့ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တယ်။ နောက်တစ်ယောက်ကတော့ အသက်ရှုကြပ်ပြီးတော့ အဆုတ်ထဲကို ပိုးဝင်သွားတယ်ပေါ့နော်၊ အဲလိုဖြစ်ပြီး ဆုံးသွားတယ်” ဟု စောဒါးကိုက ပြောသည်။

    လက်ရှိတွင်လည်း ကျန်းမာရေးမကောင်းသည့် သင်တန်းသား ၃၀ ဦးနီးပါးလည်း ရှိနေကြောင်း ၎င်းတို့ကို အနားပေးထားပြီး ဆေးကုသမှုခံယူနေကြရကြောင်း ဆိုသည်။

    သင်တန်းသား ၂ ဦး နေမကောင်းဖြစ်ချိန်တွင် ဆေးကုသခွင့် အပြည့်အဝပေးရန်အတွက် တာဝန်ပျက်ကွက်ခဲ့သည့် သင်တန်းဆရာဂျော့ကို အပြစ်ပေးအရေးယူထားသည်ဟု စောဒါးကိုက ဆက်ပြောသည်။

    “အဓိကကတော့ သင်တန်းသားတွေ ရောဂါဖြစ်နေတဲ့အချိန်၊ ကျန်းမာရေးမကောင်းတဲ့အချိန်မှာ သင်တန်းဆရာက ကုသမှုအပိုင်းမှာ ဆက်သွယ်မှုအပိုင်းမှာ နည်းနည်းလေး အားနည်းနေတယ်။ သင်တန်းသားတွေ ဆေးဝါးကုသဖို့အတွက် ကျနော်တို့ကို အကြောင်းမကြားတာ။ တာဝန်ပျက်ကွက်မှုကြောင့်ပေါ့နော်။ အဲဒါလေးတွေကို စစ်ဆေးတွေ့ရှိလို့ သင်တန်းဆရာဂျော့ကိုတော့ အချုပ်ထဲထည့်ထားပါတယ်” ဟု ပြောသည်။

    သို့သော် တာဝန်ပျက်ကွက်ခဲ့သည့် သင်တန်းဆရာဂျော့ကို မည့်သည့်ပုံစံဖြင့် ဆက်လက်အရေးယူသွားမည်ကို ဒေါနတပ်ရင်းက ရှင်းရှင်းလင်းလင်း‌ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    ရေးပြောက်ကျားတပ်ဖွဲ့က ဦးဆောင်းဖွင့်လှစ်သည့် အထူးစစ်သင်တန်း အပတ်စဉ် (၂) တွင် ရေးပြောက်ကျားတပ်မှ တပ်ဖွဲ့ဝင်များအပြင် အခြားသော တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့မှ ရဲဘော်များလည်း ပါဝင်တက်ရောက်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks