spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

    သံဖြူဇရပ်-ရေး ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မွန်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်-ရေး အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးရှိ ကုန်းမြင့်သာယာနှင့် ကလိုင်ပဒေါကျေးရွာအနီးတွင် ယမန်နေ့ (ဇွန် ၁၃ ရက်) က စစ်ကောင်စီတပ်နှင့် ရာမညမွန်တပ်တော် (RMA)၊ ရာမညစစ်ကြောင်းတို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စတင်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၂) ဦးသေ၊ (၅) ဦး ဒဏ်ရာရရှိပြီး မိမိတို့ဘက်မှ ထိခိုက်မှုမရှိဟု ရာမညစစ်ကြောင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

    ပြည်သူလူထုအနေဖြင့် မိမိနေထိုင်ရာဒေသနှင့် နီးစပ်ရာဝန်းကျင်ရှိ စစ်ရေးသတင်းများကို နားစွင့် သတိရှိကြရန်နှင့် တိုက်ပွဲကြောင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကို သတိရှိစွာဖြင့် နေထိုင်ကြဖို့ ရာမညစစ်ကြောင်းက အသိပေး တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks