spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအိန္ဒိယလေယာဉ်ပျက်ကျမှုသည် စကားလုံးဖြင့်ဖော်ပြ၍မရသည့် ဝမ်းနည်းဖွယ် ဖြစ်ကြောင်း ဝန်ကြီးချုပ်နရင်ဒရာမိုဒီ ပြောကြား

    အိန္ဒိယလေယာဉ်ပျက်ကျမှုသည် စကားလုံးဖြင့်ဖော်ပြ၍မရသည့် ဝမ်းနည်းဖွယ် ဖြစ်ကြောင်း ဝန်ကြီးချုပ်နရင်ဒရာမိုဒီ ပြောကြား

    -

    အိန္ဒိယနိုင်ငံအနောက်ပိုင်း အာမက်ဒါဘက်မြို့(Ahmedabad) ၌ ယမန်နေ့ ဇွန် ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သော Air India Flight 171 လေယာဉ်မတော်တဆမှုကြောင့် လူအများအပြား သေဆုံးခဲ့ပြီး၊ ဝန်ကြီးချုပ်နရင်ဒရာမိုဒီက “စကားနဲ့ဖော်ပြလို့မရလောက်တဲ့ ဝမ်းနည်းဖွယ် ဖြစ်တယ်” ဟု သူ၏ လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့သည်။

    Boeing 787-8 Dreamliner လေယာဉ်သည် အာမက်ဒါဘက်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လန်ဒန်ရှိ Gatwick လေဆိပ်သို့  ဇွန် ၁၂ ရက်နေ့ မွန်းလွှဲ ၁း၃၉ နာရီအချိန်တွင် စတင်ပျံသန်းထွက်ခွာပြီး စက္ကန့်ပိုင်းအတွင်း လေကွင်းအနီးရှိဆေးကျောင်းသားများနေထိုင်သည့် အဆောက်အအုံတစ်ခုကို ဝင်တိုက်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားကာ လူအများအပြား သေဆုံးခဲ့သည်။

    အိန္ဒိယအစိုးရနှင့် မီးသတ်ဌာနမှ အချက်အလက်အရ လေယာဉ်ပေါ်တွင်  စုစုပေါင်းလူ ၂၄၂ ဦးမှ ၂၄၁ ဦး သေဆုံးပြီး၊ မြေပြင်ပေါ်ရှိ လူများအပါအဝင် ၂၉၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

     လေယာဉ်ပေါ်ရှိ ခရီးသည်များအနက် ဗြိတိန်နိုင်ငံသား Vishwash Kumar Ramesh တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာများကြောင့် ဆေးရုံတွင်ကုသမှုခံယူနေရသည်ဟု သိရသည်။

    အဆိုပါလေကြောင်းမတော်တဆမှုကို ဝန်ကြီးချုပ် နရင်ဒရာမိုဒီက “အာဟ်မဒာဘာဒ်မှာ ဖြစ်ပွားခဲ့တဲ့ ဤမတော်တဆမှုက ကျွန်တော်တို့အားလုံးကို ရိုက်ခတ်စေပြီး စိတ်နာလွန်းစေပါတယ်။ စကားလုံးဖြင့်ဖော်ပြလို့မရနိုင်တဲ့ ဝမ်းနည်းမှုတစ်ခုပါ။ ဒုက္ခရောက်သူများအတွက် ကျွန်တော်ရဲ့ စိတ်ဝမ်းနည်းမှုနဲ့ ဆုတောင်းများကို ပေးအပ်ပါတယ်။ အရေးပေါ်အဖွဲ့များကလည်း ကယ်ဆယ်ရေးနှင့် အကူအညီပေးမှုအတွက် အပြည့်အစုံဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

    လက်ရှိအချိန်အထိ မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို တာဝန်ရှိသူတို့က စုံစမ်းနေဆဲဖြစ်ပြီး၊ လေယာဉ်စနစ်ချို့ယွင်းမှု၊ လေပေါ်ရှိတိရိစ္ဆာန်တစ်ကောင်ကို တိုက်မိမှုဖြစ်နိုင်ကြောင်းနှင့် လေယာဉ်မှုး၏ ပေါ့လျော့မှုကြောင့်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြသည်။

    ထို့အပြင် အမျိုးသားလေကြောင်းအရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (NDRF) နှင့်အတူ အခြားကယ်ဆယ်ရေးတပ်ဖွဲ့များက ကျန်ရစ်သောမိသားစုများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေဆဲဖြစ်သည်။

    အိန္ဒိယနိုင်ငံတွင် ၁၉၉၆ခုနှစ်က Charkhi Dadri လေယာဉ်မတော်တဆမှု (Charkhi Dadri mid-air collision) သည် အိန္ဒိယနိုင်ငံသမိုင်းထဲတွင် ဖြစ်ပွားခဲ့သည့် အပြင်းအထန်ဆုံးလေယာဉ်မတော်တဆမှုတစ်ခုဖြစ်ပြီး၊ သေဆုံးသူစုစုပေါင်း ၃၄၉ ဦးရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks