spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား MSFC ဂုဏ်ပြုစာလွှာ ပေးအပ်

    သဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား MSFC ဂုဏ်ပြုစာလွှာ ပေးအပ်

    -

    ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၄ နှစ်တာကာလအတွင်း ကောင်စီ၏ သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေအား မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC က “ကျေးဇူးတင်အသိအမှတ်ပြုစာလွှာ” ဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

    အသက် ၈၆ နှစ်ခန့်ရှိပြီးဖြစ်သည့် နိုင်သုဝဏ္ဏသည် ၄ နှစ်တာကာလအတွင်း နိုင်ငံရေးလမ်းညွှန်မှုများနှင့် အတွေ့အကြုံများစွာဖြင့် မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ကို ဦးဆောင်လမ်းပြခဲ့ပြီး စံနမူနာပြ နိုင်ငံရေးသမားအဖြစ် ရပ်တည်ခဲ့သူလည်းဖြစ်သည်။

    ယခုအခါ ကျန်းမာရေးအရ ဆရာနိုင်သုဝဏ္ဏသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ သဘာပတိနှင့် ကောင်စီ လုပ်ငန်းတာဝန်များမှ အနားယူမည်ဖြစ်ကြောင်း၊ ဆရာ၏ ထက်သန်သော နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအတွေ့အကြုံများဖြင့် နိုင်ငံရေး လုပ်ငန်းစဥ်များတွင် လမ်းပြပေးခဲ့မှုများအား အသိအမှတ်ပြု ကျေးဇူတင်ကြောင်း MSFC ၏ ဂုဏ်ပြုစာလွှာတွင် ဖော်ပြထားသည်။

    နိုင်သုဝဏ္ဏ (ခေါ်) နိုင်ထွန်းဖေသည် ကရင်ပြည်နယ် ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာဇာတိဖြစ်၍ တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF စတင်ဖွဲ့စည်းခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း၊ MNDF ပါတီ ဖျက်သိမ်းခံရပြီး နောက်ပိုင်းတွင် ထိုင်း/မြန်မာအခြေစိုက် မွန်ရေးရာအဖွဲ့ MAU ပြည်တွင်းနိုင်ငံရေးပါတီ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

    ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ကိုယ်စား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်ပြိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲက မွန်အမျိုးသားပါတီ MNP ကိုယ်စားဖြင့် ဘားအံမြို့နယ်တွင် ဝင်ပြိုင်ခဲ့သူဖြစ်သည့်အပြင် ၂၀၁၉  ခုနှစ် မွန်ပါတီများ ပူးပေါင်းပြီးနောက် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီတွင်းသဘောထားကွဲလွဲမှုကြောင့် နိုင်သုဝဏ္ဏသည် မွန်ညီညွတ်ရေးပါတီ MUP မှ နှုတ်ထွက်ခဲ့ပြီး မေလ ၃ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks