spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းKNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်းဖြင့် ထပ်တိုက်ခိုက်

    KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်းဖြင့် ထပ်တိုက်ခိုက်

    -

    ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ် တပ်မဟာ ၇ နယ်မြေအတွင်းရှိ သေ့ဘေ့ထာစခန်းကို ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီက ကာမီကာဇယ် အသေခံဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း တပ်မဟာ ၇ သတင်းအရင်းအမြစ်ထံမှ သိရသည်။

    တပ်မဟာ ၇ ဌာနချုပ်အနီးတဝိုက်တွင် ည ၁၂ နာရီကျော်ခန့်ကစပြီး ကာမီကာဇယ် အသေခံဒရုန်း တစ်စင်းပြီး တစ်စင်း ရောက်လာပြီး တိုက်ခိုက်ခဲ့ကြောင်း စုစုပေါင်း ၈ စင်းခန့်ရှိသည်ဟု ဆိုသည်။  

    အသေခံဒရုန်းများသည် မဲသဝေါဘက်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုတိုက်ခိုက်မှုအတွင်း လူထိခိုက် သေဆုံးမှု မရှိကြောင်း တပ်မဟာ ၇ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ည ၁၂ နာရီလောက်ကနေ အသံစကြားရတာ။ ၄ နာရီလောက်အထိပဲ တစ်လုံးချင်း ရောက်လာတာ။ ပြင်းအားကတော့ အရင်တိုက်တုန်းကနဲ့အတူတူပဲ။ လူကြီးတွေပြောတာတော့ မဲသဝေါဘက်ကနေ လာတာတဲ့။ ထိခိုက်တဲ့လူတော့မရှိဘူး။ တာဝန်ရှိသူတွေက အပျက်အစီးနဲ့ ဒရုန်းတွေကို ရှင်းလိုက်ပြီ” ဟု ၎င်းက ပြောသည်။

    တပ်မဟာ ၇ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KNU ပူးပေါင်းတပ်ဖွဲ့တို့က တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်နေပြီး လက်ရှိတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

    တပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရသည့် စစ်ကောင်စီက KNU ဌာနချုပ် တပ်မဟာ ၇ ကို ကာမီကာဇယ် အသေခံဒရုန်းဖြင့် တိုက်ခိုက်လေ့ရှိသည်။

    ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီက KNU ဌာနချုပ် တပ်မဟာ ၇ ကို ကာမီကာဇယ် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း KNU ဌာနချုပ် တပ်မဟာ ၇ ကို စစ်ကောင်စီက သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks