spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်း၂၀၂၅ ရွေးကောက်ပွဲဆန့်ကျင်ရာတွင် ပြည်သူများပါဝင်လာရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲအကောင်အထည်ဖော်မည်ဟု MSFC တတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်

    ၂၀၂၅ ရွေးကောက်ပွဲဆန့်ကျင်ရာတွင် ပြည်သူများပါဝင်လာရေး မဟာဗျူဟာတစ်ရပ်ရေးဆွဲအကောင်အထည်ဖော်မည်ဟု MSFC တတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်

    -

    မွန်ပြည်နယ်၌ အာဏာရှင်စစ်ကောင်စီမှ ပြုလုပ်မည့် ၂၀၂၅ ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ရာတွင် ပြည်သူလူထုများ ပါဝင်လာစေရေးအတွက် တိုက်တွန်းလှုံ့ဆော်ပြီး မဟာဗျူဟာတစ်ရပ်ရေးဆွဲအကောင်ထည်ဖော်ရန် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၏ တတိယအကြိမ်ညီလာခံမှ ဆုံးဖြတ်ထားကြောင်း သိရသည်။

    တော်လှန်ရေးကာလအတွင်း နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားနိုင်ရန် တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ညီလာခံကို ပြီးခဲ့သည့် ဇွန် ၁၄၊ ၁၅ ရက် တို့တွင် ကျင်းပခဲ့သည်။

    ညီလာခံမှ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး ဒီမိုကရေစီအရေးကို အထောက်အကူမပြုသည့် ရွေးကောက်ပွဲကို ပြည်သူလူထုတို့ မပါဝင်ရန် နည်းလမ်းမျိုးစုံတိုက်တွန်းသွားမည်ဖြစ်ပြီး ပြည်ပရှိသံတမန်တို့မှလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုအသိမှတ်မပြုရန် Deplomatic Campaign နည်းအရလှုပ်ရှားသွားမည်ဖြစ်ကြောင်း ညီလာခံအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် MSFC မှ သဘာပတိအဖွဲ့ဝင် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။

    "ကျနော်တို့က စစ်ရေးအရဆန့်ကျင်သွားဖို့လည်းရှိတယ်၊ အရင် ၂၀၀၈ ကပြည်သူ့ဆန္ဒခံယူပွဲမှာဆိုလည်း ဆန့်ကျင်တာတွေလုပ်ခဲ့တာတွေရှိပေမဲ့ မအောင်မြင်ခဲ့ဘူး၊ ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲမှာရောပဲပေါ့နော် နိုင်ငံရေးပါတီတွေက ဆန့်ကျင်ဆန္ဒပြခဲ့ဖူးပေမဲ့ မလုံလောက်ဘူး မဖြစ်မြောက်ခဲ့ဘူးဆိုတော့ လာမဲ့ ၂၀၂၅ ရွေးကောက်ပွဲသာဖြစ်ခဲ့ရင် စစ်ရေးအရလည်းဆန့်ကျင် လှုပ်ရှားသွားဖို့ကိုပေါ့နော်"ဟု ဆိုသည်။

    MSFC အနေဖြင့် အဖွဲ့ဝင်၊ အဖွဲ့စည်းတို့ကြား ရွေးကောက်ပွဲဆန့်ကျင်ရေးနှင့် ပတ်သတ်၍ ဆက်လက်အတည်ပြုဆွေးနွေးရန်ရှိသေးသဖြင့် ရေးဆွဲမည့် မဟာဗျူအတွင်း ပါဝင်မည့်အချက်တို့ အသေးစိတ်မပြောနိုင်သေးကြောင်းလည်း ပြောသည်။

    ယခင်ဒုတိယအကြိမ်နှင့် တတိယအကြိမ်ညီလာခံကြားတွင် ၂၀၂၅ ရွေးကောက်ပွဲဆန့်ကျင်းရေးကော်မတီတစ်ရပ်ကို MSFC မှ ဖွဲ့စည်းတည်ဆောက်ခဲ့သေးပြီး အဆိုပါကော်မတီမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် နိုင်ငံရေးပါတီတို့မှ ရွေးကောက်ပွဲကျင်းပရန် ပါတီရုံးတည်ဆောက်ခြင်း၊ အဖွဲ့ဝင်စုစည်းခြင်းတို့လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီမွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ ရွေ့ပြောင်းလုပ်သားတို့ ရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်သွင်းနိုင်ရန် နိုင်ငံသားစိစစ်ရေးကတ်လုပ်ဆောင်ပေးနေပြီးဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တို့နှင့် မွန်ပြည်သူလူထုတို့ ပါဝင်ဆန့်ကျင်ရန်လိုအပ်လာပြီးဖြစ်သည်ဟုလည်း MSFC မှ တိုက်တွန်းထားသည်။

    ထို့အပြင် ၂ ရက်တာ ညီလာခံတွင် တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရပ်ရေးဆွဲရန်၊ စစ်ဘေးသင့်အမျိုးသမီး ကလေးသူငယ်နှင့် အတိဒုက္ခရောက်နေသူတို့အတွက်  ခရိုင်အဆင့်ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှုကော်မတီများ ဖွဲ့စည်းကူညီရန်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်များ တိုင်းရင်းသားဖက်ဒရယ်ယူနစ်များနှင့် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းပြီး(Bottom_up_Federalism)စနစ်အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ညီလာခံမှ ချမှတ်ထားကြောင်း သိရသည်။

     တတိယအကြိမ် မွန်ပြည်ဖက်ဒရယ်ကောင်စီတွင် ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နှင့် ဒေါက်တာ သီရိမွန်ချမ်းတို့ကို သဘာဝပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ပြီး ကော်မတီ ၃ ရပ်၏ ဥက္ကဌနေရာတို့ကို ရွေးချယ်ခဲ့သည်။

    MSFC တတိယအကြိမ်ညီလာခံသို့ တက်ရောက်သူ ၂၀၀ ကျော်ရှိသည့်အပြင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီနှင့် နွေဉ်းတော်လှန်ရေးအင်းအားစုများမှ ခေါင်ဆောင်များလည်း မိန့်ခွန်းပါဝင်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks